August 10, 2009

ပါမောက္ခချူပ်မှ ဆရာ၊ ဆရာမများကို ကျောင်းသား/သူများအား စောင့်ကြည့်ရန် ညွှန်ကြား

Sat 08 Aug 2009, IMNA, အာသံ
(၈) လေးလုံးနေ့ရက်မှာ မော်လမြိုင်တက္ကသိုလ်ကျောင်းအတွင်း၌ နေပြည် တော်၏ညွှန်းကြားချက်အရ ပါချူပ်မှတဆင့် ဆရာ ဆရာမများက ကျောင်း သား/သူများ၏ သွားရေးလားရေးကိစ္စကို ကြည့်ရှုရန် ညွန်းကြားထားသည် ဟု သိရပါသည်။
ယခုလို ညွန်းကြားထားခြင်းသည် ၈ လေးလုံးနေ့တွင် ကျောင်းသားများ စု ဝေးမှာကြောက်၍ ယခုလို ညွန်းကြားထားသည်ဟု တက္ကသိုလ်ဆရာမအ သိုင်းဝိုင်းမှ ပြောသည်။ ၄င်းညွန်းကြားချက်သည် မွန်တက္ကသိုလ် ကျောင်း သား/ သူ များ ပျော်ပွဲစားထွက်ရာ နယ်မြေကျော်၍ အရှေ့တောင် တိုင်းမှ တဆင့် နေပြည်တော်မှ ညွန်းကြားထားခြင်းဖြစ်သည်။
မော်လမြိုင်တက္ကသိုလ်ကျောင်းမှ ဆရာမနှင့် နီးစပ်သူ တစ်ဦး၏အဆိုအရ “ပါချူပ်ရဲ့ ညွှန်းကြားချက်အရ ဆရာ/မတိုင်း ကျောင်းသား/သူများတွေကို စောင့်ကြည့်ခိုင်းတယ်။ နောက်ပြီး မွန်ဝတ်စုံနဲ့ စုလိုက်ပုံလိုက်သွားလာ နေတဲ့ ကျောင်းသားတွေကိုလည်း ရပ်တန့်သွားအောင် တားဆီးခိုင်းတယ်။ တကယ်လို့ ကျောင်းသားတွေက တစ်ခုခုဖြစ်ရင် ဆရာ/မတို့က တာဝန် ယူရမယ် ”ဟု ပြောသည်။

တက္ကသိုလ်အသိုင်းဝိုင်းအတွင်း စည်းကမ်းတွေတင်းကျပ်နေယုံသာမက မုဒုံမြို့နယ်တွင် ကျေးရွားဥက္ကဋ္ဌကိုခေါ်ကာ မြို့နှင့်ကျေးရွာလုံခြုံးရေးအတွက် စစ်တပ်က အစည်းဝေးခေါ်ခဲ့ကြောင်း သိရပါသည်။
ထိုနည်းအတူ ယနေ့နံနက်မှာ မော်လမြိုင်နည်းပညာတက္ကသိုလ်ကျောင်းရှေ့ဂိတ်နှင့် သံဖြူဇရပ်မြို့ လမ်း တလျှောက်တွင် မြန်မာအစိုးရမှ ရဲများပိုမိုအစောင့်ချထားသည်ကို သိရပါ သည်။ ယနေ့တွင် ခါတိုင်းနှင့် မတူ ထူးခြားတာက လိုင်းပြေး ဆွဲနေသော မထသ ကားမကျန် စစ်ဆေးနေသည်ဟု ခရီးသည် တစ်ဦးက ပြောပြသည်။
“မော်လမြိုင်မှ မုဒုံသွားတဲ့ ခရီသည်ပါမကျန် ဂိတ်ရောက်ရင် မှတ်ပုံတင်ပြ ခိုင်းတယ်၊ မှတ်ပုံတင်မပြနိုင်တဲ့ သူတွေက ရဲက မေးနေရောပဲ၊ ဘယ်က နေလာလဲ ဘယ်မှာနေလဲ။ တကယ်လို့ ရေးမှ မော်လမြိုင်သို့ တက်လာ တဲ့ကားဆို ဂိတ်မှာ ပိုပြီးစစ်ဆေးခံရတယ်” ဟု ၄င်းက ဆက်ပြောသည်။
(၈) လေးလုံးနှင့်ပတ်သက်သော အဖြစ်ဆိုးတွေကို ပပျောက်သွားအောင် မော်လမြိုင်တက္ကသိုလ်ရှိ ကျောင်းသား/သူများက ဘုရားစေတီတော်ထံ ပန်းကပ်လှူဒါန်းခဲ့သည်ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးက ပြောသည်။
“ကျနော်တို့က ဒီနေ့ရက်လိုမျိုး နှစ်တိုင်းနှစ်တိုင်း ဘုရားမှာ ပန်းကပ်လေ့ရှိ တယ်။ ဒါပေမယ့် ဒီနှစ်တော့ သိပ်မလွတ်လပ်ဘူး၊ အစိုးရက ကျောင်းသား တွေ အုပ်စုလိုက်သွားပြီး စုဝေးနေရင် ဆူပူမှာဆိုးလို့်” ဟု ၄င်းက ဆက် ပြောသည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP