February 04, 2011

သမ္မတအဖြစ် ဦးသိန်းစိန်အား တင်မြှောက်လိုက်ပြီဆိုပဲ

ပြည်ထောင်စုလွတ်တော်မှ ဦးသိန်းစိန်အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည်၊ ထို့ ကြောင့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် သီဟသူရ တင်အောင်မြင့်ဦးတို့ သည် ဒုတိယသမ္မတများဖြစ်သွားကြသည်၊ ၄င်းတို့  (၃) ဦးစလုံးသည် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီမျ သူများဖြစ်ကြသည်၊ ၄င်းတို့ စိတ်ကြိုတ်ရေးဆွဲခဲ့သော ၂၀၀၈ နာဂစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ ၄င်းတို့ ၏ သက်တမ်းကို (၅) နှစ်ခန့် သတ်မှတ်ထားသည်။

သမ္မတရွေးကောက်ပွဲ (လုပ်ပွဲကြီးတွင်) ဦးသိန်းစိန် (၆၅) နှစ်က ၄၀၈ မဲဖြင့် အများစုရရှိခဲ့ပြီး၊ သီဟသူရ တင်အောင်မြင့်ဦးက ၁၇၁ မဲ၊ ဒေါက်တာ စိုင်းမောက်ခမ်းတို့ က ၇၅ မဲရရှိကြောင်းသိရသည်။

သမ္မတ - ဦးသိန်းစိန် နေပြည်တော်၊ ဇမ္ဗူသီရိမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ မှ ရွေးချယ်တင်မြှောက်သူ
ဒုတိယ သမ္မတ - သီဟသူရ တင်အောင်မြင့်ဦး (နအဖ အတွင်းရေးမှူး - ၁) တပ်မတော်သား လွတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ မှ တာဝန်ပေးစေလွတ်သူ
ဒုတိယ သမ္မတ - ဒေါက်တာ စိုင်းမောက်ခမ်း (ခ) မောင်အုန်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ မှ ရွေးချယ်တင်မြှောက်သူ

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP