ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှု ဖြစ်စဉ်များ၌ ကလေးသူငယ် ၂၄၆ ယောက် ရောင်းစားခံခဲ့ရကြောင်း သိရသည်။
အဆိုပါ ကလေးငယ်များကို ရောင်းစားခဲ့သည့် ဖြစ်စဉ်များတွင် တစ်ဖက်နိုင်ငံသို့ ရောက်ရှိမသွားမီ အချိန်မီပြန်လည် ကယ်တင်နိုင်ခဲ့သည့် ကလေးဦးရေမှာ ကိုးဦးသာရှိခဲ့သည် ဟု လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းသို့ မိဘများကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့မှုနှင့် ကလေးငယ်များအား မွေးစားမှုများ ကြောင့် ကိုင်တွယ်ရန် ခက်ခဲမှုများရှိခဲ့ပြီး ကလေးရောင်းစားသည့် သဘောသို့ သက်ရောက်ကာ လူကုန်ကူးမှုမြောက် သော အဖြစ်သို့ ရောက်ရှိသွားမှုများလည်း ရှိသည်ဟု သိရသည်။
________________________________________
လူမှုဝန်ထမ်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ကလေးမွေးစားခွင့် ပြုရမှာဖြစ်ပြီး မွေးစားတဲ့ကလေးငယ်ဟာ မွေးစားခံရတဲ့နေရာမှာ ပျော်ရွှင်မှုရှိမှ ဆက်လက်မွေးစား ခွင့်ပြုတာပါ။ ကလေးမွေးစားမယ် ဆိုပြီး လိမ်ညာ ရောင်းစားတဲ့သူတွေဟာ ဗဟုသုတနည်းပါးတဲ့ ကျေးလက်တောရွာတွေကို ပိုမိုပစ်မှတ်ထား ကျူးလွန်လေ့ရှိကြ ..
________________________________________
"ငါးနှစ်အတွင်း ကလေးရောင်းစားခံရမှုမှာ ၂၄၆ ယောက်ရှိခဲ့ပြီး အဲဒီအထဲမှာ ကိုးယောက်ကိုပဲ ပြန်လည် ကယ်တင် နိုင်ခဲ့ပါတယ်။ ရောင်းစားခံခဲ့ရတဲ့ ကလေးငယ်တွေရဲ့ အသက်ဟာ အငယ်ဆုံး ၃ လကနေ ၈ နှစ်၊ ၁၀ နှစ်လောက်ထိ ရှိပါတယ်။ ကလေးရောင်းစားမှုတွေမှာ မိဘရင်းတွေကိုယ်တိုင် ပါဝင်ပတ်သက်မှုတွေ ရှိခဲ့တာတွေလည်း ရှိပါတယ်"ဟု အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။
ကလေးငယ်များကို ရောင်းစားကြရာတွင် ချစ်၍ မွေးစားပါ့မည်ဟု ဆိုကာ ခေါ်ဆောင်သွားရာမှ ရောင်းစားခြင်း၊ အဓမ္မ အလုပ်ခိုင်းစေခြင်း၊ သူတောင်းစားအဖြစ် တောင်းရမ်းစေ ခိုင်းခြင်းတို့အတွက် ရည်ရွယ်လုပ် ဆောင်ကြသည်ဟု သိရသည်။
"တစ်ကယ်တော့ မိဘတွေမှာ စီးပွားရေး အဆင်မပြေလို့၊ ရပ်တည်ဖို့ ခက်ခဲကြတဲ့အတွက် ကလေးတွေကိုချစ်လို့ မွေးစားချင်ပါတယ်၊ ကျောင်းထားပေးပါ့မယ်ဆိုပြီး လိမ်ညာခေါ်ဆောင် သွားတဲ့သူတွေကို ယုံကြည်ပြီး ပေးလိုက်ရာ ကနေ ကလေးရောင်းစားမှု မြောက်သွားရတဲ့ ဖြစ်စဉ်တွေ၊ မိဘရင်းတွေကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိခဲ့တဲ့ ဖြစ်စဉ် မျိုးတွေ ဖြစ်ပေါ်ခဲ့တာပါ။ မိဘတွေအနေနဲ့ ကိုယ့်ဆီမှာ အဆင်မပြေတော့ မွေးစားမယ့်သူတွေဆီမှာ ပိုအဆင်ပြေ နိုင်မလား ဆိုပြီးထည့်ပေးလိုက်ရာကနေ ဖြစ်သွားတာတွေလည်း ရှိပါတယ်။ တစ်ကယ်တော့ မွေးစားဖို့ပေးမယ် ဆိုရင် လည်း အမွေစားအမွေခံ မွေးစာပါမယ်ဆိုပြီး စာချုပ်စာတမ်း ခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်ရမှာပါ။ လူမှုဝန်ထမ်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ကလေးမွေးစားခွင့် ပြုရမှာဖြစ်ပြီး မွေးစားတဲ့ကလေးငယ်ဟာ မွေးစားခံရတဲ့ နေရာမှာ ပျော်ရွှင်မှုရှိမှ ဆက်လက်မွေးစား ခွင့်ပြုတာပါ။ ကလေးမွေးစားမယ် ဆိုပြီး လိမ်ညာရောင်းစားတဲ့သူတွေဟာ ဗဟုသုတနည်းပါးတဲ့ ကျေးလက်တောရွာတွေကို ပိုမိုပစ်မှတ်ထား ကျူးလွန်လေ့ရှိကြတဲ့အတွက် သတိပြုစရာပါပဲ"ဟု စာရေးဆရာ ၀င်းနိုင်ထွန်းက သုံးသပ်ပြောကြားခဲ့သည်။
Eleven media group မှ ကူးယူဖေါ်ပြပါသည်။
January 11, 2011
ငါးနှစ်အတွင်း လူကုန်ကူးမှုဖြစ်စဉ်များ၌ ကလေးသူငယ် ၂၄၆ ယောက် ရောင်းစားခံခဲ့ရပြီး မိဘများကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့မှုများလည်း ရှိခဲ့ကြောင်းသိရ
Labels:
လူကူးသန်းရောင်းဝယ်မှု