February 13, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက် ရေးလှုပ်ရှားမှုစတင်


၂၀၀၉ခုနှစ်။ ဖေဖေါ်ဝါရီလ (၁၂) ရက်

ရွှေခမောက်

ယနေ့ နေ့ လည် (၁၂) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုဌာနချုပ်ရုံး၌ ပြည်ထောင်စုနေ့  အခမ်းအနားကို ပြုလုပ် ကျင်းပခဲ့ပြီး နေ့ လည် (၂း၃၀) နာရီတွင်ပြီးဆုံးသွားခဲ့ သည်။ အခမ်းအနားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို စတင်ခဲ့ကြသည်၊ တက်ရောက်လာသူများမှ နံရံတွင်ကပ်ထားသော ပိတ်ဖြူစပေါ်တွင် လက်မှတ်ရေးထိုး၍ တောင်းဆိုခဲ့ ကြသည် ထိုသို့ လက်မှတ်ရေးထိုးရာတွင် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များမှ လက်မှတ်စတင်ရေးထိုးကြပြီး တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် စီအာပီပီအဖွဲ့ဝင်များမှ အစဉ်လိုက်လက်မှတ်ရေးထိုး ခဲ့ကြောင်းသိရသည်၊

ထို့ နောက်တွင် အဖွဲ့ဝင်များမှလက်မှတ်ရေးထိုးခဲ့ကြသည်။ စာရွက်များပေါ်တွင်လဲ လက်မှတ်ရေးထိုးကြသည်၊ ဤလှုပ်ရှားမှုကို ယနေ့မှစတင်၍ နောက်ရက်များတွင်လည်း ဆက်လတ်၍ ဆောင်ရွက်သွားကြမည်ဟုသိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက် ရေးလှုပ်ရှားမှုကို ယနေ့မှစတင်ပြီး လူထုလူတန်းစားအသီးသီးပါဝင်နိုင်စေရန်အဖွဲ့ချုပ်လူငယ်များမှ ပုံစံအမျိုးမျိုးဖြင့်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းလည်းသတင်းရရှိသည်၊

လက်မှတ်ရေးထိုးတောင်းဆိုထားသောစာရွက်များကို နိုင်ငံတကာရှိသက်ဆိုင်ရာအဖွဲ့အစည်းများသို့ ဆက်လက်ပေးပို့ပြီး ပြည်သူများ၏သဘောထားမှန်ကိုသိရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်၊

No comments:

Post a Comment

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP