၅။၈။ ၀၉
မြ၀တီမြို တွင့်တောင်ကလေးဆရာတော်ဘုရားဦးဆောင်ပြီးမိဘမဲ့ ကလေးများအားကိုယ်ထူကိုယ်ထ ဦီးစီးကာပညာတတ်မြောက်
ရေးကျောင်းအားမြ၀တီခရိုင်အေးချမ်းသာယာရေးကော်မတီအဖွဲ့ ဦးစီမှူးးမှမြ၀တီတောင်ကလေးပညာသင်ကြားရေးကျောင်းအပါ
အ၀င် ဘုန်းတော်ကြီးကျောင်းနယ်နမိတ်အကုန်လုံးကိုခြေလျှင်တပ်အမှတ်၂၇၅ တပ်မြေအတွင်းပါဝင်သည်ဟုအကြောင်းပြကာ
ထိုမိဘမဲ့ ခလေးပညာသင်ကြားရေးကျောင်းအားဖျက်ခိုင်းပြီးသိမ်းယူလိုက်ကြောင်းသိရှိရသည် ။
ထို့ နောက်မိဘမဲ့ပညာသင်ကြားရေးကျောင်းအပါအ၀င်ဆရာတော်ဘုန်းတော်ကြီးများနှင့်ပညာသင်ကြားနေသောမိဘမဲ့ခလေး
များအားထိုကျောင်းကိုအတင်းအဓ္မပိတ်ခိုင်းပြီး ကျောင်းအတွင်းမှထွက်ခွာစေကာ ခရကနှင့်ပတ်သက်သောတပ်ဦးကျောင်းမှဘုန်း
ကြီးများကိုအစောင့်ထားလျှက်ရှိကြောင်းသိရှိရသည်။
ဘုန်းကြီးတို့ က ဘယ်သူအကူအညီမှမယူဘဲမြန်မာနိုင်ငံက မိဘမဲ့ခလေးနောက်ကျောင်းတောင်မအပ်နိုင်တဲ့ခလေးတွေကိုကိုယ်
ထူကိုယ်ထ ပညာသင်ကြားပေးနေတာပါသူတို့ ဒိလိုမျိုးနှင်ချတော့ဘုန်းကြီးတို့ ထက်ခလေးတွေအနာဂတ်ကရင်လေးဆရာဘဲဟု
ပတ်သက်သူထိုကျောင်ရှိဦးပဇင်းတစ်ပါးမှပြောကြားသည်။
မြ၀တီမြို့ တွင်ကားမှောင်ခို၊လူမှောင်ခိုမှူများထူပြောလျှက်ရှိသော်လည်းထိုအကြောင်းအရာများကိုလစ်လျှူရှူပြီး ထိုမိဘမဲ့ခလေး
များပညာသင်ကြားရေးကျောင်းကိုဖျက်ခိုင်းသဖြင့်ပြည်သူအများအဖမ်းခံရမည်ကိုကြောက်ပြီးမပြောသော်လည်း လူအများမကျေ
မနပ်ဖြစ်နေကြောင်းသိရသည် ။ သူတို့ ကိုနိုင်ငံတော်ကတာဝန်ပေးတာမြ၀တီမြို့ တိုးတက်ရေးပါအခုသူတို့ လုပ်နေတာကမြ၀တီ
မြို့ ပျက်စီးရေးဖြစ်နေတယ်ဟုမြို့ ခံတစ်ဦးကပြောသည်။
ခရက ဥက္ကဌက ကားတစ်စီးလမ်းကြောင်းရှာရင် ၁၀သိန်းလောက်ယူပြီးလွှတ်တယ်။မိဘမဲ့ကိုယ်ထူကိုယ်ထတောင်ကလေးပညာ
သင်ကြားရေးကျောင်းကိုကျတော့မောင်းထုတ်တာမကောင်းဘူးဟုဒေသခံများကပြောကြားနေကြသည်
ထို့ နည်းအတူဒေသခံလက်နက်နှင့်ငြိမ်းချမ်းရေးအဖွဲ့ ဝင်များကလည်းမကျေမနပ်ဖြစ်နေကြကြောင်းကြားသိရသည် ။
“အခုဟာကကျောင်းပေါ်ရှိဆရာတော်အပါအ၀င်အကုန်လုံးကိုနှင်ချတာဆင်းရင်ဆင်းမဆင်းရင်ဖမ်းမယ်ဆီးမယ်လုပ်တယ်လေ
ဒါကြောင့် ဘုန်းကြီးတို့ လည်းအခုသူများကျောင်းမှာကပ်ပြီးနေနေရတယ်ဟုဆရာတော်တစ်ပါးမှပြောကြားသည်။”
August 05, 2009
မြ၀တီမြိုဘုန်းတော်ကြီးသင်မိဘမဲ့ပညာသင်ကျောင်းအား-`“ခယက”သိမ်း
Labels:
သတင်း