VOA 17-06-09
ဒေါ်အောင်ဆန်းစုကြည်ကို အခုလက်ရှိတရားကြားနာစစ်ဆေးမူမှာ တရားရေး ရပိုင်ခွင့်တွေချိုးဖောက်ခံနေရတယ်ဆိုပီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က အထူးကိုယ်စားလှယ်တွေက မြန်မာစစ်အစိုးရကို ဝေဖန်သွားပါတယ် ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုနေအိမ် အကျယ်ချုပ်ချပီး အများနဲ့မတွေ့နိုင်အောင်ကန့်သတ်ထားသော စစ်အစိုးရကိုယ်တိုင် တာဝန်ရှိတယ်လို့လည်း လူ့အခွင့်အရေးကိုယ်စားလှယ်တွေက ထောက်ပြပါတယ်။
အဲဒီအထဲကလူ့အခွင့်အရေးကိုယ်စားလှယ်တဦးဖြစ်တဲ့သောမတ်စ်အိုဟေး ကင်တာနားနဲ့ ကိုသားညွန့်ဦးကဆက်သွယ်မေးမြန်းထားပါတယ်။
အခုဒေါ်အောင်ဆန်းစုကြည်အမှုကိုကြားနာစစ်ဆေးနေစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က အခြေခံဥပဒေကြောင်း
ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်ဆိုပီးလူ့အခွင့်အရေး ကိုယ်စားလှယ်၅ဦးကထောက်ပြသွားတာပါ။ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးပိုင်း အားနည်းချက်တွေကို အရင်ကတည်းက လူ့အခွင့်အရေး ကိုယ်စားလှယ်တွေက
ထောက်ပြဖူးပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တာနား ကတော့ မြန်မာစစ်အစိုးရကို သူတို့အနေနဲ့ အချက်နှစ်ချက် တောင်းဆိုတယ်လို့
ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ကျွန်တော်နဲ့အခြားလူ့အခွင့်အရေး ဆိုင်ရာအထူး ကိုယ်စားလှယ် ၅ဦး
ဟာ မြန်မာစစ်အစိုးရကိုအခြေခံအားဖြင့်အချက်၂ ချက် တောင်းဆိုပါတယ်။
ပထမအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် တရားခွင် စစ်ဆေးမူကိုတရားရေး လွတ်လပ်မျှတမူအာမခံချက်ပေးဖို့ပါ။ ဥပဒေစိုးမိုးတဲ့နိုင်ငံတိုင်းမှာ တရားခုံရုံးက ပွင့်ပွင့်လင်းလင်းနဲ့ အများပြည်သူကြားနာခွင့်ရဖို့ မဖြစ်မနေ အရေးကြီးပါတယ်။ ဒုတိယအချက်ကတော့ဒေါ်အောင်ဆန်းစုကြည် ကိုစွဲ
ဆိုထားတဲ့အမှုကိုပြန်ရုတ်သိမ်းပေးဖို့ပါ။ ဒီစွဲချက်ဟာ တကယ့်ကို အခြေအမြစ်ခိုင်မာမှု မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရရဲ့ နေအိမ်အကျယ်ချုပ်အောက်မှာနေခဲ့ရတာပါ။ ဒါကြောင့်သူမကိုဖမ်းဆီးထား
မူနဲ့ပက်သက်တဲ့ကိစ္စတွေမှာ စစ်အစိုးပဲတာဝန်ရှိပါတယ်။
မြန်မာနိုင်ငံကိုယ်စားလှယ်သောမတ်အိုဟေး ကင်တားနားနဲ့အတူ ဥပဒေမဲ့ဖမ်းဆီး ထိန်းသိမ်းမူဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့ဥက္ကဌ Ms. Manuela Carmena Castrilo တရားသူကြီးနဲ့ ရှေ့နေတရားရေး လွတ်လပ်မူ ဆိုင်ရာအထူးကိုယ်စားလှယ်
Mr. Leandro Despouy လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဆိုင်ရာအထူးကိုယ်စားလှယ် Ms. Margaret Sekaggya လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်ပိုင်ခွင့်ဆိုင်ရာအထူးကိုယ်စားလှယ် Mr. Frank La Rue တို့ကနေ မြန်မာစစ်အစိုးရကို ဒီတောင်းဆိုချက်တွေလက်မှတ်ရေးထိုးတောင်းခဲ့တာပါ။ တကယ်တော့ အခုဖြစ်နေတဲ့ အမူကိုယ်တိုင်ဟာ အခြေအမြစ် ခိုင်ခိုင်မာမာ မရှိဘဲနိုင်ငံရေး ပယောဂ ပါနေတယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေကယူဆ
ထားပါတယ်။ တကယ်တော့ ဒီစွဲချက်ကြီးက အခြေအမြစ်မရှိပါဘူး။ အခုအမေရိကန်လူမျိုးတဦး သူ့အိမ်ကို ကျုးကျော်ဝင်ရောက်လာ
တယ်ဆိုတဲ့စွဲချက်ဖြစ်နေတဲ့ အချိန်မှာ တကယ်တော့ သူမအပေါ် နေအိမ်အကျုယ်ချုပ် သက်တမ်းကုန်ဆုံးတာမို့ လွတ်မြောက်ရမဲ့အ
ချိန်ပါ၊ ကျတော်ပြောခဲ့သလိုပါပဲ တကယ်တော့အစိုးရရဲ့ဖမ်းဆီးခံရသူနဲ့ ပက်သက်တဲ့ကိစ္စအ၀၀ဟာ အစိုးရအပေါ်မှာပဲတည်ပါတယ်။
အစိုးရမှာတာဝန်ရှိပါတယ်၊ ဒါကြောင့်အခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတယ်ဆိုတာ မှားယွင်းတဲ့ပါ။
ဒါကြောင့်လည်းနိုင်ငံတကာအသိုင်းအ၀ိုင်း အနေနဲ့ အခုဒေါ်အောင်ဆန်းစုကြည်အမှုအသွားအလာ အခြေအနေကို အနီးကပ်စောင့်
ကြည့်ပီးဖိအားပေးနေဖို့လိုမယ်လို့လည်း မစ္စတာကင်တားနားကတိုက်တွန်းပါတယ်။
နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဒီတရားခွင်ရလဒ်တွေအခြေအနေတွေကိုအနီးကပ် စောင့်ကြည့်နေဖို့လိုပါတယ်။
စစ်အစိုးရအနေနဲ့ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးရပိုင်ခွင့်တွေလေးစားလိုက်နာ လာစေရေးတိုက်တွန်းဖို့
လိုပါတယ်။ ရှေ့ဆက်ဘာတွေဖြစ်လာမလဲစောင့်ကြည့်ဖို့လိုပါတယ်။
မစ္စကင်တားနားအနေနဲ့တော့ အခုလာမယ့်ဇူလိုင်လထဲမှာမြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့တောင်းဆိုထားပေမဲ့ စစ်အစိုးရဘက်ကသူ့ကိုဘာမှအကြောင်းမပြန်သေးဘူးလို့သိရပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့ကတော့ဒေါ်အောင်ဆန်းစုကြည်အမှုကိစ္စကို အစိုးရသတင်းစာတွေအပြင် နိုင်ငံတွင်းပုဂ္ဂလိကသတင်းဂျာနယ်
အချို့မှာလည်း ဖော်ပြခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်းဒါဟာ အစိုးရဖော်ပြတဲ့သတင်းတွေအပ်ါမှာပဲအခြေခံရေးထာားတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အမှုကိုတော့ အခုကြားနာစစ်ဆေးမှုကို ဇွန်လ (၂၆)ရက်နေ့မှာ ထပ်မံကြားနာဖို့ရှိပါတယ်။
June 21, 2009
ဒေါ်စုအမှု ဥပဒေရပိုင်ခွင့်များ ဆုံးရှုံးနေ လူ့အခွင့်အရေး ကိုယ်စားလှယ်များ ဝေဖန်
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment