September 15, 2009

ဒေါ်အောင်ဆန်းစုကြည် လာမည့်၁၈ရက်နေ့ တရားခွင်တက်ရောက်ခွင့် ငြင်းပယ်ခံရ။

ပြီးခဲ့တဲ့ ၁၀ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများတွေ့ခွင့်ရစဉ်က ဒေါ်အောင်ဆန်းစုကြည်မှ ၁၈ ရက်နေ့ပြုလုပ်မည့် အယူခံ တရားခွင်သို့ တက်ရောက်ခွင့် ရဖို့အတွက် ရှေ့နေများမှတဆင့် တောင်းဆိုခဲ့ပါတယ်။ အဆိုပါတောင်းဆိုချက်ကို သက်ဆိုင်ရာ အာဏာပိုင်များမှ လက်မခံပဲ ငြင်းဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အကျိုးဆောင်ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၀ရက်နေ့ အန်ကယ်တို့ ရှေ့နေတွေဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ခွင့်ရတုန်းက ဒေါ်အောင်ဆန်းစုကြည်က ၁၈ ရက်နေ့ နှစ်ဘက်ကြားနာရမဲ့ တရားခွင်ကို ကိုယ်တိုင်တက်ရောက် နားထောင်ချင်တယ်လို့ ပြောပါတယ်။ အဲ့ဒီအတွက် အန်ကယ်တို့က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ရဲသတင်းတပ်ဖွဲ့ကို တက်ရောက်နားထောင်ခွင့် စာတင်တောင်းဆိုခဲ့ပါတယ်။ စနေနေ့မှာ အန်ကယ်ကို ရဲသတင်းတပ်ဖွဲ့က ခေါ်တွေ့ပြီး တက်ရောက်ခွင့် လက်မခံဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ အယူခံတရားခွင်မှာ ကိုယ့်အမှုကို ကိုယ်တိုင် တက်ရောက်ခွင့်၊ ကြားနာခွင့် အခွင့်အရေးရှိပါတယ် အဲ့ဒီနေ့မှာ အန်ကယ်တို့ဘက်ကရော အစိုးရဘက်ကပါ နှစ်ဘက်လုံးက လျှောက်လဲချက် ပေးရမှာဖြစ်ပါတယ်။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အကျိုးဆောင်ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပြီး နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲဖြင့် ဆိုင်းငံ့ပြစ် ဒဏ်ချမှတ်ခဲ့သည်။ အဓိက တရားခံ ဂျွန်ယက်တောကိုမူ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ်စီရင်ချက် ချမှတ်ခဲ့ပြီးမှ အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာဂျင်မ်ဝက်ဘ် ရောက်ရှိချိန်၌ ပြန်လည် လွှတ်ပေးခဲ့ပါတယ် ။ တိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံကို လက်ခံခဲ့ပြီး လာမည့် ၁၈ရက်နေ့မှာ အယူခံအတွက် နှစ်ဘက်လျှောက်လဲချက်ကို ကြားနာမှာဖြစ်ပါတယ်။

သတင်း...ဒီမိုဝေယံ။...။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP