သို့ 
လေးစားစွားဖြင့် အသိပေးအပ်ပါသည်ခင်ဗျာ။
ကျွန်တော်အသိပေးချင်တာကတော့ ကျွန်တော်တို့ ကျောင်းရဲ့  ဖြစ်ပျက်ပုံတွေပါဗျာ၊ ကျွန်တော်က သန်လျင် နည်းပညာတက္ကသိုလ် (GTC) ကပါ။ ကျွန်တော်တို့ ကျောင်းကိုယခု ပြောင်းလာတဲ့ ပါမောက္ခရဲ့  အကြောင်းကို ပြောပြချင်တာပါ၊
ကျွန်တော်တို့ ကိုအရမ်းစည်းကမ်းတင်းကျပ်ပါတယ် လူတယောက်မှာတော့ သူ့ စည်းကမ်းသူ့ တော့ ရှိပါသည်၊ဒါပေမဲ့ အခုပါမောက္ခရဲ့  စည်းကမ်းတွေက လက်မခံနိုင်စရာတွေ ဖြစ်နေပါတယ်ဗျာ။ ကျွန်တော်တို့  ပါမောက္ခနာမည် ဒေါက်တာအောင်ကျော်မြတ်ဖြစ်ပါသည်၊ သူ့ က ပြည် (GTC) ကျောင်းက ပြောင်းလာတာဖြစ်ပါတယ်။
ကျွန်တော်တို့ ကို အခု သူအုပ်ချုပ်နေတာ အထက်တန်းကျောင်းလို လာအုပ်ချုပ်နေတာပါ ကျွန်တော်တို့  တတ်နေတာ အထက်တန်းကျောင်းမှ မဟုတ်တာ တက္ကသိုလ်တတ်နေတာလေဗျာ။ ကျွန်တော်တို့  သန်လျင်ကျောင်းကို ဟိုအရင်က ဒေါက်တာဇာနည်အောင်လို လာအုပ်ချုပ်နေတာပါ အခုပါမောက္ခက၊ ကျွန်တော်တို့ ကို ကျောင်းကန်တင်းတောင် ထမင်းစားချိန်ဘဲသွားခွင့် ပြုပါသည်။
အတန်းချိန်ကို အပြင်မှာတွေ့ ရင် ခုံနံပါတ်မှတ်ပါတယ် မမှတ်ရင်လည်း ကျောင်းသားကဒ်သိမ်းပါသည်။ နောက်ပြီးတော့  ဘာမှမဆိုင်တဲ့  ရည်းစားတွေ လက်တွဲလျှောက်တာတောင် မိဘခေါ်ပါတယ်ခင်ဗျာ၊ သူ့ ရုံးခန်းကို ရောက်သွား ရင်လည်း ရည်းစားရှိလား မရှိလား မေးပါတယ် ဘာမှမဆိုင်တာတွေပါဗျာ၊ ကျွန်တော်တို့ ကို ဆံပင်လေ: နဲနဲ မျက်စိထိတာနဲ့ သူ့ ကပ်ကြေးနဲ့ ညှပ်ပါတယ်ဗျာ၊ အခုဆို ကျောင်းမှာ ဆံပင်ညှပ်ဆရာပါ ခေါ်ထားပါတယ်ဗျာ၊ သူလိုချင်တယ် ဆံပင်ပုံစံက ဗိုလ်ကေဖြစ်နေပါတယ်၊ ကျောင်းသားတယောက်ကို ကိုယ်ထိလက်ရောက်တော့  မလုပ်သင့် ဘူး ထင်ပါတယ်၊
ကျွန်တော်တို့ တတ်နေတာ စစ်တက္ကသိုလ်မှ မဟုတ်တာဗျာ၊ ကျွန်တော်အရင် ပါမောက္ခ ဒေါက်တာကေသီလွင်ကမှ ကျောင်းသား တွေအပေါ် ညှာတာပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ ကျောင်းသူ ကျောင်းသား တွေမှ တက္ကသိုလ်ကျောင်းသားဆိုပြီး ဂိတ်ပေါက်က ရင့် ကော့ပြီး မ၀င်ရဲပါဘူး ကျောင်းရှေ့မှာ ဆရာတွေဆရာမတွေကို တန်းစီပြီး ကျောင်းသားတွေကိုအပြစ်ရှာခိုင်းထားလို့ ပါ၊ ကျွန်တော်တို့  သန်လျင်ကျောင်းသားများသည် ခိုးဝင်တဲ့  အပေါက်ကဘဲ ၀င်နေရပါသည်၊
မိန်းကလေးတွေရောဝင်နေကြတာပါဗျာ၊ နောက်ပြီးတော့ လပတ်စာမေးပွဲကိုလည်း နေရာခွဲပြီး ဖြေခိုင်းပါသည်။ ဘယ်
ကျောင်းမှာမှမရှိပါဘူးခင်ဗျာ၊ အဓိကကတော့ ကျောင်းသားတွေအပေါ် မညှာတာတာပါခင်ဗျာ အခု စာမေးပွဲဖြေနေရ ပါသည် (၂၅.၃.၂၀၁၀) မှ (၆.၄.၂၀၁၀) ထိ ဖြေနေတုန်း ကျောင်းသားနှစ်ယောက် ထုတ်လိုက်ပါသည် စာမေးပွဲခန်းကို နာရီဝက်ကျော်ကျော်လေးဘဲ နောက်ကျတာကို တနှစ်ကျ သတ်မှတ်ပါတယ်ခင်ဗျာ အရင်ပါမောက္ခ ဒေါက်တာ ကေသီလွင် ဆို တနာရီနောက်ကျတာတောင် ပစ်မှုမှတ်တမ်းမှာ လတ်မှတ်ထိုးခိုင်းပြီး ဖြေခိုင်းပါတယ်၊ ကျောင်းသား တယောက်မှာ ကျောင်းကိုလာရတာ အဝေးကြီးဘဲဗျာ အခက်အခဲတော့ ရှိမှာပေါ့ ဗျာ၊ အခုတော့ ပါမောက္ခကသူ့ လုပ်ချင်တာဘဲ သိနေပါသည်။
ကျွန်တော်တို့ ရန်ကုန်တွင် (GTC) ကျောင်းသုံးကျောင်းရှိပါသည်၊ လှိုင်သာယာ၊ မှော်ဘီနှင့် သန်လျင်တို့ ဖြစ်ပါသည်၊ ကျွန်တော်သန်လျင်ကျောင်းက တခြားကျောင်းတွေနဲ့ စည်းကမ်းချင်းမတူ တာတော့  အမှန်အကန်ပင်ဖြစ်သည်၊ လှိုင်သာယာတို့ မှော်ဘီတို့ သည် တက္ကသိုလ်နဲ့ တူသည်လွတ်လပ်ခွင့် ကို ရကြပါသည်၊ ကျွန်တော်တို့ မှာ ကျောင်းထဲကို ၀င်ရတာ ရန်ကုန်အင်းစိန်ထောင်ကြီးနဲ့ တူနေပါသည်၊ ဘယ်နေရာ ကြည့် ကြည့်  သံစူးကြိုးတွေနဲ့  ကာထားပါသည်။ ကျွန်တော်တို့ ကိုတက္ကသိုလ်တခုနဲ့ တူအောင်ကူညီပေးကြပါ ခင်ဗျာ၊ ကျွန်တော်တို့ မှာ (၁၀) တန်းအောင်လို့ တက္ကသိုလ်ကို ပျော်ပျော်တတ်ရမယ်ထင်တာအခုတော့ စိတ်ညစ်စရာ ဖြစ်နေပါသည်၊ ကျွန်တော် မကျေနပ်တာတွေပြောမယ်ဆိုရင် ကုန်မယ်မထင်တော့ ပါဘူးဗျာ၊ လက်တွေ့ သိချင်တယ်ဆိုရင်ကျွန်တော်တို့  ကျောင်းကို လာရောက်ကြည့် နိုင်ပါသည်။ ကျွန်တော် ဒီလောက်လေးဘဲ တင်ပြလိုက်ပါတယ်ခင်ဗျာ၊ စာအရေးအသား ၇ိုင်းပြသွားရင်ခွှတ်လွှတ်ကြပါရန် တောင်းပန်ပါတယ်ခင်ဗျာ။
လေစားစွာဖြင့် 
ကျောင်းသားတဦး
April 23, 2010
တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ရင်ဖွင့်သံ
Labels:
ကြားကြားသမျှ