ယနေ့အချိန်ထိဒေါ်အောင်ဆန်းစုကြည်အမူနှင့်ပက်သက်သမျှလူ့အခွင့်အရေးချိုးဖောက်မူကြီးနှင့်ပက်သက်၍လေ့လာတွေ့ရှိထားခြင်းကိုတင်ပြအပ်ပါသည်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းကို ၁၉၄၈ခုနှစ်ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံကြီးက အတည်ပြုပြဌာန်းခဲ့ပါသည်။
ထိုကြေငြာစာတမ်းကိုမြန်မာနိုင်ငံမှထောက်ခံခဲ့ပီး လေးစားလိုက်နာရန်တာဝန်ရှိပါသည်။
ယခုဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုထားခြင်းနှင့်ပက်သက်၍ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် (၉) အပိုဒ် (၁၀) အပိုဒ်(၁၁) (က)(ခ) ပါ အချက်အလက်များကို မြန်မာစစ်အစိုးရမှပြောင်ပြောင်တင်းတင်းဆန့်ကျင်ချိုးဖောက်လိုက်ခြင်းဖြစ်ပါသည်။အပိုဒ်(၉)မည်သူ့ကိုမှတရားလက်လွတ် အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ထိမ်းသိမ်းချုပ်နှောင်ထားခြင်း၊ သို့မဟုတ် တိုင်းပြည်မှနှင်ထုတ်ခြင်းမပြုလုပ်ရ (ရှင်းလင်းချက်) မည်သူ့ကိုမှမတရားဖမ်းဆီးခြင်းတိုင်းပြည်မှနှင်ထုတ်ခြင်းမပြုရ။
အပိုဒ်(၁၀)လူတစ်ယောက်၏အခွင့်အရေးနှင့် တာဝန်ဝတ္တရားများနှင့်ပက်သက်၍လည်းကောင်း စွဲချက်တင်လာသောပြစ်မူများနှင့်သော်လည်းကောင်း အဆုံးအဖြတ်ခံယူရာတွင် လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားစီရင်မူရုံးတော်တွင် လူအများတက်ရောက်ကြားနာနိုင်သော စစ်ဆေးမူမျိုးကို တူညီစွာခံစားပိုင်ခွင့်ရှိသည်။
(ရှင်းလင်းချက်)လူတိုင်းတရားမျှတ၍ လူအများကြားနာနိုင်သော တရားစီရင်မူကိုတူညီစွာခံစားပိုင်ခွင့်ရှိသည်။
အပိုဒ်(၁၁)(က) တရားဥပဒေချိုးဖောက်သည့်အမူဖြင့်တရားစွဲဆိုခြင်းခံရသူတိုင်းသည် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် လိုအပ်သောဆောင်ရွက်စရာများကိုဆောင်ရွက်နိုင်ခွင့်အပြည့်အ၀ရရှိပြီး လူအများရှေ့တွင် ဥပဒေအတိုင်း စစ်ဆေး၍ အပြစ်ကျုးလွန်သည်ဟု ထင်ရှားပြီး စီရင်ချက် အတိအကျမချမချင်း ထိုလူတွင် အပြစ်မရှိဟုခံယူပိုင်ခွင့်ရှိသည်။
အပိုဒ်(၁၁)(ခ)တစ်စုံတစ်ယောက်၏လုပ်ဆောင်ခဲ့သော အပြုအမူနှင့်စပ်လျဉ်း၍ ထိုအပြုအမူပြုလုပ်ခဲ့စဉ်အချိန်အခါက ထုတ်ပြန်ထားသော နိုင်ငံတော် သို့မဟုတ် နိုင်ငံတကာ ဆိုင်ရာ ဥပဒေအရ ငြိစွန်းသော ပြစ်မူတစ်ခုအဖြစ်ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ခဲ့
လျှင် ထိုသူအား အဆိုပါအပြုအမူအတွက် အပြစ်ရှိသည်ဟုမယူဆနိုင်။ ထို့အတူကျုးလွန်သောပြစ်မူအတွက် ပြစ်မူကျုးလွန်စဉ်အခါက ထိုက်သင့်သေနိုင်သောအပြစ်ဒဏ်ထက် ပိုမိုကြီးလေးသောအပြစ်ဒဏ်ပေးခြင်းမရှိစေရ။(ရှင်းလင်းချက်)လူတစ်ယောက်အပေါ်အပြစ်ရှိသည်ဟု ခိုင်လုံသောစီရင်ချက်မချမချင်း ထိုသူသည် အပြစ်မရှိဟုယူဆရမည်။
အထက်အပိုဒ် (၉) အရ ဒေါ်အောင်ဆန်းစုကြည်အား တရားလက်လွတ်အကြောင်းမဲ့ဖမ်းဆီးထိမ်းသိမ်းချုပ်နှောင်ထားသည်။အခြားသောနိင်ငံရေးအကျဉ်းသားများလဲအပါအ၀င်ဖြစ်သည်။
အထက်အပိုဒ်(၁၀)အရ ဒေါ်အောင်ဆန်းစုကြည်အား တရားစီရင်မူတွင်လွတ်လပ်၍ဘက်မလိုက်သော လူအများကြားနာနိုင်သည့်တရားစီရင်မူ အခွင့်အရေးမရရှိပါ။ အခြားသောနိုင်ငံရေးအကျဉ်းသားများလဲအပါအ၀င်ဖြစ်သည်။
အထက်အပိုဒ်(၁၁)(က)အရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ခုခံချေပပိုင်ခွင့်အပြည့်အ၀မရရှိခဲ့ပါ။ တင်သွင်းသောသက်သေများပယ်ချခံရပါသည်။ ရှေ့နေနှင့်တိုင်ပင်ရန်လုံလောက်သောအချိန်အခွင့်မရခဲ့ပါ။ အာမခံလဲမရခဲ့ပါ။
အထက်အပိုဒ်(၁၁)(ခ) အရ ဒေါ်အောင်ဆန်းစုကြည်အားတရားစီရင်နေသောအဖွဲ့အစည်းမှာ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားသော တရားရေးအဖွဲ့အစည်းမဖြစ်ပဲ စွဲဆိုသောအမူမှာ ၁၉၇၄ အခြေခံဥပဒေ မှပုဒ်မဖြင့် မတရားအမူစီရင်ခံနေရခြင်း ထိုမတရားစီရင်မူအဖွဲ့မှ မတရားသောအမိန့်ကို ချမှတ်ရန်ကြိုးစားအားထုတ်နေခြင်းကို မြန်မာပြည်တွင်းပြည်ပ မှ မြန်မာနိုင်ငံသားတိုင်း ၀ိုင်းဝန်းကာကွယ်နိုင်ရန်ကန့်ကွက်နိုင်ရန် တင်ပြအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် မြန်မာစစ်အစိုးရသည် ဥပဒေကိုလိုရာစွဲသုံးလက်တစ်လုံးခြားလုပ်ရပ်များဖြင့် နိုင်ငံတကာနှင့်ကုလသမဂ္ဂအဖွဲ့ကြီးကိုပါ အထူးသဖြင့် မြန်မာနိုင်ငံတော်သူနိုင်ငံသားများကို လိမ်လည်လှည့်ဖျားလျက်ရှိနေပါကြောင်းတင်ပြလိုက်ရပါသည်။