လမင်း။ ၃၊ ၉၊ ၂၀၁၀
ဒီသတင်းကိုကျနော်တို့ကြားနေတာတော့ ၃ ရက်လောက်ရှိပြီ။ မနေ့ညနေကတည်းက စက်ရုံတွေ အကုန်လုံးက သူဌေးတွေက သူတို့အလုပ်သမားတွေကို တချို့က မောင်းထုတ်တယ်၊ တချို့က လုံခြုံမည်လို့ထင်တဲ့နေရာတွေမှာ ရှောင်ခိုင်းတယ်၊၊ အလုပ်ရှင်တွေက သူတို့ အလုပ်သမားတွေအပေါ်ဘာတာဝန်ယူမှု မှမပေးဘဲ အဆင်ပြေတဲ့ နေရာမှာ သွားနေကြလို့ ပြောတဲ့စကားက တော်တော်လေးကို လူမဆန်ရာကျတယ်၊ တာဝန်မဲ့ရာကျတယ်၊
အဲဒါကြောင့်အလုပ်သမားတွေကလည်း သူတို့မှာ နီးစပ်ရာ အိမ်တွေ။ နီးစပ်ရာ အလုပ်သမားရုံးတွေ မှာ သွားနေကြတယ်၊၊ ဘာအသိအကျွမ်းမှမရှိတဲ့သူတွေကျတော့ တောင်ယာတွေ။ လယ်တော တွေ။ ကြံခင်းတွေ။ ပြောင်းခင်းတွေမှာ သွားပုန်းနေကြတယ်၊
ဒီနေ့မနက် ၁၀ နာရီလောက်က ဖါးဒင်းဘုန်းကြီးကျောင်းမှာ လာပြီး ပုန်းနေတဲ့ အလုပ်သမား ၂၅၀ လောက်ကို ဖမ်းသွားတယ်၊၊ အဲဒီ့အလုပ်သမားတွေဟာ ဘွန်းချိုင်း စက်ရုံ နှင့် ကာဖီဘန်းစက်ရုံ မှ အလုပ်သမားတွေ ဖြစ်ကြ ပါတယ်။ သူတို့ကို သူတို့ရဲ့ သူဌေးတွေက မနေ့ညကတည်းက လာပြီး အဲဒီ့ ကျောင်းမှာလာပြီ်းထားပစ်ခဲ့တာ၊၊
ရွာလူကြီးတွေကိုလည်း ဘာမှပြောမသွားကြဘူး၊၊ အဲဒါကြောင့် ရွာလူကြီးတွေက ဒေါသထွက်ကာ ပုလိပ်ကို လှမ်းတိုင်လိုက်လို့ ခုလို လာဖမ်းတာ၊၊ ပြည်သူစစ်တွေ။ ပုလိပ်တွေ ရပ်ကွက် လူကြီးတွေ၊ တောမောတွေ စုစုပေါင်း အယောက် ၁၀၀ လောက်တောင် လာဖမ်းတာလို့ အဲဒီ့ရွာမှာ အလုပ် လုပ်နေတဲ့ ရွေပြောင်း အလုပ်သမား တစ်ယောက်က ပြောပါတယ်၊၊
ဒီနေ့ နေ့လည် ၃ နာရီလောက်ကလည်း ကာဖီဘန်းရွာ ရန်ကုန်စက်ရုံမှ ဈေးရောင်းတဲ့သူတွေနှင့် တန်းလျားက လက်မှတ်မရှိတဲ့သူတွေ ၇၀ နီးပါးလောက် ဖမ်းသွားပါတယ်၊၊ ဈေးသည်မိသားစု တစ်စုကိုဆို သူတို့ဆိုင်မှာ အလုပ်သမားတွေ ပုန်းနေတယ် ဆိုကာ ဆိုင်ပိုင်ရှင်ကို နံပတ် တုတ်တွေနဲ့ ရိုက်နှက်ပြီး ဖမ်းသွားတယ် လို့ အဖမ်းမခံရဘဲ လွတ်မြောက်လာတဲ့ မ၀တုတ်က ပြောတယ်၊၊
၎င်းနှင့်ပတ်သက်ပြီး အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက ခုထိုင်းနိုင်ငံအစိုးရက တက်ခရိုင်ဒေသမှာ လူ့အခွင့် အရေး ချိုးဖေါက်မှုတွေ များလို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို လွတ်ပြီး စုံစမ်း ခိုင်းထားတယ်၊ အဲဒါကြောင့် ဖမ်းတာ ထင်တယ်ဟု သူက ပြောတယ်၊၊
September 03, 2010
မဲဆောက်မြို့မှ အလုပ်သမားများကို ထိုင်းအာဏာပိုင်များဖမ်းဆီးမှု
Labels:
အလုပ်သမားများသတင်း