25 July 2009
A-H1N1 ၀က်တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေဟာ ကမ္ဘာပေါ်က နိုင်ငံအားလုံးနီးပါးကို ပျံ့နှံ့နေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကစပြီး ဒီရောဂါပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၈,၀၀၀ လောက် ရှိနေပါပြီ။
ဒီရောဂါပိုး တိုက်ဖျက်ရေး အတွက် ကာကွယ်ဆေးတွေကို ဖြန့်ဝေရေးဟာ WHO အဖွဲ့ရဲ့ အဓိကဦးစားပေး ကိစ္စပဲလို့ ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂရော်ဂရီ ဟာ့ဒ်လ် က မနေ့က ပြောလိုက်ပါတယ်။ အဲဒီကာကွယ်ဆေးတွေဟာ ကမ္ဘာ့မြောက်ဘက်ခြမ်း နိုင်ငံတွေမှာ အေးတဲ့ရာသီမတိုင်ခင် ရရှိနိုင်အောင် လုပ်ဆောင်လိမ့်မယ်လို့ ဆိုပါတယ်။
အမေရိကန်မှာတော့ နောက်လဆန်းမှာစပြီး ကာကွယ်ဆေး စမ်းသပ်မှုတွေ ရှိလာနိုင်တော့မှာပါ။ အခုလောလောဆယ်မှာ ၀က်တုပ်ကွေး ရောဂါပိုး ရှိတာ သေချာတယ်လို့ စမ်းသပ်ခန်းတွေကနေ အတည်ပြုနိုင်တာ ၁၃၀,၀၀၀ ကျော် ရှိနေတယ်လို့ WHO က ပြောပါတယ်။ ဒီရောဂါပိုး ရှိနေတဲ့ လူစုစုပေါင်းက ကမ္ဘာတ၀ှမ်း ၁၀၀,၀၀၀ ကျော် ရှိနေပါပြီ။
မြန်မာပြည်မှာတော့ ဒီရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၆ ဦး ရှိပြီလို့ အစိုးရက အတည်ပြုထားပါတယ်။ အဲဒီအထဲက ၃ ဦးကတော့ အခြေအနေ ပြန်ကောင်းသွားပြီလို့ ဆိုပါတယ်။
July 25, 2009
တကမ္ဘာလုံးနီးပါး ၀က်တုပ်ကွေး ပျံ့နှံ့
Labels:
သတင်း