၂၀၀၉ ခုနှစ်အတွင်း လူကုန်ကူး ခံရသူ ၂၉၀ ကျော်အား တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးထံမှ သတင်း ရရှိပါသည်။
၂၀၀၉ ခုနှစ်အတွင်း ပြည်ပနိုင်ငံ များမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေး ခဲ့သည့် လူကုန်ကူးခံရသူပေါင်း ၄၃၁ ဦးရှိခဲ့ပြီး ၄င်းတို့အနက် တရုတ်နိုင်ငံမှ လွှဲပြောင်းပေးအပ်ခဲ့သူ ၂၉၃ ဦးရှိခဲ့ ကာ စုစုပေါင်း၏ ၆၈ ရာခိုင်နှုန်းခန့်ရှိ ခဲ့ကြောင်းလည်း ၄င်းက ဆိုသည်။
''တရုတ်နိုင်ငံက ၂၀၀၉ ခုနှစ်ကို လူကုန်ကူးမှုတိုက်ဖျက်ရေးနှစ်အဖြစ် သတ်မှတ်ပြီး လုပ်ဆောင်နေတာတွေ့ ရတယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာ လူကုန်ကူးခံရသူတွေကိုလျင်လျင်မြန် မြန်လွှဲပြောင်းမှုတွေလုပ်လာတာတွေ့ ရပါတယ်''ဟု ၄င်းက ပြောပြခဲ့သည်။
လွှဲပြောင်းပေးခဲ့သူ ၂၉၃ ဦးလုံး မှာ အမျိုးသမီးများဖြစ်ပြီး ၄င်းတို့ အနက် ၆၂ ဦးမှာ ၁၈ နှစ်အောက် အရွယ်များဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလူကုန်ကူးမှုများ ၏ ၈၀ ရာခိုင်နှုန်းကျော်မှာတရုတ်နိုင်ငံသို့ ဦးတည်နေပြီး၂၀၀၉ ခုနှစ်၊နိုဝင်ဘာ လ ၁၁ ရက်နေ့တွင် မြန်မာ-တရုတ် လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာနားလည်မှုစာချွန်လွှာကို လက် မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
http://www.first-11.com/index.php?option=com_content&view=article&id=1455:2010-01-13-18-46-34&catid=42:2009-11-10-07-36-59&Itemid=112
January 16, 2010
၂၀၀၉ခုနှစ်အတွင်း လူကုန်ကူးခံရသူ (၂၉၀)ကျော်အား တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့
Labels:
လူကူးသန်းရောင်းဝယ်မှု