February 28, 2011

ကလေးအငှား အတင်းမွေးခိုင်းခြင်း

ဗီယက်နမ်အမျိုးသမီး (၁၃) ဦး ကို ကိုယ်ဝန်ဆောင်ခိုင်းပြီးရလာသည့် ကလေးတွေကို ထိုင်ဝမ်သို့ရောင်းစားသည့် ဂိုဏ်းတဖွဲ့ကို
ဘန်ကောက်မြို့မှာဖမ်းဆီးခဲ့ရသည့်အကြောင်း ဒီကနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။ ထိုင်ဝမ်နိုင်ငံသားတစ်ဦးဟာ ကုမဏီဖွင့်ပြီး ဗီယက်နမ်အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်ခိုင်းပါတယ် ဗီယက်နမ်အမျိုးသမီး (၉) ဦးက ငွေလက်ခံပြီးသဘောတူပေမယ့် ကျန် (၄) ဦးက သဘောမတူတဲ့အတွက် အင်တာနက်နဲ့ လက်ကိုင်ဖုန်းကနေ ဗီယက်နမ်သံရုံးကို အကြောင်းကြားရာက အခုလိုဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ် ဂိုဏ်းခေါင်းဆောင်ထိုင်ဝမ်သားက ပြည်ပကိုသွားလို့ ဖမ်းမမိသေးလို့ ဘန်ကောက်မြို့ လူဝင်ကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးဌာနက ဘီဘီစီကိုပြောသွားပါတယ် လောလောဆယ်တော့တရားခံအဖြစ် ၈ ဦးဖမ်းထားတဲ့အထဲမှာ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံသား (၅) ဦး နဲ့ မြန်မာနိုင်ငံသား (၃) ဦး ကိုဖမ်းဆီးရမိခဲ့ပါတယ်။

တရုတ်နဲ့ထိုင်ဝမ်ကိုတော့ လူကုန်ကူးမှု လှောင်ပိတ်ထားမှုတွေနဲ့ တရားစွဲဆိုမှာဖြစ်ပါတယ်။ ပြစ်ဒဏ်ထောင်ဒဏ် (၁၀) နှစ် အထိချနိုင်တဲ့အမှုဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသား (၃) ဦး အိမ်အလုပ်သမားတွေဖြစ်လို့ လူဝင်မှုကြီးကြပ်ရေးအမှုနဲ့ပဲ အရေးယူမှာဖြစ်ပြီး နယ်စပ်ပြန်ပို့မှာဖြစ်တယ်လို့ ရဲမှူးကြီးကပြောပါတယ်။

နောက်ဖမ်းဆီးမှုက ဘန်ကောက်မြို့ တောင်ဘက် စမွန်စခေါင်န်းမြို့မှာ မြန်မာအလုပ်သမား (၅၀) ကိုလှောင်ပိတ်ပြီး ထိုင်းတောင်ပိုင်းက ရာဘာခြံတွေကို ပို့မည့်ဂိုဏ်းတခုကိုလည်း လူဝင်မှုကြီးကြပ်ရေးရဲကဖမ်းဆီးလိုက်ပါတယ်။ ထိုင်းနိုင်ငံသား ၃ ဦး က မြန်မာအလုပ်သမားတွေကို နယ်စပ်ကနေခိုးသွင်းလာပြီး စမွတ်စခေါန်မြို့မှာလှောင်ပိတ်ထားတာကိုစုံစမ်းဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
မြန်မာအလုပ်သမား (၅၀) ကို သေနတ်နှင့်ခြိမ်းခြောက်ပြီးအိမ်တလုံးမှာ လှောင်ပိတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသား ၃ ဦးကို တရားဝင်နိုင်ငံခြားသားလက်ခံထားမှု ။ လှောင်ပိတ်ခြိမ်းခြောက်ထားမှုတွေနဲ့ အရေးယူမှာဖြစ်လို့ အမြင့်ဆုံးထောင်ဒဏ် (၄) နှစ် အထိ ချနိုင်တယ်လို့ မှုခင်းအရာရှိကပြောပါတယ်။

25 ဖေဖေါ်ဝါရီ 2011

ထိုင်း(၃) ယောက်ကို လူမှောင်ခိုမှုနဲ့ တရားမစွဲတာ အံ့အားသင့်စရာကောင်းပါတယ်... အခုအမှုကို စွဲထားတာတွေက အပြစ်ဒဏ်ပေါ့ပေါ့လေးတွေဘဲ ဖြစ်ပါတယ်.. လူ (၅၀) ကို လူမှောင်ခိုသယ်ပြီး လှောင်ထားတာကို (၄) နှစ်လောက်ဘဲ ချတာမဖြစ်သင့်ပါဘူး...
comment of U Aung Myo Min

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP