April 19, 2010

အဖျက်သမားဘယ်သူလဲ

သင်္ကြန်အကြတ်နေ့  ညနေက ကန်တော်ကြီးပတ်လမ်း X2o ရေကစားမ ဏ္ဍပ်အနီးတွင် ဗုံးသုံးလုံး ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့၍၊ လူ၉ဦးသေဆုံးခဲ့ပြီး၊ ၁၇၀ကျော်ဒဏ်ရာရရှိခဲ့သည်။ အပြစ်မဲ့ပြည်သူများ ထိခိုက်ကုန်ပြီ။ ဗုံးဘယ်သူ ဖောက်တာလဲ။ စစ်အစိုးရမီဒီယာများကတော့အဖျက်သမားတွေ ဖော်တာဖြစ် သည်ဟု ကြေညာသည်။ မှန်သည် ပြည်သူတွေကို သေကြေထိခိုက်အောင် လုပ်သူက တော့အဖျက်သမားသာဖြစ်သည်။ သို့  သော်အဖျက်သမား ဘယ်သူ ဘယ်ဝါဆိုတာ တိတိကျကျသိဖို့ လိုသည်။အဖျက်သမားဘယ်သူလဲ။ ဗုံးဖောက်တဲ့ အဖျက်သမားသည် ဘယ်သူများပါလဲ။

န-အ-ဖခေတ်မြန်မာပြည်တွင် ဗုံးပေါက်ကွဲမှုဖြစ်ရပ်များ မကြာခဏဆိုသ လိုရှိခဲ့သည်။ သွားလေသူ န-အ-ဖ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦးဧ။်သမီး ပင်လျှင် အိမ်ထဲတွင် ဗုံးပေါက်ပြီးသေခဲ့သည်။ ဗိုလ်ချုပ်တင်ဦးကိုယ်တိုင်ပင်လျှင် ရဟတ်ယဉ် ပျက်ကျတာမဟုတ်ပဲ ဗုံးပေါက်ပြီးကွယ်လွန်ခဲ့သလိုလိုသတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသို့ သတင်းထွက်စရာ အကြောင်းကလည်း ရှိခဲ့သည်။ ကမ္ဘာအေး စွယ်တော်ဗုံးပေါက်ကွဲမှုတွင် ဗိုလ်ချုပ်ကြီးတင်ဦးလက်မတင်ကလေး လွတ်ခဲ့သလို၊ နေအိမ် ဗုံးပေါက်ကွဲမှု တွင်လည်း သမီးဖြစ်သူက ဓားစာခံ ဖြစ်သွားခဲ့ရသည်။

မည်သို့ ပင်ဖြစ်စေဗုံးပေါက်ကွဲမှုဖြစ်ပြီးတိုင်းစစ်အစိုးရက သတင်းစာရှင်း လင်းပွဲလုပ်၍၊ တရားခံ ဖော်ထုတ်လေ့ ရှိသည်။ ပြည်ပြေးးဘယ်အုပ်စုကဘယ် ငနီက တခြားအုပ်စုက ငနက်နဲ့ တွဲပြီး ငဖြူကိုသင်တန်းပေးကာ ငဖြူက ငကြောင် ၊ ငကျားစသူတို့နှင့်ပေါင်းကာ ဖောက်ခွဲခဲ့ကြောင်းစသဖြင့်၎င်းတို့ မျက်စေ့ရှေ့  မှောက်တွင် လုပ်ဆောင်ခဲ့ သကဲ့သို့ ရှင်းလင်း တတ်ကြသည်။ သို့ သော်တရားခံ ကိုကား တခါမျှ မမိခဲ့ဖူးပေ။

ဗိုလ်ချုပ်ကြီးတင်ဦးကိုလုပ်ကြံခဲ့သူမည်သူပါနည်း။ ယခုထိတရားခံမပေါ် သေး။ ထို့ ထက်ပို၍ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ရိပ်သာအနီးဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် တက္ကသိုလ်ရိပ်သာလမ်း လူသတ်မှုကြီး ယခုထိ တရားခံမပေါ်သေး။ သတင်းစာရှင်းလင်းပွဲများတွင်အလွန်တိကျစွာတရားခံဖော်ထုတ်ခဲ့သော စစ်ထောက်လှမ်းရေးများ အထူးရဲတပ်ဖွဲ့ ဝင်များ၊ ဆိုခဲ့ပါ အမူများကို တရားခံပေါ်အောင် ဘာကြောင့် မဖော်ထုတ်နိုင်ခဲ့ပါသလဲ။ အရေးကြီးဆုံး မေးခွန်းနောက်တစ်ခုကတော့ န-အ-ဖ စစ်အုပ်စုဝင်များနှင့် ၄င်းတို့ဆွေမျိုးမိတ်သင်္ဂဟများ နေထိုင်သော အင်းယား လမ်းတွင် နှစ်စဉ်သင်္ကြန်ပွဲ ချိမ့်ချိမ့်သဲ ကျင်းပခွင့်ပြုထားခဲ့ရာမှ ယခုနှစ်တွင်ကျင်းပခွင့်မပြုတော့ပဲ၊ သင်္ကြန်မဏ္ဌပ်များကို ကန်တော်ကြီးစောင်းသို့  ရွေ့ ခဲ့တာ အဘယ်သို့ သောအကြောင်းကြောင့်ပါလဲ။

ကန်တော်ကြီး X2o ရေကစားမ ဏ္ဍပ်၊ ဗုံးကွဲမှုတွင် ပြည်သူ ၉ဦးသေ၊ ၁၇၀ ကျော်ဒဏ်ရာရခဲ့ပြီ။ ထို သို့  အပြစ်မဲ့သော ပြည်သူများအပေါ်ရက်ရက်စက်စက် တိုက်ခိုက်တတ်သူ မည်သူ၊ မည်ဝါ ဖြစ်သည်ကို သိနိုင်ရန် အတိတ် ဖြစ်ရပ်များကို ပြန်လည်သုံးသပ်ကြည့်ပါအုံးမည်။မဝေးလှသောအတိတ် ၂၀၀၃ မေ ၃၀ ဒီပဲရင်း လုပ်ကြံမှုကြီး၊ ပြည်သူရာထောင်ချီ၍သေဆုံးခဲ့သောတိုက်ခိုက်မှုကြီး၊ ထိုတိုက် ခိုက်မှုကို ကျူးလွန်ခဲ့သူမှာ န-အ-ဖ အစိုးရ ဖြစ်ကြောင်းတကမ္ဘာလုံးက သတ်မှတ် ထားသည်။ထိုစဉ်က န-အ-ဖ မီဒီယာများမှာ ဘာအသံမှ မထွက်ခဲ့ကြ။ အပြစ်မဲ့ သော ကျေးလက်တောသူတောင်သားများရက်ရက်စက်စက် အသတ်ဖြတ်ခံ ခဲ့ရခြင်း ဖြစ်သည်။၂၀၀၇- စက်တင်ဘာ ရွှေဝါရောက်မေတ္တာပို့သမှုကြီးကိုမြို့ လည်ခေါင် တွင်ရက်ရက်စက်စက်ဖြို ခွဲခဲ့သူ၊ ရဟန်းရှင်လူ ရာထောင်ချီ၍သတ် ဖြတ်ခဲ့သူမှာ န-အ-ဖပင်ဖြစ်သည်။ထို့ သို့ လူသတ်မှုများသာမက ပြန်ပေးဆွဲ ပြီးလူသတ်သည့် အမှုများကိုပင် န-အ-ဖအစိုးရကျုးလွန်ခဲ့ကြောင်းကို ကိုအောင်လှိုင်ဝင်းသေဆုံးခဲ့ မှု၊ အိမ်မဲမြို့ က ကရင်အမျိုးသားကျောင်းဆရာ သေဆုံး ခဲ့ရမှုများက သက်သေ ပြလျက်ရှိသည်။

ဖော်ပြခဲ့သောအကြောင်းအရာများကိုထောက်ချင့်ကြည့်သော်၊ မင်္ဂလာအခါ တော် မြန်မာ့နှစ်ကူးအခါသမယမှာ ပြည်သူတွေသေကြေထိခိုက်ထိတ်လန့် အောင် တိုက်ခိုက်ခဲ့သည့်အကြမ်းဖက်အဖျက်သမားမှာ မည်သူမည်ဝါ ဖြစ်နိုင်သည်ကို ခန့် မှန်းနိုင်လောက်ပါပြီ။

ပြည်သူတွေပြောနေသောစကားနှင့်ပြောရလျှင် “ဒီကောင်တွေ စစ်အစိုးရ ဘာကြံပြန်ပြီလဲ မသိဘူး” ဟု ပြောရုံသာရှိတော့သည်။

စေတနာဖြင့်
ရန်ငြိမ်းအောင်(လူငယ်)

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP