မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ ပထမမူကြမ်းကို ပြုစုပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီရင်ခံစာမူကြမ်းကို အတည်ပြုရေး၊ အင်္ဂလိပ်ဘာသာ ပြန်ဆိုရေးနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့
အချိန်မီပေးပို့နိုင်ရေး တို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့က ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် တင်သွင်းမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက် အရ သိရသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌမှာ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး ဦးမောင်ဦး ဖြစ်ပြီး အဖွဲ့ကို ၂၀၀၀ပြည့်နှစ် ဧပြီလ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကာ ယင်းအဖွဲ့အောက်၌ ပြည်ထဲရေးဆိုင်ရာ ဆပ်ကော်မတီ၊ ဥပဒေရေးဆိုင်ရာ ဆပ်ကော်မတီ၊ လူမှုရေးဆိုင်ရာ ဆပ်ကော်မတီ၊ အလုပ်သမားရေးဆိုင်ရာ ဆပ်ကော်မတီ၊ ကျန်းမာရေးဆိုင်ရာ ဆပ်ကော်မတီ၊ ပညာရေးဆိုင်ရာ ဆပ်ကော်မတီ၊ နိုင်ငံတကာဆိုင်ရာ ဆပ်ကော်မတီ၊ သာသနာရေးဆိုင်ရာ ဆပ်ကော်မတီနှင့် အမျိုးသမီးရေးဆိုင်ရာ ဆပ်ကော်မတီ ဟူ၍ ဆပ်ကော်မတီကိုးခုတို့ကို ဖွဲ့စည်းထားကြောင်း သိရှိရသည်။
Eleven Media Group
August 26, 2010
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ ပထမမူကြမ်း ပြုစုပြီးဖြစ်ကြောင်း သိရ
Labels:
လူ့အခွင့်အရေးသတင်း