ILO ညီလာခံရဲ့ မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှုးဦးမောင်မောင်နှင့် RFA ဆက်သွယ်မေးမြန်းချက်
ဦးတင်အောင်ခိုင် ။ ။ (၉၈)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားအဖွဲ့ ချုပ် ILO ညီလာခံကနေ မြန်မာနိုငံနဲ့ ပတ်သတ်ပြီး အရေးယူဆောင်ရွက်မဲ့အစီအစဉ်တွေ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ် ဘာတွေများ ဆုံးဖြတ်ချက်ချခဲ့ပါလဲဦးမောင်မောင် ။ ။ ဆုံးဖြတ်ချက်ကတော့ တော်တော်ရှိတယ် ။အဓိကအချက်ကတော့ သကရာဇ် ၂၀၀၀-၂၀၀၆ တုန်းက ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေရှိတယ်။ အဲဒီ့ဆုံးဖြတ်ချက်တွေအတိုင်း လိုက်နာမယ်လို့ပြောပြီး မလိုက်နာလိုေ၇ှ့ဆက်ပြီး ဒါကို မြန်မြန်ဆန်ဆန်လုပ်ဖို့ ဆိုတာကို သဘောထားပေးတယ်။ သဘောထားပေးတဲ့ နေရာမှာ ဆက်လက်ပြီးတော့ မလုပ်ဆောင် နိုင်ရင် ဘာလုပ်မယ်ဆိုတဲ့ကိစ္စတွေ၇ှိတာပေါ့နော် ။ ဥပမာ ICJ အပြည်ပြည်ဆိုင်ရာခုံရုံးပေါ့ ။ခုံရုံးကိုသွားပြီး မြန်မာပြည်က ချိုးဖောက်တာတွေကို ဆက်လက် တင်ပြမယ်ဆိုတဲ့ ကိစ္စရှိတယ်။ချက်ချင်းဖော်ဆောင်ရမဲ့လုပ်ငန်း အားလုံးက လုပ်ဖို့ ဆိုတဲ့ဟာ ကိုတင်ပြသွားတာ ရှိတယ်။
ဦးတင်အောင်ခိုင် ။ ။ချက်ချင်းလုပ်ဆောင်ရမဲ့လုပ်ငန်းဆိုတာဘယ်လို လုပ်ငန်းတွေလဲ ခင်ဗျား
ဦးမောင်မောင် ။ ။ အရေးကြီးဆုံး တချက်ကတော့ဘာလဲဆိုတော့ န အ ဖ ရဲ့ ၂၀၁၀ အတွက် ပြင်ဆင်နေတဲ့ အခြေခံဥပဒေ ထဲမှာ ပုဒ်မ ၃၅၉ အပိုဒ် ၁၅ အခန်းခွဲ ၈ မှာပါတဲ့ ပြောဆိုချက်တွေဟာ အဓမ္မလုပ်အားပေးမှုကို အားပေးရာရောက်တဲ့အတွက်ကြောင့် ဒါကို ပြင်ဆင်ပေးပါဆိုတာကို ILO က တောင်းဆိုလိုက်တယ် (ဒီနှစ်ထဲမှာ)
ဦးတင်အောင်ခိုင်။ ။ ဒါဟာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခိုင်းတာပေါ့လေ အကယ်၍ မပြင်ဘူးဆိုရင် သူတို့ ဘာ လုပ်မယ်ဆိုတာပါသေးလားခင်ဗျား။
ဦးမောင်မောင် ။ ။ မပြင်ခဲ့ရင် ဘာလုပ်မယ်ဆိုတာမပါဘူး ဒါပေမဲ့ခုနကကျွန်နော်တင် ပြခဲ့သလို သက္ကရာဇ် ၂၀၀၀-၂၀၀၆မှာ ချခဲ့တဲ့ ဆုံးဖြတ်ချက်မှာရှိထားပြီးသားဟာ ဘာလဲဆိုရင် လိုက်နာမှု မရှိခဲ့ဘူးဆိုရင် အပြည်ပြည်ဆိုင်ရာခုံရုံးကိုသွားပြီး ခုံရုံးက တဆင့် ဆက်လက်ပြီးတော့ ရှေ့သွားမဲ့လုပ်ငန်းတွေကိုသူတို့ ပြောဆိုထားတယ်။ အဲဒီ့ပြောဆိုထားတဲ့လုပ်ငန်းတွေဟာ ဘာလဲဆိုရင် စီးပွါးရေးပိတ်စို့မှုတို့ ရင်းနှီးမြုတ်နှံမှုတွေ ရပ်ဆိုင်မှုအားလုံးကို အဲဒီ့ကတည်းက ဆွေးနွေးထားပြီးသား ဖြစ်တဲ့ အတွက်ကြောင့် အခုလိုပြင်ဆင်မှုမရှိဘူးဆိုရင် မကြာခင်မှာပဲ နိုဝင်ဘာလ အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးမှာ တစ်ခါပြန်ပြီး သုံးသပ်တဲ့အခါအဖြေက်ုကျနော်တို့ တွေ့ ရပါလိမ့် မယ်။
ဦးတင်အောင်ခိုင် ။ ။ နောက်တစ်ခုက အခုအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကိစ္စနဲ့ ပတ်သတ်ပြီးတော့ တော်တော်လေးပြောဆိုကြတယ်လို့ ကြားရပါတယ်ခင်ဗျား။ အဲဒီ့ကိစ္စနဲ့ပတ်သတ်ပြီးတော့ ဘာများ ဆုံးဖြတ်ချက် ချပါသလဲ ခင်ဗျား
ဦးမောင်မောင် ။ ။ ဆုံးဖြတ်ချက်မှာတော့ အခြေခံလူ့ အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထားတဲ့ကိစ္စ အလုပ်သမားအခွင့်အရေးကို လုပ်ဆောင်တဲ့သူတွေကို ဖမ်းဆီးထားတဲ့ကိစ္စ အထူးသဖြင့် ဒေါ်အောင်ဆန်း စုကြည်ဟာ ကျနော်တို့ ဗမာပြည် ပြည်လည်သင့်မြတ်ရေးမှာ ပြန်လည်ဖွံ့ဖြိုးရေးမှာ မပါမဖြစ်တဲ့ ပုဂိုလ်တစ်ဦးဖြစ်တဲ့အတွက် ကြောင့်အဲဒီ့ ပုဂိုလ်ဟာလွတ်ဖို့ လိုတယ်ဆိုတဲ့အနေအထားမျိုးကို ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ ချုပ်ကြီးက တောင်းဆို ထားတာဆုံးဖြတ်ချက်ထဲမှာပါ ပါတယ်ခင်ဗျား
ဦးတင်အောင်ခိုင်။ ။ ဒီတောင်းဆိုချက်တွေနဲ့ပတ်သတ်ပြီးတော့ စစ်အစိုးရဖက်ကနေပြီး ဘယ်လိုများ တုန့် ပြန်ချက်တွေများ လုပ်ပါသလဲ
ဦးမောင်မောင် ။ ။ ခါတိုင်းနှစ်တွေက ပြန်ပြီးတော့ငြင်းဆိုတာတို့ ဆွေးနွေးတာတို့ ရှိတယ်။ ဒီနှစ်တော့ ဘာမှပြောမသွားဘူး ဆုံးဖြတ်ချက်ကျတဲ့အချိန်မှာလည်း ဒီလိုပဲအားလုံးသဘောတူတယ်ငြိမ်ပြီးပြန်သွားတာပဲခင်ဗျ
ဦးတင်အောင်ခိုင် ။ ။ ဆုံးဖြတ်ချက်က အစည်းအဝေး သဘာပတိကကြေညာလိုက်တာလားခင်ဗျ
ဦးမောင်မောင် ။ ။ ဟုတ်ပါတယ်ခင်ဗျာ ကျနော်တို့ အစည်းအဝေးစဖွင့်တယ် ကျနော်တင်ပြကြတယ် နအဖ ကတင်ပြတယ် အလုပ်သမားကိုယ်စားလှယ်တင်ပြတယ် အလုပ်ရှင်ကိုယ်စားလှယ်တင်ပြတယ် ပြီးတော့တခါ ပြန်ပြီးသုံးသပ်တယ် ပြီးတဲ့ နောက်မှာ ညီလာခံ ဥက္ကဌကနေပြီးတော့ သူတို့ အဖွဲ့ ငယ်လေးတစ်ခု နဲ့ဆွေးနွေးပြီးတော့ဆုံးဖြတ်ချက်ချတယ်။ ဆုံးဖြတ်ချက် ချတဲ့အကြောင်းကိုလည်း ကြေညာတာက ဥက္ကဌက ပဲကြေညာသွားတာပါ။
ဦးတင်အောင်ခိုင် ။ ။ ဒီကြေညာချက်တွေဟာစာနဲ့ပေနဲ့ထွက်လာပါဦးမလားခင်ဗျာ
ဦးမောင်မောင် ။ ။ ကျနော်တို့ အင်္ဂါနေ့ လောက်ဆိုထွက်ပါပြီ
ဦးတင်အောင်ခိုင် ။ ။ ဟုတ်ကဲ့ ဒီအစည်းအဝေးပေါ်ကရလဒ်ပေါ်မှာ ဦးမောင်မောင်အနေနဲ့ ဘာများသုံးသပ်ချင်ပါသလဲခင်ဗျာ
ဦးမောင်မောင် ။ ။ ကျနော်ကတော့ကြေနပ်အားရပါတယ် ကျနော်တို့  ၁၉၉၂လောက်ကတည်းက တောက်လျောက် လုပ်လာ ခဲ့တဲ့ကိစ္စတွေမှာ အစဉ်တစိုက် ဖိအားပေးခဲ့ပြီးတော့ ပြောင်းလဲမှုအတွက် ။ အခြေခံအလုပ်သမားအခွင့်အရေးကို ချိုးဖောက်မှု အတွက် ကြိုးစာနေတာကို ကျနော်တို့ တွေ့ ရတယ် ခုထက်ထိလည်း အားမလျော့သွားတဲ့အပြင် အခုလိုလာမဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ အခြေခံဥပဒေကိုပြုပြင်ပြောင်းလဲဖို့ အတွက်စတင်ပြီးတော့ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်း တခုကနေ တိတိကျကျထောက်ပြပြီးတော့ ပြောတဲ့ကိစ္စ ကအင်မတန် အားရှိတယ် ဒါကိုလည်းအခြားအပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းတွေမှာ ဖြစ်အောင်ဆက်လက်ပြီး ကြိုးစားသွားမယ်လို့  ကျနော်ကပြောချင်ပါတယ် ။
ဦးတင်အောင်ခိုင် ။ ။ ကျေးဇူးတင်ပါတယ် ဦးမောင်မောင်ခင်ဗျား
No comments:
Post a Comment