ကြွေ မနိုး ကြက် မခုန်
ပိုးသာကုန် မောင်ပုံမော
ဗေဒါရုံ ရေယဉ်ကြောမှာ
သိုင်းဖွဲ့လို့မျော။
တက်မထိုး ရွက်မလုံ
ခက်ဖွယ်စုံ လေဟုန်နှက်မှ
လှေကြုံရှာ မျှော်တော်ဇောနှင့်
ကံပေါ်သာ ပုံချ ရိုးမယ်
တို့မြန်မာ သာကီမျိုးနွယ်
တွေးမိ ရင်မော ။ ။
ရန်နိုင်ထွန်း/လွတ်မြောက်နယ်မြေ၊ကိုရီးယား။
September 28, 2009
တွေးမိ . . . ရင်မော
Labels:
ကဗျာ