April 10, 2010

အမျိုးသမီးနှင့် ကလေးအခွင့်အရေး အာဆီယံဆွေးနွေး

2010-04-08 / RFA

အရှေ့ တောင်အရှနိုင်ငံများအဖွဲ့  အာဆီယံအနေနဲ့ ဒေသတွင်းမှာ အမျိုးသမီးနဲ့  ကလေးသူငယ် လူ့ အခွင့်အရေး ချိုးဖောက်မှု တွေကို ဖြေရှင်းနိုင်ဖို့  လူ့ အခွင့်အရေးဆိုင်ရာက ကော်မရှင်တရပ်ကို မနေ့ က ဧပြီ ၇ ရက် ဗုဒ္ဓဟူးနေ့ က ဖွဲ့စည်း လိုက်ပါတယ်၊

ဒေသတွင်းမှာရှိတဲ့ လူ့ အခွင့်အရေး အဖွဲ့ အစည်းတွေက ဒီကော်မရှင် ဖွဲ့ စည်းလိုက်နိုင်တာကို ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ မနှစ်က ဖွဲ့ ခဲ့တဲ့ အာဆီယံ လူ့ အခွင့်အရေး ကော်မရှင်နည်းတူ ကန့် သတ်ချက်တွေနဲ့  အားနည်းချက်တွေ ရင်ဆိုင်ကြုံတွေ့ နိုင်ပါတယ်လို့ လည်း သတိပေးလိုက်ပါတယ်၊

ကော်မရှင်အဖွဲ့ က ခန့် အပ်မဲ့ စုံစမ်းစစ်ဆေးရေးမှူး ကော်မရှင်နာတွေရဲ့ သြဇာအာဏာ ကင်းကင်းနဲ့ ဆောင်ရွက်နိုင်စွမ်း ရှိမရှိ ဆိုတဲ့ အချက်အပေါ်မှာ လူ့ အခွင့်အရေး အဖွဲ့ အစည်းတွေက စိုးရိမ်ပူပန်မှုတွေရှိပါတယ်၊ ပြီးတော့ ဒီကော်မရှင်အနေနဲ့ ဒေသတွင်း လူ့ အခွင့်အရေး အချိုးဖောက်ခံရဆုံး အမျိုးသမီးတွေနဲ့  ကလေးသူငယ်တွေရဲ့  အခွင့်အရေးကို အမှန်တကယ် ကာကွယ် စောင့်ရှောက်ပေးနိုင်ပါ့မလားဆိုတာလည်း သံသယရှိကြပါတယ်၊

လူ့ အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကြီးက အာရှဌာနခွဲတာဝန်ခံ Mr. Phil Robertson က ဒီကော်မရှင်ဟာ ရှေ့ ခြေတလှမ်းတိုး ဆောင်ရွက်ချက်အဖြစ် ကြိုဆိုလိုက်ပြီး သူတို့ အနေနဲ့  အထူး အနီးကပ် စောင့်ကြည့်သွားမယ်လို့ လည်း ပြောလိုက်ပါတယ်၊

ကော်မရှင်ဖွဲ့ နိုင်တာဟာ ရှေ့ တလှမ်းတိုးလိုက်တဲ့ တိုးတက်မှုလို့ မြင်ပါတယ်။ ဒါပေမယ့် အာဆီယံ ဒေသတွင်းက အမျိုးသမီးနဲ့  ကလေးတွေရဲ့ အခွင့်အရေးတွေကို တကယ်တမ်း ကာကွယ် စောင့်ရှောက်ပေးဖို့ လိုပါတယ်။ ကန့် သတ်မှုတွေ ရှိမှာ သေချာပေမဲ့ နောင်မှာ တဖြည်းဖြည်း ဖြည့်စွတ် ပြင်ဆင်လာကောင်းမယ်လို့ လည်း မျှော်လင့်ပါတယ်လို့  မစ္စတာ ရော်ဘတ်ဆန်က ပြောသွားပါတယ်၊

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ မှာ မနေ့ က ပြုလုပ်တဲ့ ဖွင့်ပွဲ အခမ်းအနားမှာ အာဆီယံ အတွင်းရေးမှူးချုပ် Mr. Surin Pisuwan က အာဆီယံဒေသတွင်းမှာ အမျိုးသမီးနဲ့  ကလေးသူငယ်တွေဟာ လူ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အချိုးဖောက် ခံရဆုံးတွေ ဖြစ်ပြီး အာဆီယံ အသိုင်းအ၀ိုင်းအနေနဲ့  ဂရုဏာ တရားလွှမ်းတဲ့ အသိုင်းအ၀ိုင်းကြီးတခု ဖြစ်ပေါ်လာဖို့ ဆိုရင် သူတို့ ကို အလေးထား ဂရုစိုက်ရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP