
အာဆီယံ အစိုးရများအတွင်း လူ့ အခွင့်အရေး ကော်မရှင် (AICHR) စတင် ဖွင့်လှစ်ကြောင်း ချအမ်း-ဟွာဟင်း ကြေညာချက်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝေချချီဝါ (ရှေ့ တန်း ဝဲမှ တတိယ) က ထိုင်နိုံင်ငံ လူ့ အခွင့်အရေးအဖွဲ့  အကြီးအကဲ ဆရီပရာဖ ပက်ချရာ မဲဆရီ (ရှေတန်း ယာမှ ဒုတိယ) သို့  အောက်တိုဘာ ၂၃ ရက်နေ့ က လွှဲပြောင်းပေးအပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
2009-10-23။ RFA
အောက်တိုဘာလ ၂၃ ရက်နေႛ ဒီကနေႛစတင်ကဵင်းပတဲ့ ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ဒေသတွင်း လူမှု အဆောက်အဦကြီးတစ်ခု အောင်မြင်အောင် တည်ထောင်ဖိုႛအတွက် အဖွဲႚဝင်နိုင်ငံတွေ ဟွာဟင်းကြေညာခဵက်ကို သဘောတူခဲ့္ဘပီ ဖြစ်တယ်လိုႛ ထိပ်သီးညီလာခံဖွင့်ပွဲမှာ ပြောကြားသွားပၝတယ်။
ညီလာခံကို ထိုင်းနိုင်ငံ ဟွာဟင်းမြို့ က ဒူးဆစ်ဌာနီ ဟော်တယ်မှာ ဒီကနေ့  စတင်ကျင်းပခဲ့တာပါ။
အခမ်းအနားကို မနက် ၉ နာရီ ၄၅ မှာစတင်ပြီး အာဆီယံခေါင်းဆောင်တွေ ဒေသတွင်း ဖိတ်ကြားခံထားရသူတွေနဲ့ နိုင်ငံတကာက သတင်းထောက်တွေ တက်ရောက်ကြပါတယ်။
အခမ်းအနားကို အာဆီယံသီချင်းနဲ့  စတင်ဖွင့်လှစ်ပြီး ထိုင်းရိုးရာ ရာမယနအကနဲ့ ဖျော်ဖြေပါတယ်။ ပြီးတဲ့အခါ အာဆီယံသမိုင်းကြောင်း ရုပ်ရှင်တိုကိုလည်း ပြသခဲ့ပါတယ်။
ညီလာခံအဖွင့်မိန့် ခွန်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က ပြောကြားရာမှာ အာဆီယံအနေနဲ့  အတိတ်ကာလက ဆောင်ရွက်ခဲ့တာတွေအပေါ်မှာလည်း ဂုဏ်ယူမိကြောင်း၊ အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေကြားမှာ သဘောတူထားတဲ့ မူတွေကို အကောင်အထည် ဖော်ဖို့  ပဋိဉာဉ်စာချုပ်လည်း ရှိနေပြီဖြစ်ကြောင်း၊ ဒေသတွင်း လူမှုအဆောက်အဦကြီးတစ်ခု အောင်မြင်အောင် တည်ထောင်ဖို့ အတွက် ဟွာဟင်း ကြေညာချက်ကို သဘောတူခဲ့ပြီ ဖြစ်ကြောင်း ပြောသွားပါတယ်။
အဲဒီနောက်၊ အာဆီယံ လူ့ အခွင့်အရေးကော်မရှင် ဖွဲ့ စည်းကြောင်း ကြေညာတဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
ညနေပိုင်းမှာပြုလုပ်တဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ တရားခံပြေး ဖြစ်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်စင်က အလွဲသုံးစားမှုတွေနဲ့  ဥပဒေကနေ ရှောင်ပြေးနေသူဖြစ်ပြီး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိစ္စက လွတ်လပ်ခွင့်နဲ့  ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူ ဖြစ်တယ်လို့  ပြောကြးသွားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ထိုင်းနိုင်ငံရေး အရှုပ်အထွေးမှာ အနီရောင်ဝတ် ဆန္ဒပြသမားတွေကြောင့် ရွှေ့ ဆိုင်းခဲ့ရတဲ့ ၁၅ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံဟာ ဒီကနေ့  တော့ ပထမနေ့  အဖြစ် အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါတယ်။
ညီလာခံကျင်းပရာ ဒူးဆစ်ဌာနီ ဟိုတယ်ပတ်ဝန်းကျင် တခုလုံးမှာတော့ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး၊ အထူးလေ့ကျင့်ထားတဲ့ ကွန်မန်ဒိုတွေအပြင် ဟိုတယ်အနောက်ဖက်က ပင်လယ်ရေပိုင်နက်ထဲမှာလည်း လက်နက်အပြည့်အစုံနဲ့  ရေတပ်သားတွေက လုံခြုံရေး စနစ်တကျ ယူထားပါတယ်။
ထိပ်သီးညီလာခံဖွင့်ပွဲ အခမ်းအနားအကြောင်းကို ဟွာဟင်း မြို့ မှာ သတင်းသွားယူနေတဲ့ RFA အဖွဲ့ သား ကိုနေရိန်ကျော်က သတင်းပေးပို့  ထားပါတယ်။
October 24, 2009
လူႛအခွင့်အရေးကော်မရှင် စတင်ဖွင့်လှစ်ကြောင်း အာဆီယံ ထိပ်သီးညီလာခံမှာ ကြေညာ
Labels:
လူ့အခွင့်အရေးသတင်း