December 18, 2011

စာနယ်ဇင်းဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးနဲ. လူသေအလောင်းများ

Laws Protecting Human Rights | Nomoreprisons photo

စာနယ်ဇင်းဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးနဲ. လူသေအလောင်းများ
MEDIA LAW AND CHILD EXPLOITATION & DEAD BODY-CORPSE စာနယ်ဇင်းဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးနဲ. လူသေအလောင်းများ[By Udp Myanmar ]စာနယ်ဇင်းဥပဒေ နဲ. ကလေးသူငယ်များအခွင့်အရေးနှင့် လူသူအလောင်းများ ကိုင်တွယ်ခြင်း


၁) Media Law & Child Exploitation
...
ပြည်ထောင်စု လွတ်တော်သစ်အနေဖြင့် စာနယ်ဇင်းဥပဒေ-Media Law တစ်ခုကို မကြာခင်ပြဌာန်း အတည်ပြုဖို. စတင် စီစဉ်ဆောင်ရွက်မှုတွေ ရှိနေတာမို. အားပေးကြိုဆိုပါသည်။ စာနယ်ဇင်းလွတ်လပ်ခွင့်တွေ ရှိသင့်သလို တ ချိန်တည်းမှာလဲ စာနယ်ဇင်းသမားတွေဖက်ကလဲ ဂုဏ်သိက္ခာရှိရှိနဲ. ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို.လိုအပ် ပါသည်။ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားမလုပ်ကြဖို. ဆင်ခြင်တုံတရားနဲ. ရေးသားတင်ပြရန် လိုပါသည်။

စာနယ်ဇင်းဥပဒေထဲမှာ ကလေးသူငယ်များနှင့်ပတ်သက်လျင် စည်းကမ်းဥပဒေတွေနဲ ကလေးသူငယ်တွေ၏ အခွင့်အရေးနှင့် လုံခြုံမှု အလွဲသုံးစားမပြုနိုင်ရန် တင်းတင်းကြပ်ကြပ် ကာကွယ်ပေးဖို. လိုပါသည်။ အသက်အရွယ်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ.ပတ်သက်တဲ့ သတင်းတွေကို ရေးသားဖော်ပြတဲ့အခါ ကလေးငယ်တွေ၏ အမည်၊ မိဘအမည်၊ နေရပ်လိပ်စာနဲ. ကျောင်းနာမည်တွေကို အတိအကျ ရေးသားဖော်ပြ တာမျိုး ကလေးငယ်၏ Identity ကို လူအများ အလွယ်တကူသိရှိနိုင်အောင် ရေးသားဖော်ပြခြင်းကို prohibit on media publishing မျိုးဖြင့် ကန်.သတ်တားမြစ်ဖို. လိုပါသည်။

အရွယ်မရောက်တဲ့ကလေးတွေနဲ. ပတ်သက်တဲ့ သတင်းတွေကို ရေးသားတဲ့အခါ စာနယ်ဇင်းတွေဟာ အမြဲတမ်း ကလေးငယ်တွေ၏ အခွင့်အရေး-Right, ကိုယ် ရေးကိုယ်တာကိစ္စ privacy and safety ကို ဦးစားပေရန် လိုပါသည်။
အသက်မပြည့်သေးတဲ့ကလေးငယ်တဦးဟာ ကြီးမာတဲ့ ပစ်မှုတခု ကျူးလွန်စေကာမှု သတ်မှတ်ထားတဲ့အသက် ဥပမာ(၁၈)နှစ် မပြည့်မခြင်း ကလေးငယ်တွေ၏ ဓာတ်ပုံတွေ အမည်တွေ မိဘတွေ ကျောင်းတွေ နေရပ်လိပ်စာ စသည့်ဖြင့် ကလေးငယ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ပရိသတ်တွေ သိရှိစေမည့် အချက်အလက်တွေကို ရေး သားဖော်ပြချင်း မပြုပဲ တားမြစ်ပြီး ကလေးငယ်တွေ၏ ရေရှည်အကျိုးစီးပွားကို ဦးစားပေး ကာကွယ်ရမည် ဖြစ်ပါ သည်။

အနောက်နိုင်ငံတွေမှာလဲ ဒီလိုနည်းဖြင့် ကလေးငယ်တွေကို မီဒီယာတွေက အလွဲသုံးစားမပြုစေရန် ကာကွယ် ထားသလို ကလေးငယ်တွေ၏ ဘ၀ ရှေ.ရေးအတွက်လဲ ကြိုတင်ကာကွယ်ပေးထားခြင်း ဖြစ်ပါသည်။ ဒါကြောင့် စာသင်ကျောင်းတွေ ကလေးထိန်းကျောင်းတွေ စတဲ့ ကလေးသူငယ်တွေ၏ ပုရဟုဏ်တွေထဲကို ၀င်ရောက်ပြီး သတင်းထောက်တွေ သတင်းယူတာ ဓာတ်ပုံရိုက်တာ စာနယ်ဇင်းတွေ ရုပ်သံတွေမှာ ရေးသား ဖော်ပြခြင်းတွေကို ဥပဒေအရ ကာကွယ်တားမြစ်ထားတာမို. စာနယ်ဇင်းသမား တဦးဦးက ကျူးလွန်လျင် ဥပဒေအရ အရေးယူခံရပါ သည်။ နောက်ဆုံး သက်ဆိုင်ရာ စာသင်ကျောင်းတွေ ကလေးထိန်းကျောင်းတွေ ကလေးဆေးရုံတွေဟာ ကလေး ငယ်တွေ၏ ဓာတ်ပုံတွေကို ရိုက်မယ် စာသင်ကျောင်းတွေ ဆေးရုံတွေအတွက် အခမ်းအနားတွေကို ဓာတ်ပုံ ရိုက် မှတ်တမ်းတင်ပြီး ကျောင်းတွေ ဆေးရုံတွေအတွက် Promotion လုပ်မည်ဆိုရင်တောင် မိဘတွေဆီကနေ တရား ၀င် လက်မှတ်ထိုးပြီး ဓာတ်ပုံရိုက်တာကို ခွင့်ပြုကြောင်း Consent Form ကို ကြိုပြီး ခွင့်တောင်းထားရပါသည်။ ဒါတောင်မိဘတွေက ခွင့်မပြုဖူးဆိုရင် ကျောင်းတွေ ဆေးရုံတွေအနေဖြင့် ဓာတ်ပုံရိုက်တာ မှတ်တမ်းတင်တာကို လုပ်ခွင့်မရှိပါ။ မိဘတွေက သဘောမတူ ခွင့်ပြုချက်မရှိပဲ ဓာတ်ပုံရိုက်တယ်ဆိုလျင် တရားစွဲခွင့် ရှိပါသည်။ ဒါကြောင့် ကျောင်းတွေ ဆေးရုံတွေ ကလေးထိန်းဂေဟာတွေ စတဲ့နေရာတွေဟာ အများပိုင် public space မဟုတ်တာကြောင့် စာနယ်ဇင်း သတင်းသမားတွေအနေဖြင့် ဓာတ်ပုံရိုက်မယ် TV ရိုက်မယ်ဆိုရင် သက်ဆိုင်ရာအ အဖွဲ.အစည်းတွေ ပိုင်ရှင်တွေထံက တရားဝင် ခွင့်ပြုချက်ယူရမည် ဖြစ်ပါသည်။

ဒါကြောင့် အနောက်နိုင်ငံ သတင်းဌာနတွေဟာ ကလေးသူငယ်တွေနှင့် ပတ်သက်တဲ့ သတင်းတွေ ရေးသားတဲ့ အခါ ဓာတ်ပုံရိုက်တဲ့အခါ အတော်ကို သတိထားရပြီး မကြာခဏလဲ တရားစွဲတာကို ခံရပါသည်။ ဓာတ်ပုံရိုက်တဲ့ထဲ မှာ ကလေးငယ်တွေ ပုံပါနေရင်တောင် မည်သူမည်ဝါအဖြစ် မသိအောင် မျက်နှာကို အမဲသုပ်ပြီး ID ကို ကာကွယ်ပေးရပါသည်။ ဒါကြောင့်လဲ အနောက်နိုင်ငံက အလယ်တန်းကျောင်းတွေ အထက်တန်းကျောင်းတွေမှာ ပစ်ခတ်မှုတွေ ခဏခဏ ဖြစ်သော်လဲ သတင်းရေးတဲ့အခါ ဓာတ်ပုံရိုက်တဲ့အခါ ကလေးငယ်တွေကို ရှောင်ပြီး ဓာတ်ပုံတွေ ရိုက်ရပါသည်။ မျက်မြင်သက်သေတွေအဖြစ် ကလေးငယ်တွေက ပြောတာကို သုံးရင်လဲ နာမည် ဖော်ပြတာမျိုး မလုပ်ရပါ။ ဒါဟာ အနောက်နိုင်ငံတွေမှာ ကလေးငယ်တွေနဲ. ပတ်သက်ပြီး သတင်းမီဒီယာတွေ စာနယ်ဇင်းတွေက အလွဲသုံးစား Child Exploitation တွေ လုပ်ခွင့်မရအောင် ဥပဒေနဲ. တားမြစ်ထားခြင်း ဖြစ်ပါ သည်။

အနောက်နိုင်ငံက စာနယ်ဇင်းတွေဟာ သူတို.နိုင်ငံမှာတော့ ဥပဒေအရ တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ. ကလေး တွေကို ကာကွယ်တာ တားမြစ်တာ ရှိတာကြောင့် ကလေးတွေ၏ ပုံတွေကို ရေးသား ဖော်ပြခြင်း မရှိပေမည့် တခြား ဆင်းရဲတဲ့ တိုင်းပြည်တွေ နိုင်ငံတွေကို ရောက်တဲ့အခါ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်တဲ့စာ နယ်ဇင်း ဥပဒေတွေလဲ မရှိ။ တရားစွဲရကောင်းမှန်းလဲ မသိ။ ကိုယ့်မှာ ဘာအခွင့်အရေးရှိတယ်ဆိုတဲ့ ရပိုင်ခွင့်တွေ လဲ ကောင်းကောင်း နားမလည်တော့ နိုင်ငံခြားသတင်းထောက်တွေက ကလေးတွေ၏ ဓာတ်ပုံတွေ ဘ၀တွေ အိမ်တွေ နေထိုင်မှုတွေကို သတင်းတွေမှာ ဝေေ၀ဆာဆာနဲ. ရေးသား ဖော်ပြတတ်ပါသည်။ ဒါကြောင့် ပြည်တွင်း စာနယ်ဇင်းသမားတွေ၏ အလွဲသုံးစားပြုမှုတင်မကပဲ နိုင်ငံခြား စာနယ်ဇင်းသမားတွေ၏ အလွဲသုံးစားလုပ်တာကို မခံရလေအောင် ကလေးငယ်တွေနဲ. ပတ်သက်ပြီး စာနယ်ဇင်း ဥပဒေမှာ အတိအကျနဲ. တင်းကြပ်စွာ ကာကွယ် ပေးထားဖို. လိုပါသည်။

နိုင်ငံတကာ သတင်းဌာနတွေ ဖြစ်တဲ့ BBC, CNN, ABC, CBS, စတဲ့ သတင်းဌာနတွေ အပါအ၀င် နိုင်ငံခြားသ တင်းတွေမှာ အိန္ဒိယ၊ ဘင်္ဂလားဒေရှ်. ဖိလစ်ပိုင်၊ အာဖဂန်၊ အီရတ်၊ ပါကစ္စတန်နှင့် အာဖရိက တိုက်က နိုင်ငံ တွေက ကလေးငယ်တွေ၏ ဓာတ်ပုံတွေကို သတင်းတွေမှာ ရေးသားဖော်ပြတာကို သတိထားမိမည် ဖြစ်ပါသည်။ အဲဒီ ဆင်းရဲတဲ့နိုင်ငံတွေက ကျူးကျော်တဲတွေ ဆင်းရဲးသား ရပ်ကွက်က လူနေအိမ်တွေမှာ ကလေးငယ်တွေဟာ ဗိုက်ပူရင်ကားတွေ၊ ယင်ကောင်တွေ တရုန်းရုန်းနဲ. နှပ်ချီးတမ်းလှန်းနဲ. ညစ်ပတ်ပေရေနေ တဲ့ ပုံတွေကို မြင်ဖူးကြ တွေ.နေကြသော်လဲ အနောက်နိုင်ငံတွေက ကလေးငယ်တွေ၏ ဆင်းရဲသားပုံတွေ အိုးမဲ့ အိမ်မဲ့မိသားစုတွေက ကလေးတွေ၏ ပုံတွေကို ပရိသတ်သတ်တွေ မမြင်ရသလောက် ရေးသားဖော်ပြခြင်းလဲ မရှိပါ။ အကြောင်းကတော့ အဲဒီနိုင်ငံတွေမှာ ဥပဒေအရ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို သတင်း မီဒီယာတွေက ဖော်ပြခြင်းကို တားမြစ်ထားလို. ဖြစ်ပါသည်။ ဒါပေမယ့် အဲဒီ နိုင်ငံတကာ သတင်းသမားတွေဟာ သူတို.နိုင်ငံမှာတော့ ကလေးငယ်တွေ၏ ဓာတ်ပုံတွေကို ရိုက်ခွင့် ရေးသားဖော်ပြခွင့်မရှိတာ သိလျက်နဲ. တခြား တိုင်းပြည်တွေကိုရောက်တဲ့အခါ ဥပဒေအရ ကာကွယ်တားမြစ်ထားခြင်းမရှိတာကို သိတဲ့အတွက် အခွင့်ကောင်း ယူပြီး နှာချေးတလောင်းလောင်း ယင်ကောင်တစ်ထောင်းထောင်းနဲ. ဆိုမာလီ အီသီယိုးပီးယားနဲ. အာဖဂန်က ဒုက္ခသည်ကလေးတွေ ဆင်းရဲသားကလေးတွေ၏ ဘ၀ ဓာတ်ပုံတွေကို ရေးသားဖော်ပြနေခြင်း ဖြစ်ပါသည်။

ဒါကြောင့်လဲ နိုင်ငံတကာ ပရိသတ်တွေအနေဖြင့် အာဖရိကတိုက်က အမဲကလေးတွေ ညစ်ပတ် စုပ်ပြတ်နေတဲ့ ပုံရိပ်လွှာတွေကို မျက်စိထဲက မပျောက်အောင် မြင်ယောင်မိပေမည့် အဖြူကလေးငယ်တွေ၏ ဆင်းရဲ ညစ်ပတ် ပေရေနေတဲ့ ဓာတ်ပုံတွေဆိုရင် မမြင်ဖူး မတွေ.ဖူးလောက်အောင် ရှားရှားပါးပါး ဖြစ်နေပါသည်။ အနောက် နိုင်ငံ တွေမှာရော ဆင်းရဲသားတွေ ဆုတောင်းစားတွေ လမ်းဘေး ကားတားတဲ့ ပြည့်တန်ဆာမတွေ မရှိဘူးလား။ ဒါပေမယ့် အဲဒီလူတွေ၏ ဓာတ်ပုံတွေကို သတင်းစာတွေမှာ မတွေ.ရသလောက် ရှားပါသည်။ အထူးသဖြင့် လူဖြူကလေးငယ်တဦး စုပ်စုပ်ပြတ်ပြတ်နဲ. ရှိနေတဲ့ပုံ မြင်မကောင်းရှုမကောင်းဖြစ်နေတဲ့ပုံတွေဆိုရင် ပရိတ်သတ် တွေ မမြင်ဖူးတာကြောင့် လူဖြူတွေဆိုရင် ဆင်းရဲသားတွေ လုံးဝ မရှိတော့ပဲ အဖြူတိုင်း ချမ်းသာနေတယ်လို. သဘောပေါက် ယူဆနေသူတွေလဲ အများအပြားပါ။ အကြောင်းကတော့ သူတို. စိတ်ထဲမှာ အဖြူတွေ ဆင်းရဲတာ စုပ်ပြတ်နေတာတွေကို သတင်းတွေမှာ မမြင်ဖူး မတွေ.ဖူးတာကြောင့် မရှိဘူးလို.တောင် ထင်နေခြင်း ဖြစ်ပါသည်။

ဒါကြောင့် မြန်မာပြည်အနေဖြင့်လဲ တခြားလူတွေ လာပြီး အလွဲသုံးစားမလုပ်နိုင်အောင်နဲ. ပြည်တွင်းက စာနယ် ဇင်းသမားတွေလဲ ကျင့်ဝတ်နဲ.အညီ ကလေးငယ်တွေ၏ ဘ၀နှင့် လုံခြုံကို ကာကွယ်ပေးနိုင်ဖို. ဥပဒေအရ သတ် သတ်မှတ်မှတ်နဲ. ပြဌာန်းထားဖို. လိုပါသည်။

ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက မြန်မာပြည်အောက်ပိုင်းမှာ အသက် ၇၀ ကျော် အဖိုးကြီးက ၃ နှစ် သမီးလေးကို မတရားအဓမ္မပြုကျင့်တယ်ဆိုတဲ့ သတင်းတပုဒ် ထွက်ခဲ့ပါသည်။ မတရားကျင့်တဲ့ အဖိုးကြီးကို ကလေး၏ မိဘ ဆွေမျိုးတွေက ရဲကို တိုင်ပြီး အမှုဖွင့်ဖို.လုပ်ခဲ့သော်လဲ ရဲက အမှုကို လက်မခံပဲ ငွေအနည်းအကျဉ်းဖြင့် နစ်နာ ကြေးယူခိုင်းပြီး အမှုကြေအေးဖို. လုပ်တယ်ဆိုတဲ့ သတင်းတပုဒ်ပါ။ အဲဒီ သတင်းကို နော်ဝေး DVB က အသံလွင့် ခဲ့ပါသည်။

ကလေးမလေးဟာ အသက်က ၃နှစ်ပဲ ရှိသေးတဲ့အပြင် မတရားလဲ ပြုကျင့်တာကို ခံရတယ်။ အမှုဖွင့်တော့လဲ ရဲက ဥပဒေကြောင်းအရ အရေးမယူတဲ့အပြင် အပစ်ကျူးလွန်တဲ့သူဖက်ကတောင် ကာကွယ်ပေးခဲ့တယ်။ ဘယ်လောက် အထိ ကလေးမလေး ဘ၀ နစ်နာသွားပြီလည်း။ ဆုံးရှုံးသွားပြီလဲ။ တခါ အဲဒီလို နစ်နာခဲ့တဲ့ ကလေးမလေးကို DVB ကနေ တနိုင်ငံလုံး တကမ္ဘာလုံး လူသိရှင်ကြားဖြစ်အောင် ကလေးမလေးကို သတင်း မီဒီယာကနေ အရှက် ထပ်ပြီး ခွဲလိုက်ပြန်ပါသည်။ ကလေးမလေးအမည်က ဘယ်သူ ဖြစ်တယ်။ ဘယ်မြို.က ရပ်ကွက်က ဘယ်သူ သမီး ဘယ်သူ.တူမဖြစ်တယ်ဆိုပြီး အမည်၊ မိဘ။ နေရပ်လိပ်စာ အတိ အကျဖြင့် ဖော်ပြခဲ့ တဲ့အပြင် ကာယကံရှင် ကလေးမလေးကိုတောင် ဖုန်းဆက်ပြီး အင်တာဗျူးလုပ်ကာ အသံနဲ. တိုက်ရိုက် ထုတ် လွင့်ပေးလိုက်ပါသေးသည်။ ဒါဟာ ဘယ်လိုမှ မလုပ်သင့်တဲ့ မလုပ်ထိုက်တဲ့ စာနယ်ဇင်း သတင်းသမားတွေ စောင့်ထိန်းရမည့် ကျင့်ဝတ်ကို ဖောက်ဖျက်ရာ ရောက်ပါသည်။

ငယ်ငယ်ရွယ်ရွယ်နဲ. ကလေးလေးဟာ သူများ မတရားပြုကျင့်တာကို ခံရပြီး ဥပဒေကြောင်းအရ ခုခံကာကွယ်ခွင့် မရတဲ့အပြင် တရွှေလုံး တမျိုးလုံးမက တရပ်ကွက်လုံး တမြို.လုံးမက DVB သတင်းဌာန၏ ကောင်းမှုကြောင့် တနိုင်ငံ လုံး လူသိထင်ရှားနဲ. အရှက် ထပ် ကွဲရပြန်ပါသည်။ စဉ်းစားကြည့်ပါ ဘယ်လောက် ကလေးမလေးအတွက် နစ်နာ ဆုံးရှုံး ယူကျုံးမရ ဖြစ်ရမလဲ။ ဒီလိုမျိုး သတင်းကို အနောက်နိုင်ငံတွေမှာ DVB လွင့်တဲ့အတိုင်းသာ သတင်းရေးပြီး ထုတ်လွင့်မယ်ဆိုရင် တရားအစွဲခံရမည် ဖြစ်ပါသည်။

ဘယ်မြို. ဘယ်ရပ်ကွက်က အသက် ဘယ်လောက်ရှိတဲ့ ဦးဘယ်သူဟာ နာမည်အတိအကျနဲ. မုဒိန်းကျင့်တဲ့ တရားခံအဖြစ် စွပ်စွဲခံထားရသူကို ဖော်ပြပြီး အသက် ဘယ်နှစ်ရှိတဲ့ ကလေးမလေးကို မှုန်.ဖိုးပေးပြီး အဓမ္မ ပြုကျင့်ခဲ့တယ်။ အဲဒီအမှုကို ရဲတိုင်သော်လဲ ရဲက အမှု ဖွင့်မပေးပဲ နစ်နာကြေး ငွေ ဘယ်လောက်နဲ. ကြေအေးခိုင်နေတယ် ဆိုရင် သတင်း မပြီးသွားဖူးလား။ ကလေးမလေး ဘယ်သူဖြစ်တယ်။ ဘယ်ရပ်ကွက်ဖြစ် တယ်။ သူ.မိဘတွေက ဘယ်သူဖြစ်တယ် ဆိုတာ ပြောဖို.ရော သတင်းမှာ လိုသေးလား။ ကလေးမအသံနဲ. တိုက်ရိုက် လွင့်ဖို.ရော လိုသေးလား။ အခုတော့ ဒီကလေးမဘ၀ဟာ သေတဲ့သည်အထိ လူပုံအလည်မှာ အထင် သေး အမြင်သေးနဲ. ပိုပြီး အနိမ်ခံရတော့မှာပေါ့။ တန်ဖိုး နိမ့်တဲ့သူအဖြစ် လူတွေနဲ. ပတ်ဝန်ကျင်၏ အနိုင်ကျင့်မှုကို ပိုပြီး ခံသွားရတော့မှာပေါ့။ အဲဒီလို DVB က လူသိရှင်ကြား သတင်းလွင့်လိုက်တော့ရော ဒီကလေးမ လေးအတွက် ရှက်စရာကောင်းတဲ့ အဖြစ်ဆိုးကို လူတွေ ပိုသိတာကလွဲလို. DVB ကရော ဘာများ လက်တွေ. ကူညီပေးတာ ကာကွယ်ပေးတာရော လုပ်နိုင်သလိုပဲ။ ဒီတော့ ပထမတကြိမ် သူများ အနိုင်ကျင့်လို. နစ်နာထား တဲ့ Victim တဦးကို သတင်းဌာနက လုပ်လိုက်တော့မှ ပိုပြီး လူသိရှင်ကြား အရှက်တကွဲ အကျိုးနည်းရတဲ့ အဖြစ်မျိုး ဆိုဒ်သွားပါသည်။ နစ်နာတဲ့သူကို ပိုပြီး နစ်မွန်းအောင် လုပ်ရာရောက်သွားပါသည်။ ဒါကြောင့် ဒီလိုမျိုး ကလေးသူငယ်တွေ၏ ဘ၀တွေကို ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ သတင်းဌာနတွေကြောင့် ထပ်မဖြစ်ရလေအောင် စာနယ်ဇင်းသမားတွေက အလွဲသုံးစာ မပြုနိုင်အောင် စာနယ် ဇင်းဥပဒေ Media Law မှာ စနစ်တကျဖြင့် ကာကွယ်ပေးဖို. တားမြစ်ဖို.အထူးလိုအပ်ပါသည်။

2) စာနယ်ဇင်းနှင့် လူသေအလောင်းများ Media & Death Body

စာနယ်ဇင်းဥပဒေမှာ အသက်အရွယ်မပြည့်သေးတဲ့ ကလေးသူငယ်တွေ၏ ဘ၀နှင့် လုံခြုံရေးကို စာနယ်ဇင်းတွေ က အလွဲသုံးစား- Child Exploitation မပြုအောင် အထူးကာကွယ် စောင့်ရပေးဖို.လိုပါသည်။ ထို.အတူ သေဆုံး သွားတဲ့ အသက်မရှိတော့တဲ့ အလောင်းတွေကို ကိုင်တွယ်ရာမှာလဲ လူဂုဏ်သိက္ခာနဲ.အညီ ကိုင်တွယ် ဖြေရှင်းဖို. စာနယ်ဇင်းတွေမှာ အလောင်းတွေ Death Body တွေကို ပို.ဆို.ပက်စက်နဲ. မြင်မကောင်း ရှုမကောင်းနဲ. ရေးသား ဖော်ပြခြင်းတွေကို မလုပ်ဖို. ဥပဒေအရ တားမြစ် ကန်.သတ်ဖို. လိုပါသည်။ ဒါဟာ သေဆုံးသွားတဲ့ လူတဦး၏ နောက်ဆုံး ကျန်ရစ်တဲ့ ခန္ဒာကိုယ် ရုပ်အလောင်းကို လူဂုဏ်သိက္ခာနဲ.အညီ Human Dignity နဲ. ကိုင်တွယ်ဖို. လူ.ကျင့်ဝတ်အရ လိုအပ်ပါသည်။ ထို.အတူ ကျန်ရစ်သူ မိသားစုတွေ ဆွေမျိုးသားချင်းနှင့် မိတ်ဆွေရင်းတွေအ တွက်လဲ အရှက်တကွဲ မဖြစ်ရအောင် မြင်မကောင်း ရှုမကောင်း ပါးစပ်ဟောင်းလောင်းပုံကြီးတွေ အလောင်း ကြီးက ကို.လို.ကန်.လန်.ကြီး ထိုးလိုထောင်လောင်ကြီးနဲ. မြင်ရသူ အထူးသဖြင့် ကျန်ရစ်သူ မိသားစုအတွက် စိတ် မချမ်းမြေ့စရာ ဖြစ်မည့် ပုံရိပ်တွေ ဓာတ်ပုံတွေကို သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြခြင်း မပြုပဲ တားမြစ် ကန်.သတ်ဖို. လိုပါသည်။

သဘာဝ ဘေးအန္တရာယ်ကျလို.ပဲ ဖြစ်ဖြစ်။ မတော်တဆဖြစ်ပြီး သေဆုံးတာ၊ ကား၊ ရထား လေယာဉ်၊ သင်္ဘော စတဲ့ ယာဉ်တွေ တိုက်မိလို. မှောက်လို.ပဲ ဖြစ်ဖြစ် ဘယ်လို Accidents မျိုးဖြစ်ပြီး သေဆုံးတာပဲ ဖြစ်ဖြစ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကျန်တာ၊ ဇွဲကြိုးချတာ နောက်ဆုံး အသက်အရွယ်ကြီးလို. လူကြီးရောဂါနဲ. ဆုံးသွားတဲ့အလောင်းတွေကို ကိုင်တွယ်တာ အလောင်းတွေကို ရိုးရာယဉ်ကျေးမှုအရ ပြင်ဆင်တာ အဆုံး လူအများစု မြင်မကောင်း ရှုမကောင်းဖြစ်စေမည့် ဓာတ်ပုံတွေ ဗွီဒီယိုတွေ TV ပုံရိပ်တွေကို ရေးသားဖော်ပြခွင့် မပြုသင့်ပါ။ သေးဆုံးသွားတဲ့သူတွေ၏ အလောင်းတွေကို လူ.ဂုဏ်သိက္ခာနဲ.အညီ လေးလေးစားစား Respect ထားရမည်။ ကျန်ရစ်သူမိသားစုတွေ၏ Privacy ကိုယ်ပိုင်သီးသန်.ဖြစ်မှုကို အသိအမှတ်ပြု လေးစားလိုက်နာဖို. လိုပါသည်။

ဒီနေရာမှာလဲ အနောက်နိုင်ငံတွေနဲ. ယှဉ်ပြီး တင်ပြလိုပါသည်။ ၂၀၀၁ ခု စက်တင်ဘာတိုက်ခိုက်ခံရမှု 9-11 ကြောင့် အမေရိကန်မှာ လူပေါင်း ၃၀၀၀ ကျော် သေဆုံးသွားခဲ့တာ လူအများ အသိဆုံးပါ။ ဒါပေမယ့် ဒီလောက် လူတွေ ထောင်ချီ သေပြီး သောင်းချီ ထိခိုက် ဒဏ်ရာရရှိခဲ့တာဖြစ်တဲ့အပြင် တကမ္ဘာလုံးက သတင်းမီဒီယာတွေ ရာချီ ထောင်ချီ သတင်းတွေ တိုက်ရိုက် လွင့်ထုတ်ခဲ့ပေမည့် ပရိသတ်၏ မျက်လုံးထဲမှာ အမေရိကန် လူသေ အလောင်း ဘယ်နှစ်ဦးကိုများ သိသိသာသာ မြင်ဖူးလိုက်ပါသလဲ။ တွေ.ဖူးလိုက်ပါသလဲ။ လူသေ အလောင်းကြီး တွေ ကို.လို.ကန်.လန်.နဲ. မြင်မကောင်း ရှုမကောင်းနဲ. သေနေတဲ့ဓာတ်ပုံတွေ အလောင်းတွေများ ဘယ်လောက် များများ ပေါ်ထက်လာခဲ့ပါသလဲ။

ဒီလောက် လူတွေ အများကြီး သေသွားတာတောင် အလောင်းတွေ လမ်းပေါ်မှာပဲ ဖြစ်ဖြစ် တိုက်တာ အဆောက် အဦးတွေကြားမှာပဲ ဖြစ်ဖြစ် လူအများ မြင်မကောင်း ရှုမကောင်းဖြစ်နေတဲ့ ဓာတ်ပုံတွေ TV တွေကို ပရိသတ်တွေ သတိထား မြင်ဖူးလိုက်ပါသလား။ တွေ.လိုက်ပါသလား။ မျက်စိထဲမှာရော လူတွေ ဘယ်လိုကြီး သေနေတာ အလောင်းကြီးက ဘယ်လို ပုံကြီး ဖြစ်နေတာကို ပြန်မြင်ယောင်စရာရော ရှိပါသလား။ တကယ်တော့ အဲဒီလို မြင်မကောင်း ရှုမကောင်းဖြစ်နေတဲ့ အလောင်းတွေကို မတွေ.ရသလောက် မမြင်ဖူးသလောက် အတော်ကို ရှားပါ သည်။ လူတွေ၏ မျက်စိတွေ အာရုံတွေထဲမှာ သေနေတဲ့ လူတွေ အလောင်းတွေ၏ ပုံရိပ်တွေ မရှိသလောက် မကျန်သလောက် ဖြစ်ပါသည်။ ဒါဟာလဲ အမေရိကန်နိုင်ငံဟာ သေဆုံးသွားတဲ့ အလောင်းတွေနဲ. ပတ်သက်ပြီး စာနယ်ဇင်းသမားတွေ လိုက်နာရမည့် စည်းကမ်းချက်နဲ. လူသေ အလောင်းတွေကို Inhumane, indignity & Disrespect ပုံစံမျိုးနဲ. Handle လုပ်မယ် ကိုင်တွယ်မယ်ဆိုရင် ကြီးလေးတဲ့ အပစ်ဒဏ်တွေ ချမှတ်နိုင်တာမို. အားလုံးက သေဆုံးသွားတဲ့ အလောင်းတွေ လူတွေနဲ. ပတ်သက်လာရင် ရိုရိုသေသေ ကောင်းကောင်းမွန်မွန်နဲ. ရေးသားဖော်ပြရခြင်းကြောင့် ဖြစ်ပါသည်။ အဲဒီ စည်းမျဉ်းကို မလိုက်နာပဲ သတင်းဌာနတခုခုက သတင်းထောက် တဦးဦးက မြင်မကောင်း ရှုမကောင်းတဲ့ အလောင်းကြီးပုံ သို.မဟုတ်အလောင်းတွေကို ကိုင်တွယ်တာ သယ်ယူပွေ.ဖက်တာ မနေတာကို သတင်းထဲမှာ ဖော်ပြမိပြီး အဲဒီ အလောင်းဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်လို. နာမည်နာမအတိအကျနဲ. Identified လုပ်လို.ရစေတယ်ဆိုရင် သက်ဆိုင်ရာ မိသားစုက အဲဒီ သတင်းဌာနကို တရားစွဲခွင့်ရှိပါသည်။ ဒါကြောင့်လဲ သတင်းဌာနတွေဟာ လူသေတွေ အလောင်းတွေ အပြင်းအထန် ဒဏ်ရာ ရရှိသူတွေနဲ. ပတ်သက်တဲ့ ပုံတွေကို ဖော်ပြမယ်ဆိုရင် အတော်ကို သတိထားရပြီး မသေခြာရင် သတင်းဌာနမှာ ရှိတဲ့ Legal Advisor ၏ အကြံပြု သဘောထား ယူပြီး ရေးသား ထုတ်ဖော်ခြင်း သင့် မသင့် ဆွေးနွေးပြီးမှ အယ်ဒီတာက ဆုံးဖြတ်တတ်ပါသည်။ မဟုတ်ရင် တရားစွဲတာ ခံရနိုင်မည် ဖြစ်ပါသည်။

ဒီလို အလောင်းတွေကို ဖော်ပြရာမှာလဲ အနောက်နိုင်ငံ သတင်းဌာနတွေဟာ သူတို.နိုင်ငံတွေမှာ တင်းကြပ်တဲ့ ဥပဒေတွေနဲ. တားဆီး ကန်.သတ်တာဖြစ်လို. မဖော်ပြရဲသော်လည်း နိုင်ငံခြားက တခြားနိုင်ငံတွေက အဖြစ်အပျက်တွေ စစ်ပွဲတွေ သဘာဝ ဘေးအန္တရာယ်တွေနဲ.ပတ်သက်ပြီး ဖြစ်ပျက်တဲ့ သတင်းတွေဆိုရင်တော့ လူတွေ သေနေတာ လမ်းတွေပေါ်မှာ အတုံးအရုန်းနဲ. အလောင်းတွေ စီနေတာတွေကို အနီးကပ်တော့ မဟုတ်ပေမည့် ပြသတာ ရေးသား ဖော်ပြတာတော့ လုပ်ပါသည်။ ဒါကလဲ အဲဒီ နိုင်ငံတွေမှာ စာနယ်ဇင်း ဥပဒေ တွေနဲ. စနစ်တကျ ကန်.သတ်ထားတာ တားမြစ်ထားတာ မရှိသလို နိုင်ငံခြား သတင်းထောက်တွေ အဲဒီလို ရေးသားတာ ရိုက်ကူးတာတွေကို တရားစွဲခွင့်ရှိတယ်ဆိုတာ မသိကြတာလဲ ပါပါသည်။

ဒါကြောင့် အီရတ်စစ်ပွဲမှာ အမေရိကန်စစ်သား ၄၅၀၀ ကျော် ကျဆုံးခဲ့ပေမည့် အမေရိကန် သတင်းတွေမှာ အမေရိကန် စစ်သားတွေ အတုံးအရုန်းနဲ. ရှုမကောင်း မြင်မကောင်း သေနေပုံ အလောင်တွေ ပျံ့ကျဲနေပုံတွေကို သတင်းဌာနတွေမှာ တွေ.ရတာ မရှိပါဘူး။ အလွန်းဆုံး မြင်ရရင် အဝေးကနေ ရိုက်ထားတဲ့ စစ်အခမ်းအနားနဲ. စစ်သင်္ချိုင်းမှာ သင့်ဂြိုလ်တဲ့ပုံ၊ အလောင်းတွေကို နိုင်ငံတော်အလံ ပတ်ပြီး သယ်ယူတဲ့ပုံတွေလောက်ပဲ မြင်ရပါသည်။ ပြောရရင် အရင်က ရိုက်ထားတဲ့ ဓာတ်ပုံကိုပဲ ပြသပြီး ဘယ်သူဘယ်ဝါ ဘယ်မြို.က ဖြစ်တယ် အသက် ဘယ်အရွယ်ဆိုတာပဲ သတင်းတွေမှာ ပြောပြီး သေပြီးတဲ့ အမေရိကန် စစ်သား၏ အလောင်းမျက်နှာကို တောင် မိသားစု၏ Privacy ကို လေးစား လိုက်နာတဲ့အနေဖြင့် ဘယ် သတင်းဌာနမှ ရိုက်ခွင့် ပြခွင့် ဖော်ပြခွင့် မရှိပါဘူး။ ဒါဟာ လူသေအလောင်းတွေနဲ. ကျန်ရစ်သူ မိသားစုတွေအပေါ် စာနယ်ဇင်း သတင်းသမားတွေက လေးစားလိုက်နာရမည့် ကျင့်ဝတ်ဖြစ်တဲ့အပြင် မလိုက်နာတဲ့သူတွေကို တရားဝင် အရေးယူနိုင်တဲ့ ဥပဒေတွေလဲ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။ ဒါကြောင့်လဲ အမေရိကန်တွေ လူဖြူတွေ သေနေတာ အလောင်းတွေ ပို.စို.ပက်စက်နဲ. လမ်းပေါ်မှာ လဲ ကျနေတာ။ မြင်မကောင်း ရှုမကောင်း ရင် တစ်ထောင်ထောင်းနဲ. ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့ အနောက်နိုင်ငံသားတွေ၏ အလောင်း အထူးသဖြင့် လူဖြူတွေ၏ အလောင်းတွေကို သတင်းတွေမှာ မြင်ဖူး တွေ.ဖူးတယ်ဆိုတာ မရှိသလောက် ရှားပါသည်။ ပြောရလျင် မမြင်ဖူး မရှိဘူးလို. တောင် ဆိုနိုင်ပါသည်။

ဒီနေရာမှာ ဟိုတလောက NLD ဖွဲ.ချုပ် အတွင်းရေးမှူး ဦးလွင် ဆုံးသွားတဲ့ သတင်း ထွက်လာပြီး Burma VJ က အရင်ဆုံး အွန်လိုင်းမှာ တင်လိုက်တဲ့ Video Clip ဟာ အများပြည်သူကို မပြသ သင့်တဲ့ ဗွီဒီယိုပါ။ ဦးလွင်၏ ရုပ်အလောင်းကို ဦးကျော်သူတို. နာရေးကူညီမှုအသင်းက ရောက်လာပြီး အလောင်းပြင်တဲ့ဟာတွေကို ရိုက်ထားတဲ့ ဗွီဒီယိုဖြစ်ပါသည်။ ဦးလွင်၏ အလောင်းကို ခေါင်းထဲကို မ ထည့်နေပုံ။ ခေါင်းကနေ မ မ ဆိုပြီး ကျော် ခွ တက်မတတ် ဖြစ်နေပြီး အလောင်းကြီးကို မ ပြီး ခေါင်းထဲ ထည့်နေသည့် ပုံရိပ်တွေဟာ လူအများ သိစရာ မြင်စရာ မဟုတ်ပါ။ ဒီဟာတွေဟာ မိသားစုအတွက် မှတ်တမ်းတင်ဖို. ဆိုရင်လဲ မိသားစုနှင့် ဆွေမျိုးသား ချင်းလောက်ပဲ မြင်သင့် သိသင့်တဲ့ မြင်ကွင်းပါ။ လူတကာ သိဖို. မြင်ဖို. ပြဖို. မသင့်တဲ့အရာပါ။ အခုတော့ မိသားစုနှင့် အသိ မိတ်ဆွေ အရင်းအခြာတွေလောက်ပဲ မြင်ဖို.ကောင်းတဲ့ မြင်ကွင်းတွေ ပုံရိပ်တွေကို Burma VJ က အွန်လိုင်းပေါ် တင်ပြီး တကမ္ဘာလုံးကို ဖြန်.ချလိုက်ပါသည်။ ဒီတော့ အသက် ၉၀ ကျော် အဖိုးကြီး၏ အလောင်း ရုပ်ကလပ်ကြီး ပွေ.တာ မတာ ရှေ.ပြောင်းနေတာတွေကို အတိုင်းသားကြီး မြင်နေရတော့ အထူး သဖြင့် ဒီမြင်ကွင်းဟာ မိသားစုတွေအတွက် စိတ်မကောင်းစရာ စိတ်ထိခိုက်စရာပါ။ အများပြည်သူတွေ အတွက်ကတော့ နာရေးကူညီမှုအသင်း၏ အခေါင်းပြင်ပြီး ပြချင်သပဆိုရင်လဲ မျက်နှာလေးလောက်ကို အဝေးကနေ ခေါင်းလေးအတိုင်း ရိုက်ပြရင်ပဲ ဦးလွင်ကို နောက်ဆုံး ဂါရ၀ပြုခြင်သူတွေအတွက် လုံလောက်ပါသည်။ ဦးလွင်၏ အလောင်းကြီး ကုတင်ပေါ်မှာ ပုဆိုးလေးနဲ. လက်တွေ ခြေတွေ တုပ်ထားတဲ့အတိုင်း ပါးစပ် အဟောင်းသားကြီးနဲ. အရုပ်အလောင်း သက်သက်ကြီးကို လူအများကို ပြစရာမလိုပါ။ ဒါဟာ မိသားစု၏ Privacy ဖြစ်ပါသည်။ ဒါပေမယ့် Burma VJ က ဆင်ပေါက် တို.ကတော့ ရိုက်ချက်တွေနဲ. တည်းဖြတ်လိုက်တာ မသင့်တော်ပါ။ ဒါမျိုးလေးတွေဟာ စာနယ်ဇင်းသမားတွေ လေးစားလိုက်နာရမည့် ရှောင်ကြဉ်ရမည့် ကျင့်ဝတ်ဖြစ်ပြီး သေဆုံးသွားသူနဲ. မိသားစုတွေ ကိုယ်တိုင်က ဒီလို အလောင်းပုံကြီးကို အထင်းသား ပြသတာ သဘောကျချင်မှ ကျမည် ဖြစ်ပါသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှောင်ရမည်ဖြစ်ပါသည်။ သေဆုံးသွားသူ၏ နောက်ဆုံး ကျန်ရစ်တဲ့ ရုပ်ကကပ်ကို ရိုရိုသေသေနဲ. အများမမြင်သင့်တဲ့အရာတွေကို မပြသ ဖို. လိုအပ်ပါသည်။

ထို.အတူပဲ မြစ်ကြီးနားက ဗုံးကွဲလို. သေဆုံးသွားတဲ့ သူ၏ မီးကျွမ်းနေတဲ့ အလောင်းပုံတွေ၊ စင်္ကာပူမှာ တိုက်ပေါ်က ခုံချလို. သေဆုံးသွားတဲ့သူ၏အလောင်းပုံတွေကို စည်းမဲ့ ကမ်းမဲ့ဖြင့် ဖြန်.ချီနေတာတွေဟာ မလုပ်သင့်ပါ။ ကိုယ့်မိသားစုလို ကိုယ်ချင်းစာသင့်ပြီး အဲဒီ အလောင်းတွေသာ ကိုယ့် အမေ ကိုယ့်အဖေ ကိုယ်၏ မိသားစုဝင်တွေ ဖြစ်နေရင် အခုလို အွန်လိုင်းမှာ ပလူပျံအောင် ဖြန်.ထားတာကို သိရင် ဘယ်လို နေမလဲ။ ဘယ်လောက် စိတ်ထိခိုက်မလဲဆိုတဲ့ အသိဖြင့် သေဆုံးသွားတဲ့ အလောင်းပုံတွေကို Human Dignity & Respect ဖြင့် ကိုင်တွယ်ဖို. Handle လုပ်ဖို. လိုပါသည်။ အထူးသဖြင့် သတင်းမီဒီယာတွေမှာ အလွဲသုံးစားနဲ. Sensation မလုပ်နိုင်အောင် Graphic ပုံတွေ မရေးသာအောင် မဖော်ပြအောင် ဥပဒေအရ တားမြစ် ကန်.သတ်ဖို.လိုပါသည်။

အထက်ဖော်ပြပါ အကြောင်းအရာ ၂ခုဖြစ်သည့် ကလေးငယ်တွေ၏ ဘ၀နှင့် လုံခြုံရေးကို အလွဲးသုံးစား မလုပ်နိုင်ရန်နဲ. သေဆုံးသွားတဲ့ လူတွေ၏ အလောင်းတွေကို ရိုရိုသေသေနဲ. ကိုင်တွယ်ဖို.ရန် စာနယ်ဇင်းဥပဒေ မှာ အတိအကျ ကန်.သတ် တားမြစ်ထားဖို.နဲ. ဖေါက်ဖျက်ကျူးလွန်သူ မလိုက်နာသူကို အရေးယူနိုင်ဖို. ဥပဒေအရ အကာအကွယ်ပေးဖို.လိုပါသည်။ ဒါမှာ စာနယ်ဇင်းလွတ်လပ်ခွင့် ရှိသလို စာနယ်ဇင်းသတင်းသမား တွေဖက်ကလဲ တာဝန်ယူ တာဝန်ခံမှု ရှိတဲ့အပြင် စည်းကမ်း ကျင့်ဝတ်တွေကို လေးစားလိုက်နာလာမည် ဖြစ်ပါသည်။

Rozoner King created a doc.
Posted by minyekyawswar8888 at 12:59 AM

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP