April 03, 2010

ကချင်ပြည်နယ်ဖားကန့် ဒေသမှာ ရွာတွေ၊လယ်မြေတွေ အသိမ်းခံရမှုအတွက် အဖွဲ့ချုပ်မှ ILO သို့ စုံစမ်းစစ်ဆေးပေးဖို့ တရားဝင်တောင်းဆို....

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ လွန်ခဲ့တဲ့ (၂)နှစ်ကစပြီး ပလောပီနံစိုက်ပျိုးဖို့ ဆိုပြီးယုဇန ကုမ္ပဏီနဲ့ ဒေသခံအာဏာပိုင်တွေ ပေါင်းပြီး အတင်းအကြပ် ရွာတွေကို ဖယ်ခိုင်းနေတာတွေ မြေတွေကို သိမ်းယူနေတာတွေကို အခုထိလုပ်ဆောင် နေပါတယ်။ ဒီမတရားမှုတွေကို ဖားကန့် ဒေသခံတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုလာရောက် တင်ပြလာတဲ့ အတွက် ကြာသာပတေးနေ့က အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌဦးတင်ဦး လက်မှတ်ဖြင့် ဂျနီဖာရှိ ILO သို့ စုံစမ်းစစ်ဆေးပါရန် တရားဝင် တင်ပြ အကြောင်းကြားလိုက်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" မနေ့က အန်ကယ်တို့ အဖွဲ့ချုပ်ကို ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရွာတွေကို အတင်းအကြပ် ဖယ်ခိုင်းတယ် ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်စားသောက်လာတဲ့ ဘိုးဘွားပိုင်မြေတွေကို ယုဇနကုမ္ပဏီက အာဏာပိုင်တွေနဲ့ပေါင်းပြီး အတင်းအကြပ် သိမ်းယူနေတာတွေကို ကာယကံရှင်တွေ ကိုယ်တိုင်က အကြောင်းကြားလာပြီး အဖွဲ့ချုပ်ကို တင်ပြတောင်းဆိုလာတဲ့အတွက် မနေ့က အဖွဲ့ချုပ် Labor Section က ဒုဥက္ကဋ္ဌဦးတင်ဦးလက်မှတ်နဲ့ ဂျနီဖာမှာရှိတဲ့ ILO ဆီကို ဒါဟာ စုံစမ်းစစ်ဆေးပေးဖို့ လိုအပ်တယ်။ Humanity လူ့အခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးပေးပါလို့ တရားဝင် တင်ပြ အကြောင်းကြားလိုက်ပါတယ်။

ကာယကံရှင်တွေ ကိုယ်တိုင် အကြောင်းကြားလာတဲ့ စာထဲမှာတော့ တော်တော်စုံစုံပါပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်လောက်ထဲကစပြီး အခုအထိ ပီလောပီနံ စိုက်ဖို့ဆိုပြီး ယုဇနကုပ္မဏီ နဲ့အာဏာပိုင်တွေ ပေါင်းပြီးရွာတွေကို ဖယ်ခိုင်းတယ်၊ ဘာမှလည်း လျော်ကြေးလည်းမရ တောင်းဆိုလို့လည်းမရ ရက်သတ်မှတ်ပြီး ဖယ်ခိုင်းတယ် မဖယ်ရင်လည်း အိမ်တွေကို အတင်းဖျက်တယ်၊ ဒီပြင့်ခြိမ်းခြောက်တာတွေလည်း အများကြီးရှိတယ် ။ ဘိုးစဉ်ဘောင်ဆက် လယ်မြေစိုက်ပျိုးလာတဲ့ ဘိုးဘွားပိုင် လယ်မြေတွေလည်း သိမ်းယူတယ်။ ဧက(၈၀၀)ကျော်လောက်ရှိပြီလို့ ပါရှိပါတယ်။ သူတို့နေပြည်တော်ကို သွားရောက်တင်ပြသေးတယ်။

ဘာမှလုပ်ဆောင် ပေးခြင်းမရှိတဲ့ အတွက် အဖွဲ့ချုပ်ကို လာရောက်တင်ပြလာတာပါ။ ဒါကြောင့် အဖွဲ့ချုပ်က ILOကို တရားဝင် တင်ပြ တောင်းဆိုလိုက်တာပါဟု" အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါသွားပါတယ်။

စစ်အစိုးရနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက် နေတဲ့ ကုပ္မဏီတွေထဲမှာ ယုဇနကုပ္မဏီလည်း အပါအဝင်ဖြစ်ပြီး မြန်မာပြည်မှာ အိမ်ဆောက်လုပ်ငန်း၊ ဟိုတယ်၊ ရေလုပ်ငန်းနဲ့ အခြားလုပ်ငန်းမျိုးစုံကို လုပ်ကိုင် ဆောင်ရွက်နေပါတယ်။
ဒီမိုဝေယံဘလော့မှ ကူးယူဖေါ်ပြပါသည်၊
http://www.demowaiyan.co.cc/2010/04/ilo.html

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP