မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုအမြန်ဆုံး
ပြန်လွတ်ပေးဖို့စစ်အစိုးရကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကတောင်းဆိုလိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ရှိကြောင်း
ချမှတ်လိုက်တဲ့ တရားရုံးစီရင်ချက်နဲ့ ဒီစီရင်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးသက်ရောက်မှုတွေကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကအလေးအနက် စိုးရိမ်ကြောင်းဒီကနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကတညီတညွတ်ထဲ ထောက်ခံအတည်ပြုထားတဲ့
ဒီကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွနိုင်ငံရေး ပါတီတွေလူမျိုးစု အဖွဲ့အစည်းတွေနဲ့အတူ
စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့ စစ်အစိုးရကို တိုက်တွန်းထားပါတယ်။
ဒီကြေညာချက်ကိုလုံခြုံရေးကောင်စီရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဌ ဗြိတိသျှသံအမတ် John Sawers က
သတင်းထောက်တွေကို ဖတ်ပြ၊ခဲ့ပီး နအဖအစိုးရကို အမြဲတမ်းအကာအကွယ်ပေးနေတဲ့
လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် တရုတ်နဲ့ရုရှားတို့ရဲ့ သဘောတူညီချက်ရအောင်ရေးထားတဲ့ လုံခြုံရေးကောင်စီရဲ့ ဒီကြေငြာချက်ဟာ ထင်ထားသလောက်ပြင်းထန်မူမရှိတာကိုတွေ့ရပါတယ်။
August 14, 2009
Security Council Statement on Myanmar
Labels:
စာအုပ်များရယူရန်,
သတင်း