September 06, 2010

ပဲခူးမြို့တွင်အရက်မူးနေသောစစ်သားများနှင့်ရန်ဖြစ်ပြီး သေနတ်ဖြင့်အချက်ပေါင်းများစွာပစ်ခတ်၍ လူငယ်(၂)ဦးသေဆုံး

သေဆုံးသွားသော အောင်သူဟိန်း ၏ ဓါတ်ပုံ


သေဆုံးသွားသော စိုးပိုင်ဇော် ၏ ဓါတ်ပုံ


ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း မြလမ်း တွင်နေထိုင်သူ လူငယ်(၂)ဦးဖြစ်သော အောင်သူဟိန်းနှင့် စိုးပိုင်ဇော်တို့ဂီတာတီးနေစဉ်အရက်သောက်ပြီးမူးယစ်နေသောခမရ(၁၀၁)၊ခလရ(၅၉)တပ်မှအရာရှိနှင့်စစ်သား များနှင့် ရန်ဖြစ်ကြပြီးနောက်စစ်သားများတပ်စခန်းသို့ပြန်သွားခဲ့ကြပါသည်။ထို့နောက်ပြန်လာပြီးစစ်သား(၁၀) ယောက်မှ သေနတ်ဖြင့်မြလမ်းထိပ်တွင်ပစ်ခတ်ရာသေနတ်ဒဏ်ရာဖြင့်အောင်သူဟိန်းက၆ချက်ထိစိုးပိုင်ဇော်က ၄ချက်ထိပြီး နေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်းသတင်းရရှိပါသည်။
ထိုသို့ပစ်ခတ်ပြီးသွားတဲ့နောက်မှာ စစ်သားမှ ရပ်ကွက်ရှိပြည်သူများသို့ " ကြိုက်တဲ့အကောင်စမ်းချင်ရာစမ်း မင်းတို့ အကောင်တွေ သေချင်းဆိုးနဲ့ သေလိမ့်မယ်"လို့ အော်ဟစ်ကြိမ်းမောင်းသွားကြောင်း မျက်မြင်သက်သေများက ပြောဆိုကြပါတယ်။

သေဆုံးသွားသောသူများ၏ မိဘများကရင်ခွဲရုံတွင် မိမိတို့သားများ၏ရုပ်အလောင်းကို အိမ်သို့ ပြန်လည် ယူဆောင်ရန် တောင်းဆိုခဲ့ခြင်းကို အာဏာပိုင်များက တားမြစ်နေကြောင်းသိရှိရပါသည်။ နအဖက အမှုကို ကြေအေးဖို့ လုပ်နေတယ်လို့လည်း ပဲခူးမြို့ခံတွေက ပြောပါတယ်၊ နအဖကလဲ သူတို့ လူကိုလည်း ထိန်းသိမ်ထားပါတယ် အမှုမဖွင့်ဖို့ ဖိအားပေးနေပါတယ်လို့ ပဲခူးမြို့ခံ တွေက ပြောဆိုနေကြပါသည်.။

videoဖိုင်နှင့် သတင်းပေးပို့သော ဦးအေးမြင့် (လမ်းပြကြယ်)နှင့် ကိုဒေါင်းမာန်ဟုန် အား ကျေးဇူးတင်ရှိပါသည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP