လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက
တခဲနက်ချမှတ် သဘောတူလိုက်သော လက်နက်ကိုင် ပဋိပက္ခများအတွင်းရှိ ကလေးများနှင့်
ပတ်သက်သည့် ဆုံးဖြတ်ချက် အမှတ် (၁၈၈၂) ကို လှိုက်လှဲစွာ ကြိုဆိုလိုက်သည်။ ထို့ပြင်
အထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးစစ်သား အသုံးပြုမှုစာရင်းတွင်ပါဝင်နေသည့်
မြန်မာနိုင်ငံရှိ နအဖစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များအားကလေးစစ်သား
အသုံးပြုခြင်းရပ်တံ့ရန်အတွက်းတိကျပြည့်စုံသည့် အချိန်ကာလပါဝင်သော
လုပ်ဆောင်မှုအစီအစဉ်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ကြရန် အလေးအနက်
တိုက်တွန်းလိုက်သည်။
ံ္မသြဂုတ်လ (၄) ရက်နေ့က ထုတ်ပြန်ခဲ့သော ထိုဆုံးဖြတ်ချက်တွင်
လက်နက်ကိုင်ပဋိပက္ခအတွင်းရှိ ကလေးများ အပေါ် သတ်ဖြတ်မှု၊ လိင်စော်ကားမှု၊
ပြန်ပေးဆွဲမှု၊ ကျောင်းများ ဆေးရုံများကို တိုက်ခိုက်မှု၊ လူသားချင်းစာနာမှု
အကူအညီများကို တားမြစ်မှုနှင့်ကလေး စစ်သားအသုံးပြုမှုများသည် နိုင်ငံတကာဥပဒေများကို
ချိုးဖောက်မှု များအဖြစ် ပြစ်တင်ရှုတ်ချထားသည်။ ထို့ပြင် လက်နက်ကိုင်
ပဋိပက္ခများအတွင်းကလေးများ၏ အခွင့်အရေးကို အဆက်မပြတ် ချိုးဖောက်သည့်သူများကို
တရားဥပဒေအတိုင်း အရေးယူရန် တိုက်တွန်းထားသည်။
အခုဆုံးဖြတ်ချက်က အရင်က ရှိခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် (၁၆၁၂) ထက်
ပိုမိုအားကောင်းလာတဲ့ ခြေလှမ်း သစ်ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာရှိတဲ့
ကလေးတွေအပေါ် ကျူးလွန်တဲ့သူတွေကို ကုလသမဂ္ဂ အဖွဲ့ ဝင်တွေအနေနဲ့အပြင် လုံခြုံရေး
ကောင်စီက အရေးယူဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကို ထပ်လောင်း ပြောဆိုလာတဲ့အထိ
ဦးတည်လာခဲ့တာ တိုးတက်မှုတွေ ပါဘဲ ဟု လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) ၏
ဒါရိုက်တာ ကိုအောင်မျိုးမင်းက ပြောပါသည်။
ထိုဆုံးဖြတ်ချက်တွင် လက်နက်ကိုင်ပဋိပက္ခအတွင်းရှိ ကလေးများကို သတ်ဖြတ်၊
ဒုက္ခိတဖြစ်စေ၊ လိင်ပိုင်း စော်ကားသောအဖွဲ့များ၏ အမည်စာရင်းပြုစုရန်အတွက်
အထွေထွေအတွင်းရေးမှူးချုပ်အား တာဝန်တိုးချဲ့ ပေးခဲ့သည်။
ကလေးစစ်သားအသုံးပြုနေတဲ့ အစိုးရတွေနဲ့ အဖွဲ့တွေအတွက်တော့ အခု ဆုံးဖြတ်ချက်ဟာ
တကယ့်စိုးရိမ် ရေမှတ်ပါဘဲ။ ကလေး စစ်သားအသုံးပြုမှုကို အမှန်တကယ်ရပ်တံ့အောင်မလုပ်ရင်
လုံခြုံရေးကောင်စီက အရေး ယူမှုတွေ လုပ်ဆောင်တာ ခံရမယ်ဆိုတာ အခု ဆုံးဖြတ်ချက်မှာ
အတိအလင်းဖော်ပြထားတယ်။ အရင်ကလို ပါးစပ်နဲ့ပြောယုံသက်သက်သာမဟုတ်ဘဲ နောက်ဆက်တွဲ
အရေးယူမှုတွေက ကလေးစစ်သားဆက်လက်သုံးမဲ့ အစိုးရတွေ အဖွဲ့တွေကို
စောင့်ကြိုနေပါပြီ ဟု
ကိုအောင်မျိုးမင်းက ဆိုပါသည်။
August 06, 2009
HREIB က ဆုံးဖြတ်ချက် (၁၈၈၂) ကို ကြိုဆိုပြီး ကလေးစစ်သားအမှန်တကယ်ပပျောက်ရေးကိုလုပ်ဆောင်ရန် တိုက်တွန်း
Labels:
ကလေးအခွင့်အရေးသတင်း