June 25, 2009

နအဖ အစိုးရကို နိုင်‌ငံတကာတရားရုံးမှာတရားစွဲဆိုတော့မှာလား


BBC ဇွန်လ ၂၅ ၂၀၀၉
မြန်‌မာနိုင်‌ငံမှာ ဖြစ်နေတဲ့ မှုခင်းကြီး‌တွေဟာ နိုင်‌ငံတကာ ပြစ်‌မှုဆိုင်‌ရာတရားရုံး ‌ရောမ ဥပ‌ဒေမှာ ပြဌာန်းပါရှိတဲ့ အမှုသုံးမျိုးထဲက လူမဆန်‌တဲ့ ရာဇဝတ်‌မှု ကျုးလွန်‌တဲ့ပြစ်‌မှု (crime against humanity) နဲ့ စစ်‌ရာဇဝတ်‌မှု(war crime) ‌ဆိုတဲ့ ပြစ်‌မှု‌ဘောင်‌ထဲမှာ အကျုံးဝင်‌‌နေ‌တယ်‌ လို့ ‌ရှေ့နေဦး‌အောင်‌ထူး က ဆိုပါတယ်‌။
အဲဒီလို အကျုံးဝင်‌‌နေ‌ကြောင်းကိုလည်း နိုင်‌ငံတကာလွတ်ငြိမ်းချမ်းသာခွင့်လူ့အခွင့်အရေးအဖွဲ့ကြီး Amnesty International ၊ကမ္ဘာကြက်‌‌ခြေနီအဖွဲ့ ICRC နဲ့ Oxford နဲ့ Harvard တက္ကသိုလ်‌‌တွေက ထုတ်‌တဲ့ အစီရင်‌ခံစာ‌တွေမှာဖော်ပြထားပါတယ်‌။
ပိုထူးခြားတာက မြန်‌မာနိုင်‌ငံမှာ ကုလသမဂ္ဂ ရဲ့ လူ့အခွင့်‌အ‌ရေး ကိုယ်‌စားလှယ်‌ အဖြစ်‌ တာဝန်‌ယူခဲ့တဲ့ ပါ‌မောက္ခ ပင်‌ညဲရိုး မကြာ‌သေးခင်‌က ‌ရေးတဲ့ ‌ဆောင်းပါး‌တွေထဲမှာ ၁၉၉၀ ခုနစ်‌ကတည်းက ကုလသမဂ္ဂ အထူးကိုယ်‌စားလှယ်‌‌‌တွေ မြန်‌မာနိုင်‌ငံကို ၃၇ ကြိမ်‌ သွား‌ရောက်‌ခဲ့‌ပေမယ့်‌ ဘာမှ တိုးတက်‌မှု မရှိခဲ့တဲ့ အ‌ကြောင်း၊ ကုလသမဂ္ဂ အ‌ထွေ‌ထွေ ညီလာခံက‌နေ ဆုံးဖြတ်‌ချက်‌ ၃၅ ကြိမ်‌ ချမှတ်‌ခဲ့ပြီး‌ပေမယ့်‌ ဘာမှ တိုးတက်‌မူ မရှိခဲ့ဘူး လို့ ‌ရေးသားထားပါတယ်‌။
အဲဒါ‌ကြောင့်‌ မြန်‌မာနိုင်‌ငံနဲ့ ပတ်‌သတ်‌လို့ သံတမန်‌‌ရေးရာ ‌ဆောင်‌ရွက်‌လို့ရတာ‌တွေ ကုန်‌ပီဖြစ်‌တဲ့အတွက်‌ မြန်‌မာနိုင်‌ငံမှာ့ ဖြစ်‌‌နေတဲ့ လူမဆန်‌တဲ့ ရာဇဝတ်‌မှုမျိုး‌တွေကို ဆက်‌မဖြစ်‌ရ‌အောင်‌ လုံခြုံ‌ရေး‌ကောင်‌စီက စုံစမ်းစစ်‌‌ဆေး‌ရေးကောင်‌စီ ဖွဲ့စစ်‌‌ဆေးပြီး နိုင်‌ငံတကာ ပြစ်မှုဆိုင်‌ရာတရားရုံး ICC ကို တင်‌သင့်‌ပြီ လို့ ‌မစ္စတာ ပင်‌ညဲရိုးက ‌ရေး‌သားခဲ့ပါပြီ။
ဒါ‌တွေကို ကြည့်‌ရင်‌ မြန်‌မာနိုင်‌ငံမှာ ဖြစ်‌‌နေတဲ့ မှုခင်းကြီး‌တွေကို နိုင်‌ငံတကာ အဆင့်‌က အ‌ရေးယူဖို့ အချိန်‌တန်‌ပီ လို့ ယူဆ‌နေကြပါပီ။
‌ရောမ ဥပ‌ဒေကို မြန်‌မာနိုင်‌ငံက လက်‌မှတ်‌ထိုး မထားတဲ့အတွက်‌ ICC က‌နေ တိုက်‌ရိုက်‌ အ‌ရေးယူဖို့ မဖြစ်‌‌နိုင်‌‌ပေမယ့်‌ မြန်‌မာနိုင်‌ငံမှာ ဖြစ်‌‌နေတဲ့ ပြစ်‌မှုကြီး‌တွေက အလွန်‌ကြီးတာ‌ကြောင့်‌ ကုလသမဂ္ဂ ပဋိညာဉ်‌စာတမ်း အခန်း ၇ က ပြဌာန်းချက်‌ကို ထိပါးရာ ‌ရောက်‌တဲ့ အ‌နေအထား ရှိလာပြီ လို့ ဆုံးဖြတ်‌ရင်‌ လုံခြုံ‌ရေး ‌ကောင်‌စီက‌နေ အ‌ရေးယူ ‌ဆောင်‌ရွက်‌‌ဖို့ ICC ကို လွှဲ‌ပေးနိုင်‌တယ်‌ လို့ ဦး‌အောင်‌ထူးက ‌ပြောပါတယ်‌။
တခါ ခိုင်‌မာ တိကျတဲ့ တိုင်‌ကြားမှု‌တွေ‌ကြောင့်‌ စုံစမ်း စစ်‌‌ဆေးဖို့ လိုအပ်‌လာပီ ဆိုရင်‌ နိုင်‌ငံတကာ ပြစ်‌မှုဆိုင်‌ရာ တရားရုံးက တရားစွဲ အရာရှိကိုယ်‌တိုင်‌က စုံစမ်းစစ်‌‌ဆေးပီး ICC ကို တင်‌နိုင်‌ပါတယ်‌ လို့လည်းသိရပါတယ်‌။
ICC ရဲ့ လုပ်‌ပိုင်‌ခွင့်‌ကို လုံခြုံ‌ရေးကောင်‌စီ အမြဲတမ်းအဖွဲ့ဝင်‌‌တွေထဲက တရုတ်‌ နဲ့ ရုရှားက ဗီတိုအာဏာနဲ့ ပယ်‌ချနိုင်‌‌တယ်‌လို့ စိုးရိမ်‌မှု‌တွေရှိ‌နေပါတယ်‌။
ဒါ‌ပေမယ့်‌ တရုတ်‌အစိုးရက နအဖအစိုးရကို ဘယ်‌လိုအ‌နေအထားမှာ ဖြစ်‌ဖြစ်‌အ‌သေအလဲ ခုခံကာကွယ်‌‌ပေးလိမ့်‌မယ်‌ လို့ တွက်‌ထားလို့မရ‌ဘူးဆိုတာ ‌မြောက်‌ကိုရီးယားကို တချိန်‌လုံးထောက်‌ခံ‌ခဲ့‌တဲ့ တရုတ်‌ကလုံခြုံ‌ရေး‌ကောင်‌စီက ‌မြောက်‌ကိုရီးယားကို အ‌ရေးယူဖို့ ‌ဆုံးဖြတ်‌ချက်‌မှာ တရုတ်‌အစိုးရကထောက်‌ခံတာကို ကြည့်‌ရင်‌ သိနိုင်‌ပါတယ်‌။
တခါ မြန်‌မာနိုင်‌ငံရဲ့ လူ့အခွင့်‌အ‌ရေးအ‌နေအထား‌တွေဟာ နိုင်‌ငံတကာကစိုးရိမ်‌ရတဲ့ အ‌နေအထားရောက်‌လာပီ လို့ တရုတ်‌ ကိုယ်‌စားလှယ်‌က ပီးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်‌အ‌ရေး ‌ကောင်‌စီ အစည်းအ‌ဝေးမှာ စတင်‌ ဖွင့်‌‌ပြောလာပါတယ်‌။ ဒါဟာ နှစ်‌‌ပေါင်း နှစ်‌ဆယ်‌ အတွင်းပထမဆုံး အကြိမ်‌ဖြစ်‌ပါတယ်‌။

No comments:

Post a Comment

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP