November 06, 2011

တွံတေးမြိုနယ် အာဏာပိုင်းများ၏ ဥပဒေမဲ့ လုပ်ရပ်

တွံတေးမြို့နယ် အာဏာပိုင် အဖွဲ့အစည်းများသည် အာဏာ အလွဲသုံးစားပြုလုပ်၍ အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်း များအား ဥပဒေမဲ့တိုက်ခိုက် ချောက်ချမှုများပြုလုပ်နေကြကြောင်း တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များထံမှ သိရှိရသည်။

ယမန့်နေည (၃.၁၁.၁၁) တွင်တွံတေးမြို့နယ် NLD လူငယ်အစည်းအဝေးအတွက် တွံတေး NLD လူငယ်များဖြစ်သော ကိုကျော်မိုးနိုင် နှင့် ကိုအောင်ကျော်ဇော တိုနှစ်ဦးမှာ အစည်းဝေးလိုက်လံဖိတ်ကြားပြီ အပြန် ည ၁၀ နာရီခန့်တွင် တွံတေးမြိုနယ်မှ စွမ်းအားရှင်တဖြစ်လဲ ဆယ်အိမ်ခေါင်းများ ဖြစ်ကြသော ကျော်တင့် နှင့် ၀င်းနိုင်တို့ ပါဝင်သော အဖွဲ့က လမ်းမှ စောင့်ဆိုင်းပြီ ချောင်းမြှောင်းကာ ၀ိုင်းဝန်း ရိုက်နက် ခဲ့ကြသဖြင့် NLD လူငယ်များဖြစ်သော ကိုကျော်မိုးနိုင်မှာ ခေါင်းကွဲပြီး နှုတ်ခမ်းနှင့်ကျောကုန်းတွင် ရိုက်နှက်ခံရသော ဒဏ်ရာများ ရရှိခဲ့၍ တွံတေးမြိုနယ် ပြည်သူဆေးရုံကြီးသို့ ညတွင်းချင်း တင်ပိုခဲ့ရပြီး အခြား NLD လူငယ်တစ်ဦးဖြစ်သူ ကိုအောင်ကျော်ဇော မှာ ဖူးယောင်ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပါသည်။

ထိုဖြစ်စဉ် နှင့် ပက်သက်၍ တွံတေးမြို့နယ် NLD လူငယ်တာဝန်ခံ ကိုရဲထွဏ်ခေါင်မှကျော်တင့် နှင့် ၀င်းနိုင်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅ အရ တွံတေးမြို့နယ် ရဲစခန်းတွင် အမှု ဖွင့်ထားသောလဲ သက်ဆိုင်ရာအာဏာပိုင်းများက ယခုအချိန်ထိ အရေးယူ ဆောင်ရွက် ပေးခြင်း မ၇ှိသေးကြောင်း သိရှိရပါသည်။

ယခင်လ ကလဲ တွံတေး NLD တာဝန်ခံနှင့် တွံတေးရဲစခန်းမှ အရာရှိများ ယခုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့သည့်အတွက် အပြန်အလှန် တရားစွဲဆိုမှုများပြုလုပ်ခဲ့ကြပြီး ယခုအထိ အမှုပြီးပြတ်ခြင်းမရှိသေးပေ။

ယခုညနေပိုင်းတွင်အဆိုပါစွမ်းအားရှင်များက NLD လူငယ်နှစ်ဦးအား လူငှား၍ သတ်ပစ်မည်ဟု ထပ်မံခြိမ်းခြောက်ပြန်သဖြင့် ရဲစခန်းသို့  တိုင်တန်းထားပါသည်။

ရဲထွဋ်ခေါင်
တွံ့ တေးမြို့ နယ် NLD လူငယ်တာဝန်ခံ
0973133594
facebook by Thar Swe on Saturday, November 5, 2011 at 3:30am
BY ရဲရင့်(ကနေဒါ) ... 11/05/2011

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP