July 30, 2009

ဒေါ်‌‌စု ‌အမူဟာ နိုင်‌ငံတကာအ‌‌ရေးလို့ မစ္စတာ ကင်‌တားနားကဆို

ဒေါ်‌‌အောင်‌ဆန်းစုကြည်‌ကို ဖမ်း ဆီးတာဟာ ဥပ‌ဒေနဲ့ မညီဘဲ အတင်း အဓမ္မဖမ်း ဆီး အ‌ရေးယူတာဖြစ်‌တဲ့အတွက်‌ လူ့အခွင့်‌အ‌ရေးချိုး‌ဖောက်‌မူ ဖြစ်‌‌တဲ့ အ‌ကြောင်း မြန်‌မာနိုင်‌ငံဆိုင်‌ရာ လူ့အခွင့်‌အ‌ရေးကိုယ်‌စားလှယ်‌ မစ္စတာကင်‌တားနားက ‌ပြောလိုက်‌ပါတယ်‌။

လူ့အခွင့်‌အ‌ရေးချိုး‌ဖောက်‌မူ ဖြစ်‌‌တဲ့အတွက်‌ ‌ဒေါ်‌‌အောင်‌ဆန်းစုကြည်‌ကို ဖမ်း ဆီးတာဟာ ပြည်‌တွင်း‌ရေးသက်‌သက်‌သာ မဟုတ်‌ဘဲ နိုင်‌ငံတကာအ‌ရေးဖြစ်‌တယ်‌လို့လည်း မစ္စတာ ကင်‌တားနားက ဆိုပါတယ်‌။

ဒါ့အပြင်‌ ‌ ‌ဒေါ်‌‌အောင်‌ဆန်းစုကြည်‌မပါဘဲ ၂၀၁၀ ‌ရွေး‌ကောက်‌ပွဲ ကျင်း ပမယ်‌ဆိုရင်‌လည်း ဘယ်‌လိုမှ တရားမျှတတဲ့ ‌‌ ‌ရွေး‌ကောက်‌ပွဲ ဖြစ်‌လာမှာ မဟုတ်‌ဘူးလို့ ဆက်‌လက်‌ ‌ပြောကြားပါတယ်‌။

ဒေါ်‌‌အောင်‌ဆန်းစုကြည်‌လွတ်‌‌မြောက်‌‌ရေးကို အိမ်‌နီးချင်းနိုင်‌ငံ‌တွေ၊ ‌ဒေသတွင်းက အင်‌အားကြီးနိုင်‌ငံ‌တွေ၊ မြန်‌မာ့အ‌ရေး ကိစ္စမှာပါတဲ့ နိုင်‌ငံ‌တွေအားလုံး တက်‌တက်‌ကြွကြွ ‌ပြောဆိုလှုပ်‌ရှားကြဖို့ တိုက်‌တွန်း သွားပါတယ်‌။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP