December 29, 2009

ကလေးများအတွက် ပညာပေး ရေဒီယိုလိုင်းသစ် ထုတ်လွှင့်တော့မည်

မောင်တူး ၂၈ ဒီဇင်ဘာ ၂ဝဝ၉

မြန်မာကလေးငယ်တွေအတွက် ကလေးအခွင့်အရေး ပညာပေး ရေဒီယိုအစီအစဉ်တွေကို မဲခေါင် ကရင်လူငယ်ကွန်ရက်က ထိုင်း-မြန်မာ နယ်စပ်မှာ ထုတ်လွှင့်ပါတော့မယ်။ ရက်သတ္တ တပတ်ကို ၆ ရက် မနက် ၁၁ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ ကရင်၊ မြန်မာ ထိုင်း စတဲ့ ဘာသာစကားသုံးမျိုးနဲ့ လာမယ့် ဇန်နဝါရီလ (၁) ရက် သောကြာနေ့မှာ စတင်ထုတ်လွှင့်မှာပါ။

တနင်္လာနေ့ ကနေ ဗုဒ္ဓွဟူးနေ့ အထိ မြန်မာလို၊
ကြာသပတေးနဲ့ သောကြာမှာ ကရင်လိုနဲ့
စနေနေ့မှာ ထိုင်းဘာသာနဲ့ ထုတ်လွှင့်မှာပါ။
အက်ဖ်အမ်FM အသံလွှင့်လှိုင်း မီဂါဟတ်ဇ် ၉၉ ဒသမ ၇၅ ကနေ ထုတ်လွှင့်မယ်
ဒီရေဒီယိုအစီအစဉ်မှာ လူငယ်ပညာရေး၊ ကျန်းမာရေး၊ ကလေးအခွင့်အရေး၊ ကလေးသူငယ်လူကုန်ကူးမှုအကြောင်း ပညာပေး စတဲ့ အစီအစဉ်တွေ အဓိက ပါဝင်မယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ ဒီရေဒီယိုအစီအစဉ်ကို ကလေးတွေကပဲ ဦးဆောင်ထုတ်လွှင့်သွားမယ်လို့ ကရင်လူငယ် ကွန်ရက် ဆက်သွယ်ရေးမှူး မဆုထက်လွင်က ပြောပါတယ်။ ဒီရေဒီယိုအစီအစဉ်ကို အကောင်အထည်ဖော်တဲ့ မဲခေါင် ကရင်လူငယ်အဖွဲ့အစည်းကို မြဝတီ-မဲဆောက်ဒေသရှိ လူမျိုးစုလူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကနေ ဒီနှစ် မေလမှာ စတင်ဖွဲ့စည်းပါ တယ်။ လူငယ်တွေအချင်းချင်း ဆက်သွယ်နိုင်ဖို့ ရည်ရွယ်ပြီးတော့လည်း ဒီကွန်ရက်ကို ဖွဲ့စည်းခဲ့တာပါ။
http://burmese.dvb.no/textonly/

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP