May 18, 2011

မြန်မာနိုင်ငံမှတင်သွင်းသော လူ့ အခွင့်အရေးအစီရင်ခံစာ (UPR)

မြန်မာနိုင်ငံမှ လူ့ အခွင့်အရေးကောင်စီတွင် တင်သွင်းသော အစီရင်ခံစာ (UPR) မှ အချက်တချို့ ဖြစ်ပါသည်၊ ဟုတ်မဟုတ်ကတော့ မိမိတို့ ကိုယ်တိုင် စဉ်းစားသုံးသပ်ကြည့်ပါလေ။

Myanmar UPR – State Report (24 Jan to 04 Feb 2011, Geneva, A/HRC/WG.6/10/MMR/1)

နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ
၃၇. မြန်မာနိုင်ငံတွင် သေဒဏ်ကို ဥပဒေအရ ပြဌာန်းထားသော်လည်း ၁၉၈၈ခုနှစ်ကတည်းက သေဒဏ်ချမှတ်ခြင်းမရှိခဲ့ပါ။ အသက် ၁၆ နှစ်အောက် နှင့် လူငယ်များကို ပြစ်မှုအလိုက် သေဒဏ်စီရင်ခွင့် ပြဌာန်း ထားသော်လည်း သေဒဏ် ချမှတ် ခဲ့ခြင်း မရှိပါ။
၃၈. ကလေးဥပဒေအရ ကလေးနှင့် လူငယ်များအား လူကြီး အကျဉ်းသားများနှင့် အတူထိန်းသိမ်းထားခြင်းမရှိပါ။

၃၉. ကလေးသူငယ်ပြစ်မှုကျူးလွန်သူကို ၄င်း၏ အသက် နှင့် ပြန်လည် လေ့ကျင့်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်လေ့ ရှိသည်။ စီရင်ချက်ကို တဆင့်မြင့်သော တရားရုံးတွင် အယူခံဝင်ပိုင်ခွင့်ရှိသည်။
၄၂. မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ စုရုံးခွင့်နှင့် လွတ်လပ်စွာ အစုအဖွဲ့ဖွဲ့စီးခွင့်ကို အသိအမှတ်ပြုသည်။
၄၃. မွေးဖွားလာသော ကလေးများအား မှတ်ပုံတင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်ကိုလည်း ဥပဒေနှင့်အညီ ခွင့်ပြုထားသည်။

ကလေးအခွင့်အရေး
၄၅. မြန်မာနိုင်ငံသည် ၁၉၉၁ခုနှစ် ဇူလိုင်လ ၁၆ရက်နေ့တွင် နိုင်ငံတကာ ကလေးသူငယ်အခွင့်အရေးစာချုပ်ကို လက်မှတ်ထိုးပြီး ၁၉၉၁ခုနှစ် သြဂုတ်လ ၁၅ရက်နေ့မှစ၍ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်လာခဲ့သည်။ စာချုပ်ပါအချက်များကို အကောင်အထည်ဖော်ရန် ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ဇူလိုင်လ၁၄ရက် ၁၉၉၃ခုနှစ်တွင် ပြဌာန်းခဲ့သည်။ အများပြည်သူသိအောင် ဒီဇင်ဘာလ ၁၂ ရက် ၂၀၀၁ တွင်တရားဝင်ကြေငြာခဲ့သည်။ ကလေးသူငယ်ဆိုင်ရာ တရားရုံးများကို ဖွင့်လှစ်ခဲ့ပြီး ကလေးသူငယ်ဆိုင်ရာ အမှုများကို ကြားနာခဲ့သည်။

၄၇. ၂၀၀၂ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသည် UNICEF နှင့် ပူးပေါင်းကာ ကလေးသူငယ်အခွင့်အရေးစာချုပ်နှင့် ပတ်သတ်ပြီး ပညာပေးမှုအစီအစဉ်များကို ၂၆၄ကြိမ်တိုင်တိုင် ပူးတွဲဆောင်ရွက်ခဲ့သည်။

၄၈. ကလေးစစ်သားစုဆောင်းမှုကာကွယ်ရေး ကော်မတီကို ၂၀၀၄ခုနှစ် ဇန်န၀ါရီလ ၅ရက်နေ့တွင်ဖွဲ့စည်းခဲ့သည်။

၅၀. ကလေးစစ်သား ၂၂၄ယောက်ကို တပ်မှထွက်ခွင့်ပြုခဲ့ပြီး ကလေးအခွင့်အရေးနှင့်ပတ်သတ်ပြီး လူထုကြား အသိပညာတိုးပွားစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

အမျိုးသမီးအခွင့်အရေး
၅၁. မြန်မာနိုင်ငံသည် CEDAW ကို ၁၉၉၇ခုနှစ် ဇူလိုင်လ ၂၂ရက်တွင် လက်မှတ်ရေးထိုးပြီး အမျိုးသမီးအခွင့်အရေး နှင့် လွတ်လပ်မှုများကို ဖြည့်ဆည်းပေးလျှက်ရှိသည်။

၅၄. ၂၀၀၈ − ၂၀၀၉ခုနှစ် စာရင်းအရ အမျိုးသမီးဝန်ထမ်းအင်အားမှာ ကျန်းမာရေးဌာနတွင် ၆၃.၉၉% ၊ ပညာရေးဌာနတွင် ၇၆.၄၆% နှင့် အုပ်ချုပ်ရေးနယ်ပယ်တွင် ၅၀.၉၉% ရှိသည်။ လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသည် သတ်ဆိုင်ရာဝန်ကြီးဌာနများ၊ကမာ့္ဘကုလသမ္မဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့များနှင့် ပူးပေါင်းကာ အမျိုးသမီးများ ပိုမိုဖွံ့ဖြိုးရေးအတွက် ၅နှစ်တာ (၂၀၁၁− ၂၀၁၅) နိုင်ငံတော်စီမံချက်ကို ရေးဆွဲခဲ့သည်။ ထိုစီမံချက်တွင် အမျိုးသမီးများနှင့် အသက်မွေးဝမ်းကြောင်း၊ အမျိုးသမီးများ၏ ပညာရေးနှင့် သင်တန်းများ၊ အမျိုးသမီးနှင့်ကျန်းမာရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှုကို ဆန့်ကျင်ရေး၊ အမျိုးသမီးနှင့် အရေးပေါ်အခြေအနေ၊ အမျိုးသမီးနှင့် စီးပွားရေး၊ အမျိုးသမီးနှင့် ဆုံးဖြတ်နိုင်ခွင့်၊ အမျိုးသမီး စွမ်းဆောက်ရည်မြင့်မားရေး၊ အမျိုးသမီးနှင့် လူ့အခွင့်အရေး၊ အမျိုးသမီးနှင့် သတင်းမီဒီယာ၊ အမျိုးသမီးနှင့် သဘာဝ ပတ်ဝန်းကျင်၊ အမျိုးသမီးငယ်များနှင့် ကလေးမများ စသည်ဖြင့် နယ်ပယ် ၁၂ရပ်ပါဝင်သည်။

အခြားနည်းနှင့်သန်စွမ်းသူများ အခွင့်အရေး
၆၇. အခြေခံဥပဒေ အပိုဒ် (၃၂−က)အရ နိုင်ငံတော်သည် မိခင်နှင့်ကလေးများ၊ မိဘမဲ့ကလေးများ၊ ဒဏ်ရာရစစ်သည်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများကို တာဝန်ယူ စောင့်ရှောက်ပေးမည်ဟု ဖော်ပြပါရှိသည်။ ၁၉၉၃ခုနှစ်ပြဌာန်းထား သော ကလေးသူငယ်ဆိုင်ရာ ဥပဒေတွင်လည်း ဥာဏ်ရည်မမှီသောကလေးများနှင့် ကိုယ်အင်္ဂါ ချို့ယွင်းသောကလေးများ အတွက် လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ရှင်သန်နိုင်ရန် အထူးဖွင့်လှစ်ထားသော ကျောင်းများတွင် မူလတန်းအဆင့် ပညာရေးကိုသော်လည်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အတတ်ပညာကိုသော်လည်းကောင်း သင်ကြားနိုင်သည့် အခွင့်အရေးရှိသည်ဟုလည်း ပြဌာန်းထားသည်။

၇၀. လူမှုရေး၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန နှင့် ပညာရေး ၀န်ကြီးဌာနတို့ပူးပေါင်းကာ အကောင်အထည်ဖော်သော “အားလုံးအတွက် ပညာရေး” အစီအစဉ်ဖြင့် မသန်စွမ်းသော ကလေး(၈၀၁)ယောက်သည် အခြေခံပညာ မူလတန်းကျောင်းများတွင်၎င်း၊ ကလေး(၁၄၅၀)ယောက်သည် မသန်စွမ်းသူများအတွက် ဖွင့်လှစ်ထားသော အထူးကျောင်း (၁၄)ကျောင်းတွင်၎င်း၊ မသန်စွမ်းသူ (၃၁)ယောက်သည် ကောလိပ်နှင့် တက္ကသိုလ်များတွင်၎င်း၊ မသန်စွမ်းသူ (၆)ယောက်သည် ဘွဲ့လွန်သင်တန်းများတွင်၎င်း တက်ရောက် ပညာသင်ကြားလျှက်ရှိသည်။

၇၁. လူမှုရေး၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနလက်အောက်တွင် မသန်စွမ်းသူများအတွက် ကျောင်းပေါင်း (၁၇) ကျောင်း၊ မသန်စွမ်းသူုများအတွက် အရင်းအမြစ် စင်တာပေါင်း ၂၂ခု၎င်း၊ ဖွင့်လှစ်ထားသည်။

၇၁. မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အရေးကို ၁၉၅၈ မသန်စွမ်းသူများ အလုပ်လုပ်ခွင့် အက်ဥပဒေဖြင့် ပြဌာန်းထားပြီး ပြဌာန်းချက်အတိုင်း အကောင်အထည်ဖော်ပေးလျှက်ရှိသည်။
ဘာသာရေးလွတ်လပ်ခွင့်

၇၄. ၁၉၄၇ နှင့် ၁၉၇၄ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေ နှစ်ခုလုံးတွင် လူမျိုး၊ဘာသာ၊ လိင်မခွဲခြားပဲ မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်ဟု ပါရှိသည့်အပြင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံဥပဒေတွင်လည်း ပါရှိသည်။ ဖွဲ့စည်းပုံ ဥပဒေ အခန်း ၃၆၂တွင် ခရစ်ယန်၊ အစ္စလမ်၊ ဟိန္ဒြူ နှင့်အခြား ဘာသာများကို အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။

ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေး
၇၆. ၁၉၈၈ခုနှစ်နောက်ပိုင်းမှစတင်ကာ အစိုးရ၏ သဘောထားအမှန်ကို သိရှိလာပြီး လက်နက်ကိုင် တော်လှန်သည့် အဖွဲ့ပေါင်း ၁၈ဖွဲ့ရှိသည့်အနက် ၁၇ဖွဲ့မှာ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ပြီး ၄င်းတို့ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် လက်တွဲကာ ဆောင်ရွက်လျှက်ရှိသည်။
၈၁. ၂၀၁၀ မေ ၃၁ အထိ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေအဖြစ် နိုင်ငံတော်မှ ကျပ်သန်းပေါင်း (၁၁၉.၁၃၁)သုံးစွဲ ခဲ့ပြီး အခြားဝန်ကြီးဌာနများအနေနှင့် ကျပ်သန်းပေါင်း (၁၉၇.၉၀၄)သုံးစွဲခဲ့ကာ စုစုပေါင်း ကျပ်သန်း (၃၁၇.၀၃၅) သုံးစွဲခဲ့သည်။

ကျန်းမာရေးဆိုင်ရာအခွင့်အရေး
၈၂. ၁၉၇၈ခုနှစ်ကတည်းက “အားလုံးကျန်းမာ” ဆိုသည့် လူမှုရေးပန်းတိုင်ကို ချမှတ်ကာ ဆောင်ရွက်လျှက်ရှိသည်။
၈၆. ကျန်းမာရေးဝန်ကြီးဌာန၊ ကမာကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ လက်အောက်ခံ အေအိုင်ဒီအက်စ် အဖွဲ့တို့၏ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် ၂၀၀၉ခုနှစ်က အသက် ၁၅ နှစ်မှ ၄၉နှစ်ကြား အေအိုင်ဒီအက်စ် ဝေဒနာရှင် ပေါင်း (၂၄၀,၀၀၀)ရှိသည်။
၈၈. အစိုးရသည် ကျန်းမာရေးအတွက် အသုံးစရိတ်ကို လွန်ခဲ့သော ဆယ်စုနှစ်ကထက် ၁၂ဆတိုးမြှင့်သုံးစွဲခဲ့သည်။ ၂၀၀၈−၂၀၀၉ခု ဘဏ္ဍာရေးနှစ်အတွက် ကျပ်သန်းပေါင်း (၅၁.၆၇၅)ကို သုံးစွဲခဲ့သည်။

ပညာရေးဆိုင်ရာ အခွင့်အရေး
၉၃. မြန်မာနိုင်ငံတွင် အားလုံးအတွက်ပညာရေး အမျိုးသားစီမံကိန်းကို (၂၀၀၃ − ၂၀၁၅)ရေးဆွဲခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကလေးအခွင့်အရေးစာချုပ်နှင့် အညီ ကလေးပျော်ကျောင်းများကို ၁) ကလေးများအတွက် အကောင်းဆုံးဖြစ်စေရန် ၂) ခွဲခြားမှုမရှိစေရန် ၃) ကလေးများ၏ အမြင်သဘောထားကို လေးစားရန်ဟူသော ရည်ရွယ်ချက် သုံးရက်ဖြင့် ဖွင့်လှစ်ခဲ့သည်။

၉၄. လူ့အခွင့်အရေး ပညာပေး သင်ခန်းစာများကို အခြေခံပညာ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းထားပြီး အခြေခံ ပညာ ကျောင်းများတွင် သင်ကြားလျှက်ရှိသည်။ မူလတန်းအဆင့်တွင် လူ့အခွင့်အရေးကို စာရိတ္တနှင့် နိုင်ငံသား (ပြည်သူ့နီတိ) ဘာသာရပ်တွင်၎င်း၊ မြန်မာဘာသာနှင့် လူမှုရေးဘာသာ တို့တွင်၎င်း ထည့်သွင်းထားသည်။ အလယ်တန်းအဆင့်တွင် လူ့အခွင့်အရေးကို ပူးတွဲ သင်ခန်းစာအနေနှင့် ထည့်ထားသည်။

၉၈. ၂၀၀၉−၂၀၁၀ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးအသုံးစရိတ်မှာ ကျပ်သန်းပေါင်း (၂၄၈.၃၉) ရှိသည်။

အကျဉ်းသားများနှင့်ဆိုင်သော အခွင့်အရေးများ
၉၉. ပြည်ထဲရေး ၀န်ကြီးဌာနအောက်ရှိ အကျဉ်းဦးစီးဌာနသည် ၁၉၈၈ခုနှစ်က ကမာ့္ဘကုလသမ္မဂတွင် ပြဌာန်းခဲ့သော အကျဉ်းသားများ အပေါ်ဆက်ဆံရာတွင် လိုက်နာရမည့် အခြေခံစံနှုန်းများနှင့် အညီ လိုက်နာနိုင်အောင် ကြိုးစားအကောင်အထည် ဖော်လျှက်ရှိသည်။

၁၀၀. အကျဉ်းကျခံရသူများကို ကျား၊မ ခွဲခြားကာ အကျဉ်းထောင်ပုံစံ(၂၁)တွင် ရေးသွင်းပြီး စနစ်တကျ မှတ်ပံတင်ထားသည်။ အကျဉ်းသားတစ်ဦးအတွက် အနည်းဆုံး ၃၆စတုရန်းပေ အကျယ်နေရာပေးထားသည်။ လေ၀င်လေထွက်ကောင်းအောင်လည်း အချုပ်ခန်းများနှင့် ထောင်တွင်းတွင် စီမံထားသည်။ အကျဉ်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ ကိုယ်လက်အင်္ဂါကျန်းမာရေးအတွက် လည်း စနစ်တကျ စီမံဆောင်ရွ့က်ထားသည်။

၁၀၁. ၂၀၀၆ မှ ၂၀၁၀ အတွင်း လူငယ် အကျဉ်းသားများ ပညာရေးအတွက် သူငယ်တန်းမှ ၉တန်းအထိ အတန်းများစီစဉ်ပေးထားသည်။

၁၀၂. အသက်မွေးဝမ်းကြောင်း သင်တန်းများကို လည်းထောင်အတွင်းတွင် စီစဥပေးထားပြီး ၂၀၀၄မှ ၂၀၁၀အတွင်း အကျဉ်းသားပေါင်း ၁၄၅၅၄ တက်ရောက်ပြီးဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်ရန်အတွက် ဆရာဝန်ပေါင်း ၃၃ဦး၊ ကျန်းမာရေးစောင့်ရှောက်သူပေါင်း ၂၈ဦး နှင့် ကျန်းမာရေး လုပ်သားပေါင်း ၆၉ဦးတို့ကို အကျဉ်းထောင်များ၊ အလုပ်စခန်းများအတွက် ခန့်အပ်ပေးထားသည်။ ၂၀၀၉−၂၀၁၀ ဘဏ္ဍာရေးနှစ်အတွက် အကျဉ်းထောင်များနှင့် အလုပ်စခန်းများအတွက် ဆေးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများအတွက် ကျပ်သန်းပေါင်း (၇၁.၉၃) သုံးစွဲခဲ့သည်။ ကျပ်သန်းပေါင်း (၃၀၇.၅၉)တန်ဖိုးရှိ ရေသန့်စင်စက် ၂၅လုံးကို လည်း တပ်ဆင်ပေးခဲ့သည်။

၁၀၃. တရားမမှုဆိုင်ရာ လုပ်ထုံး ၄၀၁ အပိုဒ် ၁ အရ၊ ထောင်အတွင်း စည်းကမ်းလိုက်နာသော အကျဉ်းသားများကို လည်း အပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့သည်။ ယနေ့အချိန်အထိ လွတ်ငြိမ်းချမ်းသာခွင့် ၁၅ကြိမ်ပေးခဲ့ပြီး အကျဉ်းသားပေါင်း ၁၁၄၈၀၃ဦး ကို ပြစ်ဒဏ်မှ လျှော့ကာ လွှတ်ပေးခဲ့သည်။

ပြည်သူကြားအသိပညာ ဖြန့်ဝေမှု
၁၁၀. နိုင်ငံတကာမှ ကျွမ်းကျင်သူများ၏ အကူအညီကို ရယူကာ ကလေးအခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ လူကုန်ကူး ခံရသူများ၏ အခွင့်အရေး၊ ရွေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးဆိုင်ရာ သင်ရိုးညွှန်းတမ်း မူကြမ်းများကို ရေးဆွဲပြီး ဖြစ်သည်။ သတ်ဆိုင်ရာ ပညာရှင်များက မြန်မာ့ ရဲအရာရှိများကို သင်တန်းကျောင်းများတွင် သင်တန်းပို့ချပေးလျှက်ရှိသည်။ ထို့အပြင် ရဲအရာရှိများ၊ သတ်ဆိုင်ရာ အာဏာပိုင်များ၊ တာဝန်ရှိသူများ ပူးပေါင်းကာ မြန်မာနိုင်ငံအနှံ့ သင်တန်းပို့ချလျှက်ရှိသည်။

၁၁၅. ပထမအကြိမ် CEDAW အစီရင်ခံစာကို ၁၉၉၉ ဇူလိုင်လတင် တင်သွင်းခဲ့ပြီး ဒုတိယနှင့် တတိယအကြိမ် ပူးတွဲအစီရင်ခံစာကို ၂၀၀၇ ဇူလိုင်လတွင် တင်သွင်းခဲ့သည်။

၁၂၉. မြန်မာနိုင်ငံအစိုးရသည် CRPD (မသန်စွမ်း), Optional protocol to CRC, ICCPR (နိုင်ငံသားနှင့်နိုင်ငံရေး), ICESCR (စီးပွား၊လူမှု၊ ယဉ်ကျေးမှု), ICERD (မျိုးနွယ်စု ခွဲခြားဆက်ဆံခြင်း), ICRMW (ရွေ့ပြောင်းလုပ်သား) စသည့် နိုင်ငံတကာ စာချုပ်များကို လက်မှတ်ရေးထိုးရန် လေ့လာလျှက်ရှိသည်။
ပေးပို့ သူ ဆရာမျိုးအားကျေးဇူးတင်ပါသည်၊

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP