July 22, 2009

အာစီယံရေးရာလုပ်ငန်းအဖွဲ့ ညှိနိုင်းဆောင်ရွက်ရေးမှူး ကိုအောင်မျိုးမင်းကို အာအက်အေမှဆက်သွယ်မေးမြန်းချက်

ဗွီအိုအေ
၁၇၊ ၇၊ ၂ဝဝ၉ (သောကြာနေ့)

မြန်မာစစ်အစိုးရ လုပ်ကိုင်ဆောင်ရွက်နေတာတွေဟာ အရှေ့တောင်အာရှနိုင်ငံများ (အာဆီယံ) က ချမှတ်ထားတဲ့ ပဋိညာဉ်စာတမ်းကို ချိုးဖောက်နေတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ မြန်မာနဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်း (၆၉) ခုက စုပေါင်းလက်မှတ်ရေးထိုးပြီးတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့်လည်း အာဆီယံကနေ တကယ်တန်းလက်တွေ့ အရေးယူဆောင်ရွက်နိုင်မယ့် အလားအလာကတော့ သိပ်မရှိလှပါဘူး။ အာဆီယံ (တက်ခ်စ်ဖို့ )လို့ နာမည်ပေးထားတဲ့ မြန်မာအဖွဲ့အစည်းတွေရဲ့ အာဆီယံအဖွဲ့ရေးရာ လုပ်ငန်းအဖွဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ကိုအောင်မျိုးမင်းကို ဘန်ကောက်ရောက်ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ အဖွဲ့အစည်းတွေ ပေးပို့တဲ့စာထဲမှာ မြန်မာနိုင်ငံအရေးဟာ အာဆီယံအတွက် အဓိကကျတဲ့ တိုင်းတာမှုမှတ်ကျောက်ဖြစ်တယ်လို့ ဖော်ပြထားတဲ့အတွက် ဘာကြောင့် မြန်မာနိုင်ငံကို အဲဒီလိုသတ်မှတ်ရ တာပါလဲဆိုတာကို ကိုအောင်မျိုးမင်းက အခုလိုစပြီး ပြောပါတယ်ရှင်။


ကိုအောင်မျိုးမင်း။ ။ အခုလက်ရှိ အာဆီယံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အဓိကပြောဆိုကြတဲ့အထဲမှာ လူ့အခွင့်အရေးအကြောင်း ပြောမယ်ဆိုလို့ရှိရင် မြန်မာပြည်ကိစ္စ မပါရင် မပြီးပါဘူး။ လက်ရှိဖြစ်ပျက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးပြီးတော့ရုံးတင်တဲ့ကိစ္စတွေ၊ နောက်တခါ ကျနော်တို့ ကရင်ပြည်နယ်မှာ ထိုးစစ်ဆင်တဲ့ ကိစ္စတွေက လူ့အခွင့်အရေးကိစ္စနဲ့ ပြောကိုပြောရမယ့် ကိစ္စမျိုးဖြစ်နေတယ်။ ဒီလိုမျိုး ကိစ္စအခြေအနေမျိုးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စမှာ အရေးယူဆောင်ရွက်ပေးဖို့ နောက်တခါ အာဆီယံရဲ့ ပြည်တွင်းရေးဝင်ရောက် စွတ်ဖက်ရေးမူကို ဖျက်ပြီးတော့ အာစီယံဒေသအတွင်းမှာ ရှိတဲ့ လူ့အခွင့်အရေး ငြိမ်းချမ်းရေးလုပ်ဆောင်ပေးဖို့ မြန်မာနိုင်ငံက ကိုင်တွယ်ဖို့ အချိန်ရောက်နေပြီ လုပ်ဖို့ လဲ အချိန်ကျနေပြီဆိုတာ ကျနော်တို့ တိုက်တွန်းပြောဆိုတာ ဖြစ်ပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ ဒီစာတန်းမှာ အာဆီယံနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ဖန်းအက်ရှင်လို့  ခိုင်မာတာလား ပြင်းထန်တာလား အရေးယူဆောင်ရွက်မှုတွေရှိပါတယ် အဲဒီတော့ ဘယ်လို အရေးယူဆောင်ရွက်မှုကို လိုချင်တာလဲ ကိုအောင်မျိုးမင်းတို့က တိတိကျကျ။


ကိုအောင်မျိုးမင်း။ ။ မြန်မာနိုင်ငံရဲ့အခြေအနေက အာဆီယံတစ်ခုလုံးကို ချိန်းခြောက်တယ်လို့ပြော လို့ရပါတယ် ဘာဖြစ်လို့ လဲဆိုတော့ ဒုက္ခသည်ကိစ္စတွေ ရွေ့ပြောင်းအလုပ်သမား ကိစ္စတွေ ဖြစ်လာတယ်။ ဒီလိုမျိုးကိစ္စတွေကို တွေ့ရတာဟာ အာဆီယံ နိုင်ငံနဲ့ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ အိမ်နီးနားချင်းနိုင်ငံတွေပေါ့။ အဲဒီတော့ မြန်မာနိုင်ငံကို အရေးယူဆောင်ရွက်ခြင်းဆိုတာက ကျနော်တို့ အခုလိုမျိုး ရေငုံနှုတ်ပိတ် ဘာမှမပြောပဲနေမဲ့အစား မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကို အာဆီယံကနေ ကြားဝင်ဆောင်ရွက်ပေးဖို့ ဒီလိုမျိုးပြောင်းလဲမှု မရှိလာဘူးဆိုလို့ရှိရင်တော့ အာစီယံမှာ လုပ်နိုင်တဲ့ လူ့အခွင့်အရေးတာဝန်တွေ အာစီယံမှာရှိနေတဲ့ နိုင်ငံတကာဖိအားတွေ အသုံးချပြီးတော့ စီပွားရေး ပိတ်ဆို့မှုတွေကို နအဖ ကို အပြုသဘောဆောင်ပြီးတော့ ပူးပေါင်းဆောက်ရွက်ဖို့ ကျန်တော်တို့ ဒါကိုမျော်လင့်ပါတယ်။


ကိုကျော်ကျော်သိန်း။ ။ အာစီယံနိုင်ငံတွေက အဖွဲ့ဝင်နိုင်ငံကို သူတို့ ဝင်ရောက်မစွက်ဖက်ရဘူးဆိုတဲ့ ဥပဒေကို ကိုင်ထားဆဲပါပဲ။ အဖွဲ့ဝင်နိုင်ငံအားလုံးသဘောတူမှ ဆုံးဖြတ်ချက်ချမယ်လို့ သဘောတူညီချက်ကို လက်ကိုင်ထားဆဲပါပဲ။ ဆိုတော့ ကိုအောင်မျိုးမင်းတို့ တိုက်တွန်းတာ တောင်းဆိုတာတွေကို အာစီယံနိုင်ငံတွေက ဘယ်လောက်အတိုင်း အတာ အထိ နားထောင်ပြီးလိုက်လုပ်ပါမယ်လို့ ယူဆပါသလဲခင်ဗျာ။

ကိုအောင်မျိုးမင်း။ ။ အာစီယံမှာ အဓိက အခက်အခဲက တစ်ခြားနိုင်ငံကို ဝင်ရောက် စွက်ဖက်လို့မရနိုင်တဲ့ မူက ကျနော်တို့အတွက် အဟန့်အတား ဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုမျိုးမူကိုကိုင်ဆွဲပြီးတော့ နအဖက သူတို့ကို မစွက်ဖက်ဖို့ တစ်ချို့နိုင်ငံတွေကလဲ ဒီကိစ္စကို ဝင်ရောက်မလုပ်ဖို့အတွက် သူတို့အတွင်းမှာ အသံတွေထွက်လာပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီကိစ္စက ပြည်တွင်းရေးမဟုတ်ပဲ ဝင်ရောက်တိုင်တွယ်ဖြေရှင်းရမယ်ဆိုတဲ့ အယူအဆတွေလဲ သူတို့အထဲမှာရှိပါတယ်။ အာစီယံ ဥက္ကဌ တာဝန်ကျတဲ့ထိုင်းနိုင်ငံ နဲ့ တခြားနိုင်ငံတွေက ထုတ်ဖော်ပြောဆိုမှုက တိုးတက်မှုတစ်ရပ်လို့ ကျနော်တို့ ပြောနိုင်တယ်။ ဒါပေမယ့် ခုနက ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရဘူးဆိုတဲ့မူရှိနေတဲ့အတွက် ဘယ်လောက်အထိအောင်မြင်မလဲဆိုတာ ကျနော်တို့ ဟိုဘက်မှာ စာနာတဲ့ နိုင်ငံတွေရဲ့လုပ်ဆောင်မှုတွေ အပေါ်မှာ အများကြီး မူတည်ပါတယ်။ အရင်က မဆွေးနွေးတာကနေ ဆွေးနွေးလာတယ်။ တောင်းဆိုမှုတွေရှိလာတော့ အင်အား ရှိလာပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေ အများကြီးလဲ ကြုံနေရတုန်းပါပဲ။

မြန်မာနိုင်ငံအဖွဲ့အစည်းတွေရဲ အာစီယံရေးရာလုပ်ငန်းအဖွဲ့ ညှိနိုင်းဆောင်ရွက်ရေးမှူး ကိုအောင်မျိုးမင်းကို အာအက်အေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်ရှင်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP