နအဖ က ပြည်တွင်းခေါ်ဆိုသော ဖုန်းခနှုန်းထားများကို ၂၀၁၀ ခုနှစ်အတွင်းမှာ နှစ်ဆကျော် တိုးမြှင့်လိုက်ကြောင်းသိရသည်။ ၄င်းနှုန်းထားကို ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှ တိုးမြှင့်လိုက်ခြင်းဖြစ်ပြီး ဇန်န၀ါရီလ (၁) ရက်နေ့ မှ စတင်မည်အကျုံးဝင်သွားမည်ဖြစ်သည်။
တိုးမြှင့်လိုက်သော ဖုန်းခက ပြည်တွင်းခေါ်ဆိုဖုန်းခဖြစ်တယ်။ တစ်မိနစ်ကို ၅၀ ကျပ်ဖြစ်တယ် ဟု တယ်လီဖုန်းဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုသည်၊ လက်ရှိဈေးနှုန်းမှာ မိုဘိုင်းဖုန်းများအနေဖြင့် တစ်မိနစ်လျင် ၂၅ ကျပ်ဖြစ်ပြီး အိမ်ဖုန်း (လိုင်းဖုန်း) များမှာ တစ်မိနစ်ကို ၁၅ ကျပ်ဖြစ်သည်။
နိုင်ငံခြားခေါ်ဆိုခတွေကို ပြောင်းလဲမှုမရှိသေးကြောင်း ကိုတာဝန်ရှိသူမှ ပြောကြားခဲ့ပြီး။ ယခုအချိန်အထိ မြန်မာသတင်းဌာနများမှ ထုတ်ပြန်ကြေငြာခြင်း မရှိသေးကြောင်းလည်းသိရသည်။
အဲဒီ့သတင်းသေချာတယ်ဆိုရင် ကျမမိုဘိုင်းဖုန်းကို ခနခန မဆက်တော့ဘူးဟု အသက် (၂၅) နှစ် အရွယ် အိမ်ထောင်ရှင်မ တစ်ဦးက ထုတ်ဖေါ်ပြောဆိုခဲ့သည်။
2009-12-31 Agence France Presse မှသတင်းအရ
January 01, 2010
နအဖ စစ်အစိုးရက နှစ်သစ်မှာ ဖုန်းခများကို နှစ်ဆတိုးမြှင့် လိုက်ခြင်း
Labels:
ကြားကြားသမျှ