September 30, 2009

ထိုင်းနိုင်ငံတောင်ပိုင်းမှာ မြန်မာအလုပ်သမားများ သဘာဝဘေးအန္တရာယ်သတိပေးချက်ကြောင့် ပြေးလွှားနေရ

၃၀ စက်တင်ဘာလ ၂၀၀၉ (မေတ္တာမီးအိမ်)
ယနေ့ ညနေ (၆း၀၀) နာရီခန့် တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်။ နမ္မခင်းကျေးရွာမှ မြန်မာများ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့ ၏ အရေးပေါ်သတိပေးချက်ကြောင့် ပြေးလွှားနေရကြောင်းသိရသည်၊

ကိုယ်တိုင် ပြေးရှောင်သည့်အထဲတွင် ပါဝင်တစ်ဦးက အောက်ပါအတိုင်း သတင်းပေးပို့ လာပါသည်၊

သတိပေးတာကတော့ ထိုင်းတွေပါ။ မြန်မာအဖွဲ့ လဲရှိတယ်၊ အင်ဒိုမှ (၇.၈) လောက်အင်အားပြင်းအားရှိတဲ့ ငလျင်လှုပ်တယ် လို့ လာပြောတယ် သတိထား နေကြဖို့  ပေါ့နော် လာပြောတယ် ပြေးခိုင်တဲ့သူလဲရှိတယ်၊ ဒါပေမဲ့  မြန်မာတွေကကြောက်ပြီး ပြေးကြတာများပါတယ်၊ ရွာထဲကသူတွေတစ်ယောက်မှမကျန်တော့ဘူး။ ထိုင်းတွေကတော့ သိပ်မပြေးကြဘူး သူတို့က အခြေအနေကြည့်ပြီး နေနေကြတယ်၊

ရွာမှာက စုရပ် နှစ်ခုခွဲထားတယ် အောက်ပိုင်းစုရပ်နှင့် အပေါ်ပိုင်းစုရပ်ပေါ့ အပေါ်ကလူတွေကစာသင်ကျောင်း
အောက်ကသူတွေကဘုန်းကြီးကျောင်းပါ၊ ည (၈) နာရီလောက်ရောက်မှာ မြန်မာတွေအားလုံးကို စုရပ်ကနေပြီ ပြန်ခိုင်းလိုက်တယ် ဘာမှမရှိတော့ဘူးပေါ့နော် ဒါပေမဲ့  ဒီညသတိရှိကြဖို့ ပေါ့ မြန်မာတွေကတော့ စိုးရိမ် နေကြပါသေးတယ်

ထိုင်းတွေကတော့ ရွာထဲမှာကော စုရပ်မှာပါ သူတို့ နေပေးကြတယ် မြန်မာအဖွဲ့ တွေကတော့ အခြေအနေ ကြည့်ပေးပြီး ရွာထဲမှာပဲ နေကြတယ်တော်တော်နဲ့ တော့ မပြေးကြပါဘူး

အခြားနေရာများပါ ပါသေးလားလို့ မေးကြည့်ရာတွင်-- အပြင်ဘက်တော့မသိဘူး ဆူနာမိဆိုရင်တော့ အများအားဖြင့် နမ္မခင်းကပြေးကြတာများတယ် ပင်လယ်ရွာဖြစ်နေတော့ အရင်ဖြစ်တုန်းကလဲ သေးဆုံသူ ထိခိုက်သူများတယ်လေ ပြီးတော့ မြန်မာတွေအတွက်ကတော့ အရမ်းကြောက်စရာကောင်းတဲ့အရာပေါ့နော်၊

၎င်းနမ္မခင်းရွာလေးတွင် မြန်မာနိုင်ငံမှ ရွှေ့ ပြောင်းအလုပ်သမားများ။ များစွာနေထိုင်ကြပြီး ရေလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကြောင်းပြုသူများဖြစ်ကြသည်၊ ၂၀၀၄ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့ တွင် ဆူနာမီ ဖြစ်တုန်းကလည်း လူတော်တော် များများသေဆုံးခဲ့ကြသဖြင့် ရာသီဥတုဘေးဒဏ်ဆိုရင် ကြောက်လန့် မှုရှိနေပြီး။ အရေးပေါ် ပြင်ဆင်ထားမှုများလည်း ရှိကြောင်း သိရပါသည်၊

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP