Sat 08 Aug 2009, IMNA
ဘုရားသုံးဆူမြို့အခြေစိုက် ခလရ (၃၂) မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခင်ဇော်နှင့် မြို့နယ်မယကတို့ ပူပေါင်းကာ စာသင်ကျောင်း ဆောက် ရန်အတွက် ဒေသခံများထံမှ ခြံမြေများသိမ်းယူသည့်ပြင် ငွေကြေးများ လည်း ကောက်ခံနေသည်။
ဘုရားသုံးဆူမြို့ ရပ်ကွက် (၃) တွင် မှုလတန်းကျောင်းတည် ဆောက်ရန် အတွက် ခြံမြေ ၂၅ ကွက်ကို သိမ်းယူပြီး၊ ကျောင်းဆောက်ရန်အတွက် မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များထံတွင် ငွေကြေး ကောက်ခံ လျက်ရှိသည်။
ယမန်နေ့က ကျောင်းအုတ်မြစ်ချပြီး ကျောင်းကိုစတင်တည်ဆောက် နေ ပြီးဖြစ်သည်။ ကျောင်း၏အကျယ်ဝန်းကို ၅ ဧကခန့်မှန်းထားသည်။
ဒုတိယဗိုလ်မှူးကြီးခင်ဇော်နှင့် မြို့နယ်မယကတို့က မြေကိုသိမ်းယူပြီး ကျောင်းဆောက်ရန်အတွက် ပြင်ဆင်ပြီးမှ မြေပိုင်ရှင်များကိုခေါ်ကာ အသိပေးခဲ့ကြောင်း မြေပိုင်ရှင်တွေက ပြောသည်။
“သူတို့က အားလုံးကို ပြင်ဆင်ပြီးမှ ကျွန်တော်တို့မြေကွက်မှာ ကျောင်း ဆောက်မယ်၊ ကျွန်တော်တို့ကလည်း မပေးနိုင်ဘူးလို့ မပြောရဲဘူး၊ ဒီလို လုပ်တာ သိပ်ပြီးမကျေနပ်ဘူး၊ ကျွန်တော်တစ်ယောက်ထဲမဟုတ်ဘူး ကျန်တဲ့ မြေပိုင်ရှင်တွေကလည်း မကျေနပ်လို့ ဘာမှမလုပ်နိုင်ဘူး” ဟု မြေပိုင်ရှင်တစ်ဦးက ပြောသည်။
ကျောင်းဆောက်မည့်နေရာ၏ မြေတစ်ကွက် အနိမ့်ဆုံးပေါက်ဈေးမှာ ထိုင်းဘတ်ငွေ ၂ သောင်းခန့်ရှိပြီး အမြင့်ဆုံးမှာ ဘတ်ငွေ ၅ သောင်း ခန့်ရှိသည်ဟု ၄င်းမြေပိုင်ရှင်က ဆက်ပြောသည်။
ကျောင်းဆောက်ရန်တွက်ဆိုပြီး ဒုတိယဗိုလ်မှူးကြီးခင်ဇော်နှင့် မြို့နယ်မယ ကတို့က ဘုရားသုံးဆူမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်ရှင်နှင့် ကုန်သည်တို့ထံမှာ အလှုငွေဟုဆကာ ငွေကြေးတောင်းခံနေပါသည်။ ထို့ပြင် ဘုရားသုံး ဆူမြို့ပေါ် လမ်းမတန်းတစ်လျောက်ရှိ အိမ်တွေမှာလည်း တစ်အိမ်လျင် ဘတ်ငွေ ၅ ထောင် ထည့်ရမည်ဟုဆိုကာ တောင်းခံနေသည်။
“ကျွန်တော်တို့ကို အစည်းဝေးခေါ်ပြီးတော့ ကျောင်းဆောက်ဖို့အတွက် အ လှုငွေထည့်ခိုင်းတယ်၊ စီးပွားရေးလုပ်ငန်ရှင်ဆိုရင် ဘတ် ၅ ထောင် ထည့် ရတယ်၊ ကုန်သည်တွေကိုတော့ သောင်းနဲ့ထည့်ဖိုပြောတယ်၊ ဟိုဒုတိယ ဗိုလ်မှူးကြီးခင်ဇော်က သူတစ်ယောက်ထဲ ဘတ်ငွေ ၃ သိန်းထည့်တယ်၊ အခုတော့ ကျောင်းဆောက်ဖို့ အတွက် ဘတ် ၄ သိန်း ရထားတယ်” ဟု ဘုရားသုံးဆူမြို့ပေါ်မှ စီးပွားရေးလုပ်ငန်ရှင်တစ်ဦးက ပြောသည်။
August 10, 2009
စာသင်ကျောင်းဆောက်ရန်အတွက် ခြံမြေလည်းသိမ်း ငွေကြေးလည်းကောက်ခံ
Labels:
သတင်း