October 24, 2009

မြန်မာလူထုအခြေပြုကိုယ်စားလှယ် အာဆီယံခေါင်းဆောင်များဖြင့် တွေ့ ခွင့် ပိတ်ပင်ခံရ



အောက်တိုဘာ ၂၃ ရက်နေ့ က အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ ဆုံဆွေးနွေးမည့် အစည်းအဝေး မတက်ရောက်ရန် ပိတ်ပင်ခြင်းခံရသော လူထုအခြေပြုအဖွဲ့ အစည်း ကိုယ်စားလှယ် ငါးဦးမှ မြန်မာလူထု ကိုယ်စားလှယ် မခင်ဥမ္မာ (အလယ်မှ အကျီ င်္အနက်) က သတင်းမီဒီယာများကို ရှင်းလင်းပြောကြားနေပုံ ဖြစ်ပါသည်၊ (Photo: RFA)

2009-10-23။ RFA
၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ အာဆီယံခေါင်းဆောင်တွေနဲ့  အဖွဲ့ ဝင် ၁၀ နိုင်ငံက လူထုအခြေပြု အဖွဲ့ အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ တွေ့ ဆုံဖို့  အစီအစဉ်မှာ နိုင်ငံ ၅ နိုင်ငံက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ပိတ်ပင်လိုက်ပါတယ်။

အဲဒီကိုယ်စားလှယ်တွေကတော့ မြန်မာနိုင်ငံ လူထုအခြေပြု အဖွဲ့ အစည်း ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံထားရတဲ့ မခင်ဥမ္မာအပါအ၀င် လာအိုနိုင်ငံ။ ကမ္ဘောဒီးယားနိုင်ငံ။ ဖိလစ်ပိုင်နိုင်ငံ။ စင်္ကာပူနိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်၊
ခုလိုတွေ့ ဆုံခွင့် ပိတ်ပင်လိုက်တဲ့အတွက် အာဆီယံခေါင်းဆောင်တွေနဲ့  တွေ့ ခွင့်ရတဲ့ ကျန် ၅ နိုင်ငံထဲက ထိုင်း။ အင်ဒိုနီးရှားနဲ့  မလေးရှားနိုင်ငံတွေက လူထုအခြေပြု အဖွဲ့ အစည်းတွေရဲ့  ကိုယ်စားလှယ်တွေကလည်း သပိတ်မှောက်ပြီး ထွက်လာကြပါတယ်၊ ဘရူးနိုင်းနဲ့  ဗီယက်နမ်နိုင်ငံက လူထုအခြေပြု အဖွဲ့ အစည်းတွေရဲ့  ကိုယ်စားလှယ် ၂ ဦးပဲ ၀င်တွေ့ သလို မြန်မာနိုင်ငံ လူထု အခြေပြု အဖွဲ့ အစည်းတွေရဲ့  ကိုယ်စားလှယ်အဖြစ် စစ်အစိုးရက ရွေးချယ်ပေးလိုက်တဲ့ ဦးဝင်းမြင့်နဲ့  ကိုစစ်အေးဆိုသူတို့ က ၀င်ရောက် တွေ့ ဆုံခဲ့ပါတယ်၊ သူတို့ နှစ်ဦးက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကလို့ သိရပါတယ်၊
အာဆီယံခေါင်းဆောင်တွေနဲ့  တွေ့ ခွင့်ပိတ်ပင်ခံရတဲ့ မြန်မာအပါအ၀င် အခြား ၄ နိုင်ငံ ကိုယ်စားလှယ်တွေနဲ့  သူတို့ နဲ့ ပူးပေါင်းခဲ့သူတွေက နိုင်ငံခြားသတင်းထောက်တွေရှိရာ ရှယ်ရတန်ဟော်တယ်ရှေ့ မှာဆန္ဒပြပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်၊

လုံခြုံရေးတာဝန်ယူထားသူတွေက သူတို့ ကို အနှောင့်အယှက် မပေးခဲ့တာကြောင့် သတင်းစာရှင်းလင်းပွဲ အေးအေးဆေးဆေး ပြီးဆုံးသွားတာ တွေ့ ရပါတယ်၊
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် ပိတ်ပင်ခံလိုက်တဲ့ မခင်ဥမ္မာနဲ့  RFA မှ ကိုနေရိန်ကျော်က တွေ့ ဆုံမေးမြန်းထားပါတယ်၊
http://www.rfa.org/burmese/news/burmese_delegate_barred_from_attending_asean_meeting-10232009152022.html/B1023NRK

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP