September 22, 2009

နိုင်ငံကူးလတ်မှတ်လုပ်သူများ လုပ်အားပေးခိုင်းသည့်နေရာသို့ ပို့ ခံရ

၂၂ စက်တင်ဘာလ ၂၀၀၉

ထိုင်းနိုင်ငံ မဟာချိုင် ပုဇွန်စက်ရုံတွင် အလုပ်လုပ်နေထိုင်သောမြန်မာအလုပ်သမားမိသားစုဝင်များသည် ယာယီ နိုင်ငံကူးလတ်မှတ် (Passport) ပြုလုပ် ရန်အတွက် ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့သို့  ဆင်းလာခဲ့ပြီး၊ လက်မှတ်ပြုလုပ်ရာ မြန်မာ ဘက်ကမ်း အရောက်တွင် တာဝန်ရှိသူများမှ ပြုလုပ်ပေးမည်ဟုပြောဆိုပြီး ရထားလမ်းဖေါက်လုပ်သည့် နေရာ(နေရာစုံစမ်းဆဲ)သို့ ခေါ်ယူသွားခဲ့ကြပြီး ပြန်ချင်သောသူများကို မိသားစုဝင်များနှင့်ဆက်သွယ်၍ တဦးလျှင် ငွေ(၁ဝ) သိန်း(၁၅) သိန်း ပေး၍ ရွေးယူနိုင်ကြောင်းကိုဆက်သွယ်ပြောဆိုခိုင်းကြောင်း ၄င်းတို့ ၏ မိသားစုဝင်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

မြ၀တီတွင် ယာယီနိုင်ငံကူးလတ်မှတ်လုပ်လိုသူများကို မဲ့ဆောက်ဘက်တွင် နေထိုင်သော ပွဲစားတစ်ဦးက ဆောင်ရွက်နေကြောင်း။ ၄င်းပွဲစားနှင့် မပြုလုပ်ဘဲ တိုက်ရိုက်သွားရောက်လုပ်ကိုင်သူများသည် ထိုသို့ ကြုံတွေ့ နေရကြောင်းသိရသည်၊ == အဲဒီပွဲစားနဲ့  ဟိုဖက်က တာဝန်ရှိတဲ့သူတွေနဲ့ က ပေါင်းစားနေတာ ဖြစ်နိုင်တယ်== ဟုလည်း တချို့ က သုံးသပ်နေကြပါသည်၊

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP