September 14, 2009

မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်းများ (သို့) ဗုဒ္ဓဘာသာဝင်တစ်ယောက် သိသင့်သော အချက်အလက်များ

By အလင်းရောင် • March 31, 2009

မိဘကျင့်ဝတ်(၅)ပါး
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။

သားသမီးကျင့်ဝတ်(၅)ပါး

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

ဆရာကျင့်ဝတ်(၅)ပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန် ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။

တပည့်ကျင့်ဝတ်(၅)ပါး
ညီညာထကြွ ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်ထွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

လင့်ကျင့်ဝတ်(၅)ပါး
မထိမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

မယားကျင့်ဝတ်(၅)ပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမှု၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ်(၅)

ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။

ရဟန်းကျင့်ဝတ်(၆)ပါး

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။
ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြု၊ သုံးဝမြတ်ဆရာ။
ကျင့်ဝတ်မပြေ၊ ပါယ်လေးထွေ၊ လားလေရှည်မြင့်ကြာ။
ဤသည့်ဝတ်ကုန်၊ ဆွေမျိုးစုံ၊ ခြောက်ဘုံထက်နတ်ရွာ။
လှည်းဘိပြင်က၊ နားစောင့်ချသို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊ ဆရာတပည့်၊ တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူသန့်စင်မှု၊ ရှင်လည်းမကွေ၊ သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ ခံစားမူ၍၊ နိဗ္ဗူရွှေပြည်၊ ၀င်အံ့သည်တည့်၊ မတည်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊ မလွတ်သာသည်၊ လေးရွာဘို့လုံးလုံး လူဖြစ်ရှုံး။

ဒါယကာကျင့်ဝတ်(၅)ပါး
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ၀တ်ငါးထွေ၊ ပြုလေဒါယကာ။

အကြီးအကဲကျင့်ဝတ်(၅)ပါး

ထကြွ့နိုးကြား၊ သနားသည်းခံ ဝေဖန်ကြည့်ရှု၊ ဤခြောက်ခုကား၊ ကြီးသူ့ကျင့်ရာ တရားတည်း။
http://ramonnya.co.cc/

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP