ယနေ့ အင်းစိန်ထောင်ဝန်းကျင်လှုပ်ရှားမှုနှင့်ပတ်သက်၍ လှုပ်ရှားမှုအချို့ရှိခဲ့သည်၊ အဆိုပါလှုပ်ရှားမှုနှင့်ပတ်သက်၍ ကြိုတင်စီစဉ်မှုအချို့ပြုလုပ်ခဲ့ပါသည်၊ ရန်ကုန်အပါအ ၀င် အခြားမြို့နယ်များမှအင်အား ၃၀၀ ခန့်သည် ဒေါ်စုအားထောင်ဒဏ်အပြစ်ချခဲ့ပါက အိမ်မပြန်ကြေးလှုပ်ရှားမှုပြုလုပ်ရန်စီစဉ်ခဲ့သည်၊ သို့သော်ထောင်ဝန်းကျင်တွင်စတင် ရန်အခွင့်အလမ်းမရခဲ့သဖြင့် ဒေါ်စုအားအမိန့်ချလိုက်သည့်အချိန်တွင်ဆက်လက်ချီ တက်ရန်အစုအဖွဲ့အားဦး ဆောင်သည့်ကိုမြင့်စိုး(တွံတေး) နှင့်မလှသန်းတို့မှ အဖွဲ့ချုပ်ကိုချီတက်ကြမယ်ဟူ၍ အော်ဟစ်လှုံ့ဆော်၍စတင်ချိတက်ခဲ့ကြသည်၊ အင်းစိန်ဂုံးတံတားကျော်သည်ထိစီ တန်းလမ်းလျှောက်ခဲ့ကြရာ၊ ဘောလုံးကွင်းဒေါင့်အရောက်တွင်ဘယ်သွားကြမလဲ ဟုမေးကာအသင့်စောင့်ဆိုင်းနေသောရဲလုံထိန်းများက ကားပေါ်သို့အတင်းအဓမ္မဆွဲ တင်ခံခဲ့ကြရသည်၊ ထိုအချိန်မှစ၍လူအုပ်စုမှာ ကွဲသွားပြီးအချို့မှာ လိုင်းကားများ ပေါ်သို့တက်ပြေးခဲ့သည်၊ ယဉ်ထိန်းရဲများမှကါးများကိုတားပေးပြီး လုံထိန်းများက ကါးပေါ်ထိလိုက်၍ဖမ်းဆီးကာ ကားများပေါ်သို့ဆွဲတင်ခြင်းခံခဲ့ရသည်၊အဆိုပါကါးများ ဖြင့်တင်ဆောင်ခေါ်သွားခဲ့ပြီးလူရှင်းသည့်နေရာအရောက်တွင် သွားချင်ရာသွားကြ တော့ဟုဆိုကာပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရာတွင်ပါဝင်သူများကပြောပြသိ ရှိရပါသည်၊ - ရန်ကုန်။ တွံတေး။ ကွမ်းခြံကုန်း၊ ကေါ့မှူး ၊ ပဲခူးအနောက်ခြမ်းဘက်မှ အဖွဲ့ချုပ်အ ဖွဲ့ဝင်အချို့ ။ သာမန်တက်ကြွလှုပ်ရှားသူများ ။သာမန်ပြည်သူများပါဝင်ခဲ့သည်၊