စစ်ဖြစ်နေတဲ့ဒေသတွေက ကလေးတွေနဲ့ ပတ်သက်ပြီး လက်နက်ကိုင် ပဋိပက္ခနဲ့ ကလေးသူငယ်များ ဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ ယူနီဆက် ကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးတွဲပြီး ၁၀ နှစ်တာ စောင့်ကြည့်လေ့လာမှု အစီရင်ခံစာတစောင်ကို ဇွန်လ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ကလေးစစ်သား ပပျောက်ရေးကိစ္စများကို မြန်မာစစ်အစိုးရနှင့် ဆွေးနွေးရန် ကလေးများနှင့် လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မီးစ် ရာချစ်ကာ ကူမားရား ဆွာမိ (ဝဲ) သည် ၂၀၀၇ ခုနှစ်၊ ဇွန်လ၊ ၂၇ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်သို့ သွားရောက်၍ ထိုအချိန်က ယာယီဝန်ကြီးချုပ် (ယခုဝန်ကြီးချုပ်) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် (ယာ)နှင့် တွေ့ဆုံစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။
အဲဒီအပြင် ဒုက္ခနဲ့ ရင်ဆိုင်နေရတဲ့ ကလေးတွေကို အကာအကွယ်ပေးရေး လုပ်ငန်းတွေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂအဖွဲ့တွေနဲ့ အစိုးရအသီးသီးကို တိုက်တွန်း ဆော်သြလိုက်ပါတယ်။ ဒီအစီရင်ခံစာမှာ စစ်ပွဲတွေက ကလေးတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေတယ်လို့ ရေးသားထားပါတယ်။ အဲဒါတွေကတော့ ကျန်းမာရေးနဲ့ပညာရေး၊ အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ရရှိရေး၊ မိသားစု ပြန်လည်ပေါင်းစည်းရေး၊ စသဖြင့်ဖော်ပြထားပါတယ်။
တကမႝာလုံးနဲ့ခြုံကြည့်မယ်ဆိုရင်စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ ပျမ်းမျှအားဖြင့် ကလေးပေါင်း သန်း ၁ ထောင်ကျော်ဟာ စစ်ပွဲတွေရဲ့ ရိုက်ခတ်မှုကို ခံနေရကြောင်း ဒါဟာ လက်ရှိ ကမႝာ့လူဦးရေရဲ့ ၆ ပုံ ၁ ပုံဖြစ်ကြောင်း ထောက်ပြထားပါတယ်။
အဲဒီစစ်ဖြစ်လို့ ကလေးတွေ ဒုက္ခရောက်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူအခွင့်အရေးအဖွဲ့တွေရဲ့ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံ စစ်ဖြစ်ရာဒေသက ကလေးတွေမှာ အသက် ၅ နှစ်အောက် ကလေးတွေဟာ ၅ ယောက် ၁ ယောက်နှုန်း သေဆုံးတာ တွေ့နေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကလေးအခွင့်အရေး မြှင့်တင်မှုဆိုင်ရာ ညွန်ကြားရေးမှူး ဂျိုဘက်ကာကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က ကလေးတွေကို အဓမ္မစုဆောင်းနေရုံသာမကပဲ ကလေးတွေကို လမ်းမတွေမှာ ဖမ်းခေါ်သွားပြီး စစ်သားစုဆောင်းရေးကို ပို့ရင် ငွေကြေးရနေတဲ့အတွက် ငွေရှာတဲ့အနေနဲ့လည်း ကလေးတွေကို အသုံးချကြတာ တွေ့ရတယ်လို့ ပြောပါတယ်။
အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပါဝင်တဲ့ ယူနီဆက်အဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး အန်းဗီနီမန်းက စစ်ပွဲတွေကြောင့် ကလေးဘဝ ပျောက်သွားရတဲ့ ကလေးတွေအနေနဲ့ အနာဂတ်တော့ မပျောက်သင့်ဘူးလို့ ဆိုပါတယ်။
လက်နက်ကိုင် ပဋိပက္ခနဲ့ ကလေးသူငယ်များ ဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ရာဒီခါက ကလေးတွေအတွက် နိုင်ငံတကာအဆင့်မီ ကူညီစောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့ ၊ ကလေးတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတာတွေ ရပ်ဖို့ဆိုတာတွေအတွက် လိုအပ်ချက်တွေ အမြောက်အမြား ရှိနေသေးတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ မကြာသေးခင်က ပြောဆိုထားပါတယ်။
August 26, 2009
လက်နက်ကိုင်ပဋိပက္ခဒေသမှ ခလေးများ ကူညီရေး ကုလသမဂ္ဂအစီရင်ခံစာ
Labels:
ကလေးအခွင့်အရေးသတင်း